အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ Kwee ချန်နယ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ ဒီတစ်ခေါက် မှာတော့ ရန်ကုန်မြို့တွင်းမှာပဲ အညာဒေသ ကျေးလက်ရနံ့တွေ လွှမ်းခြုံနေတဲ့ အမိုက်စားဆိုင်လေး တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ တာမွေမြို့နယ် ၊ တာမွေဗလီမှတ်တိုင်အနီး ၊ ရွှေဗဟိုဆေးရုံဝန်း အတွင်း ၊ Orange Supermarket နဲ့ဘေးကပ်လျက်မှာရှိတဲ့ ပခန်း ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ဗျ။

Pakhan_Outside

ပခန်းဆိုတဲ့ ဆိုင်နာမည်လေးကြားလိုက်ရုံနဲ့ လက်တဖက်က ယမကာပုလင်းကိုင် ၊ တစ်ဖက်က ကြက်ကြော်ကိုင် ပြီး မြူးမြူးကြွကြွ ကခုန်နေတဲ့ ပခန်းကိုကြီးကျော်ကို ပြေးမြင်ပြီး သောက်ချင်စိတ်တွေကတော့ တကယ်ကို တဖွား ဖွားပေါ်လာစေတာတော့ အမှန်ပဲဗျ။ ကဲဒါဆို ကိုကြီးကျော်လို သောက်ပျော်ကြီးတွေအတွက် ဒီဆိုင်လေးမှာ ဘယ် လို ထူးခြားတဲ့ သောက်စရာတွေ ၊ အညာဒေသ ကျေးလက်အရသာ အစားအသောက်ကောင်းတွေနဲ့ ဘယ်လိုမျိုး အမိုက်စား အပြင်အဆင်တွေ ရှိမလဲဆိုတာ ကျွန်‌တော်တို့အတူတူ ကြည့်လိုက်ရအောင်ဗျာ။

ပထမဆုံး ဒီဆိုင်လေးထဲကို ဝင်လိုက်တာနဲ့ အညာဒေသကျေးလက် အငွေ့အသက်တွေရဲ့ နွေးထွေးပျူငှာတဲ့ ဆီး ကြိုမှုကို လှိုင်လှိုင်ကြီး ခံစားမိတယ်။ တစ်ဆိုင်လုံးက အနက်ရောင် Theme လေးချယ်မှုန်းထားပြီး နံရံနက်နက် တွေပေါ်က အညာဓလေ့ ထန်းတောသရုပ်ဖော် ကာတွန်းဖြူဖြူလေးတွေက တကယ့်ကိုပဲ မြန်မာပြည် အထက် ပိုင်းဒေသကို ရောက်သွားသလို ခံစားရစေတဲ့ Vibe မျိုးပေးတယ်။ ဆိုင်က နည်းနည်းလေး အမှောင်ဘက်ကိုသွား ပေမယ့် ရောင်စုံမီးလေးတွေ ထွန်းပေးထားတာဆိုတော့ မြန်မာအငွေ့အသက်နဲ့ ခေတ်ပေါ် Bar စတိုင် ၂ ခုကို အတွဲအစပ်ညီညီ ပေါင်းစပ်ပေးထားတဲ့ ပုံစံလေး။

ဆိုင်ရဲ့ အတွင်းဘက် အကျယ်အဝန်းက အရမ်းကြီးမကျယ်ပေမယ့်လို့ ကျဉ်းလည်းမကျဉ်းပဲ အတော်အသင့် ကျယ် ကျယ်ဝန်းဝန်းနဲ့ ဆိတ်ငြိမ်အေးချမ်းမှု အပြည့်ရှိတယ်။ ပြောရရင်က Indoor မှာထိုင်ရပေမယ့် ဆိုင်ရဲ့ Decoration အပြင်အဆင်နဲ့ ပတ်ဝန်းရဲ့ဆိတ်ငြိမ်မှုက ထန်းတောထဲမှာ အေးအေးဆေးဆေး ၊ သက်တောင့်သက်သာ ထိုင်နေရ သယောင်ကို ခံစားရစေတယ်။

ဒီဆိုင်လေးက အပြင်အဆင်နဲ့ Decoration ပိုင်းမှာပဲ မြန်မာဆန်ပြီး အညာဓလေ့ကို ပုံဖော်ထားတာမျိုး မဟုတ် ဘူး။ အစားအသောက် Menu တွေကအစ လုံးဝ မြန်မာမှုပြုထားတဲ့ အညာဒေသထွက် အစားအသောက်တွေကို သေချာလေး ပြင်ဆင်ပေးထားတာတွေ့ရတယ်။ ဒီဆိုင်ရဲ့ အစားအသောက် Menu တွေထဲမှာဆိုရင် အထူးခြား ဆုံးက ပခန်း ကိုကြီးကျော် သိပ်ကြိုက်တဲ့ အညာဒေသထွက် ထန်းရည်စစ်စစ် နဲ့ ကြက်ကြော်ကို ရာသီအလိုက် ရနိုင်တာပဲ ဖြစ်ပါတယ်ဗျ။

ရန်ကုန်မြို့ထဲမှာ ဒီလို ပင်ကျထန်းရည် ချိုချိုမွှေးလေး ရနိုင်တဲ့ဆိုင်ဆိုတာ တော်ရုံမရှိဘူးလို့ ပြောလို့ရတယ်။ ပိုပြီး ထူးခြားတာက ဘီယာနဲ့ထန်းရည်ကို ပေါင်းစပ်ထားတဲ့ ဘီထန်းဆိုတဲ့ ဆန်းဆန်းပြားပြား သောက်စရာ Drink လေး ကလည်း ပခန်းဆိုင်မှာပဲ ရနိုင်တဲ့ အထူးခြားဆုံး Signature Menu တွေထဲက တစ်ခုပါပဲ။ စားစရာ Food Menu တွေထဲမှာဆိုရင်လည်း ထန်းရည်နဲ့ လိုက်ဖက်တဲ့ လယ်ကြွက်ကင်ကြော်၊ ငုံးကြော် ၊ ကြက်ကြော် ၊ ဖားခြောက်စပ် ၊ ငါးရှည့်ချောက်စပ် စတဲ့ ရှားပါး အမြည်းတွေ အစုံအလင် ရတယ်။ နောက်ပြီး အသုပ်တွေထဲမှာဆိုရင် အညာ ဒေသ အရသာစစ်စစ် ပခန်းတော လက်ဖက်သုပ် ၊ ကတက်ချဉ်သုပ် ၊ သီးရွက်စုံသုပ်နဲ့ တခြား ထိုင်းစတိုင် အသုပ်တွေ လည်း အစုံရတယ်။

သောက်စရာတွေထဲမှာတော့ ရာသီအလိုက်ရနိုင်တဲ့ ပင်ကျထန်းရည်စစ်စစ်အပြင် ပခန်းရဲ့ အထူးခြားဆုံး Signatur es Cocktail တွေ ၊ International Cocktail တွေနဲ့ ဘီယာ ၊ ဝီစကီ ရွေးချယ်စရာ Drinks တွေ အစုံအလင်ရှိတော့ သောက်ပျော် အဆွေတော်တို့အကြိုက် ကွက်တိပဲပေါ့။ ဒါတင်မကသေးပါဘူး အပတ်စဉ် ဗုဒ္ဓဟူးနေ့ ကနေ တနင်္ဂ နွေနေ့အထိ အရမ်းမိုက် တဲ့ Music Band တွေရဲ့ ဖျော်ဖြေမှု အစီအစဉ်လေးတွေကို နားဆင်ခံစားရင်း လွင့်မြောလို့ ရသေးတယ်ဗျာ။

ကဲဆိုင်အကြောင်းလည်း ညွှန်းတာစုံသွားပြီဆိုတော့ ပခန်းဆိုင်ရဲ့ အရသာအရှိဆုံးနဲ့ လူကြိုက်အများဆုံး Signature Menu တွေကို ကျွန်တော်တို့အတူတူ မြည်းစမ်းကြည့်လိုက်ရအောင်ဗျာ။

Pakhan_FriedMouseဦးဆုံးမြည်းကြည့်မှာတော့ လယ်ကြွက်ကင်ကြော်လေးပဲဗျ။အသုံးပြုထားတဲ့ လယ်ကြွက်လေးတွေက နယ်ကနေတကူးတကမှာယူထားလို့သန့်ရှင်းလတ်ဆတ်ပြီး ငရုတ်ပွအနံ့သင်းသင်းလေးနဲ့ပေါင်းစပ်လိုက်တဲ့အခါ စားချင်စိတ်ကို ထိန်းမရအောင် ဖြစ်စေတယ်။ လယ်ကြွက်ရဲ့ ကြွပ်ရွမှုနဲ့ ချိုမြမှု တစ်ခါတည်းခံစားရစေမယ့် ပခန်းရဲ့ ပင်ကျထန်းရည်လေးနဲ့တွဲဖက်မြည်းဖို့ သင့်တော်တဲ့ ဟင်းလေးတစ်ခွက်ပါပဲ။

Pakhan_FriedFrog

ဒီဖားကျော်ဆံကွေးကြော်လေးကတော့ ထန်းရည်ကြိုက်တဲ့ကွီးတို့အတွက် မဖြစ်မနေ မှာယူသင့်တဲ့ အမြည်းလေးပဲဗျ။ ဖားကြော်လေးကို တကြွပ်ကြွပ်ဝါးရင်း ပင်ကျထန်းရည်လေးနဲ့ အတူ စီးမျောခံစားလိုက်တဲ့အခါ ထန်းတောထဲမှာ ဇိမ်ယူနေရသလို ဖီလင်အပြည့်ကို ခံစားရပါစေတယ်။

Pakhan_ChickenPopcorn

ဒီဟင်းပွဲလေးက ကြက်သားလုံးပေါက်ပေါက် လို့ခေါ်တယ်။ အပေါ်ကကြွပ်ကြွပ်ရွရွနဲ့ အထဲ ကြက်သားအတုံးအချိုအရသာလေးက စားပြီးရင်းစားချင် ဖြစ်လာစေတဲ့ အမြည်းလေးပဲဗျ။

Pakhan_FishwithChillies

ဒါကတော့ ကွီးတို့အကြိုက် ငါးရှဥ့်ခြောက်စပ်လေး။ ပခန်းရဲ့ဟင်းပွဲတော်တော်များကအမြင်ကြည့်လို့လှသလို အရသာကလည်းတကယ်ကောင်းတယ်။ ထန်းရည်နဲ့လိုက်ဖက်အောင် ကြွပ်ကြွပ်ရွရွနဲ့ ဟင်းခတ်အမွှေးအကြိုင်နိုင်ချင်းအုပ်ထားပြီး အစပ်အရသာလေးဖန်တီးပေးထားတော့ အရမ်းကိုလိုက်ဖက်တဲ့ အတွဲအစပ် အမြည်းဟင်းလေးတွေကို ဖန်တီးပေးထားတယ်။

ပခန်းရဲ့ ငါးဖယ်လုံးကြာဇံဟင်းချိုလေးကတော့ အခြားဆိုင်တွေမှာတွေ့ရခဲပြီး အရသာလေးက လုံးဝစိတ်ကျေနပ်မှုအပြည်ရစေတယ်။ ငါးဖယ်နဲ့ အသီးအရွက်တွေရဲ့ အချိုဓါတ်လေးကို မပျောက်သွားဘဲ ခံတွင်းလိုက်အောင်ချဥ်ချဥ်စပ်စပ်အရသာလေးထပ်ထည့်ပေးထားတော့ တစ်ဇွန်းသောက်လိုက်တိုင်းမှာ ခံတွင်းရှင်းပြီး လန်းဆန်းသွားစေတယ်။

pakhan_katat Saladနောက်ဆုံးအနေနဲ့ အညာရိုးရာဓလေ့ကို ထင်ဟပ်စေတဲ့​ ဒီဟင်းပွဲလေးကတော့ ကတက်ချဥ်သုပ်လေးပါပဲ။ ကတက်ရွက်သုပ်လေးကတော့ ပုံမှန်စားနေကျအသုပ်တွေနဲ့ ကွဲထွက်လို့ မှာစားကြည့်သင့်တယ်ဗျ။

ဒီဆိုင်လေးကို အားလုံးခြုံပြီး ပြောရမယ်ဆိုရင် အပြင်အဆင် Decoration တွေကလည်း ပုံမှန်ထက်ထူးခြားပြီး အညာကျေးလက်ဒေသကို ပုံဖော်ထားတဲ့ အတွက် ရန်ကုန်ထဲက တဖဝါးမှမခွာပဲ ကျေးလက်ရဲ့ အငွေ့အသက်တွေကို စီးမြောခံစားလို့ရတယ်။ နောက်ပြီး ရန်ကုန် မှာ ရဖို့မလွယ်တဲ့ ပင်ကျထန်းရည်နဲ့ ဘီထန်းလို ထူးထူးခြားခြား သောက်စရာတွေအပြင် ထန်းရည်နဲ့ လိုက်ဖက်တဲ့ ရှားပါး အမြည်းတွေ ၊ မြန်မာရိုးရာ အညာဒေသထွက် စားစရာတွေ တစ်နေရာတည်းမှာ စုံစုံလင်လင် ရနိုင်တယ်။    အမိုက်စား Band တွေရဲ့ Unplugged Music ဖျော်ဖြေမှု အစီအစဉ်လေးတွေလည်းရှိတော့ သောက်ရင်းစားရင်း သီချင်းတွေနဲ့ လွင့်မြောရင်း အေးဆေး Relax လုပ်လို့ရတယ်။ ကဲဒါဆို သောက်နေရရင်ပျော်တဲ့ သောက်ပျော် ကြီးတို့အနေနဲ့ ထူးထူးခြားခြား ကျေးလက်အစားအသောက်တွေနဲ့ အညာဒေသ ကျေးလက်ရနံ့တွေ လွှမ်းခြုံနေတဲ့ ပခန်း ဆိုင်လေးကို သွားရောက်ကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျာ။