တစ်ခါတစ်လေ ယောကျာ်းလေး သူငယ်ချင်းတွေစုပြီး Night Out ထွက်ရတာ အရမ်းကို ပျော်စရာကောင်းပါတယ်။ ဘယ်သွားမယ် ၊ ဘာလုပ်မယ်ဆိုတာကို အများကြီး တိုင်ပင်စရာမလိုတာကတော့ ယောကျာ်းလေးတွေရဲ့ အားသာချက်တစ်ခုလို့ ပြောရမှာပါ။ ကဲဒါဆို ကိုယ့် ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး Night Out ဖြတ်သန်းနိုင်မယ့် အမိုက်စား အိုင်ဒီယာ လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဘားထိုင်မယ်

Photo : Upcoming

ဘော်ဒါတွေ ဆုံရင် အမြဲရောက်ဖြစ်တဲ့ နေရာတစ်ခု တစ်နည်းအားဖြင့် ဘော်ဒါတွေရဲ့ ဆုံမှတ်နေရာလေးကတော့ ဘားတွေပါပဲ။ ဘားမှာ သောက်ကြစားကြ ၊ စကားတွေပြောကြနဲ့ ဆိုင်ရဲ့ အမိုက်စား Unplugged  ဖျော်ဖြေမှုအစီအစဉ်တွေ နားဆင်ရင်း Relax လုပ်လို့ရပါတယ်။ ညဉ့်နက်တဲ့အထိ ဘော်ဒါတွေနဲ့ အတူတူ ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဘားထိုင်တာက အကောင်းဆုံးပါပဲ။

(၂) ကလပ်သွားမယ်

Photo : Wikivoyage

မြူးမြူးကြွကြွ သီချင်းသံစဉ်တွေနဲ့ ကခုန်ရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အနေနဲ့ကတော့ တစ်ညလုံး အမုန်းကဲလို့ရမယ့် ကလပ်တွေကို သွားနိုင်ပါတယ်။ ဘားကနေတဆင့် ကလပ်ကို ဆက် Join မလား ၊ ဒါမှမဟုတ် သီးသန့် ကလပ်ကိုပဲ သွားမလား ကွီးတို့ စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။  ဘော်ဒါတွေ သောက်လိုက်ကလိုက် တစ်ညလုံးလွင့်ချင်ရင်တော့ ကလပ်သွားဖို့ အကြံပြုချင်ပါတယ်။

(၃) ဟိုတယ်အခန်းငှားမယ်

Photo : EdOdyssey

ဆူဆူညံညံနေရာတွေလည်း မကြိုက်ဘူး ၊ လွတ်လွတ်လပ်လပ်နဲ့ သီးသီးသန့်သန့်လေး Chill ချင်တယ်ဆိုရင်တော့ ဟိုတယ်အငှားပြီး အေးဆေး Chill လို့ရပါတယ်။ ဟိုတယ်ခန်းထဲမှာပဲ ဘော်ဒါတွေနဲ့ သောက်ရင်းစားရင်း ဂစ်တာတီးတာ ၊ Card ဂိမ်းတွေ ကစားတာ ၊ ဘောလုံးပွဲကြည့်တာ စတဲ့ နည်းလမ်းလေးတွေနဲ့ တစ်ညလုံး အေးအေးဆေးဆေး သီးသီးသန့်သန့် အနားယူအပန်းဖြေလို့ ရပါတယ်။

(၄) ခရီးသွားမယ်

Photo : iMOM.com

ဘော်ဒါတွေနဲ့ ညဘက် ခရီးသွားရတဲ့ အရသာက ဘာနဲ့မှ လဲလို့မရပါဘူး။ တစ်ညလုံး ကားပေါ်မှာ ပျော်ပျော်ပါးပါး ဂိမ်းတွေ ကစားကြ ၊ သီချင်းတွေဆိုကြရင်း ခရီးထွက်ရတာဟာ တကယ့်ကို ပျော်စရာကောင်းပါတယ်။  နီးနီးနားနား ကမ်းခြေတွေဆီကိုပဲ ခရီးထွက်မလား ၊ တောင်တန်းတွေနဲ့ ရှုခင်းတွေလှတဲ့ တောင်ပေါ်မြို့လေးတွေဆီပဲ ခြေဆန့်မလား ကွီးတို့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

Featured Photo : IDN Times