ပါတီပွဲတက်တဲ့ ဧည့်ပရိသတ်များအားလုံး ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်နိုင်ပြီး ပါတီပွဲအတွင်းမှာလည်း ဘယ်လိုအန္တရာယ်မျိုးမှ မကျရောက်ဘဲ ပျော်ရွှင်စွာ ပြီးဆုံးသွားမှသာလျှင် အောင်မြင်တဲ့ ပါတီပွဲတစ်ခုလို့ သတ်မှတ်နိုင်မှာပါ။ ပါတီပွဲများ၊ အထူးသဖြင့် ရေကူးကန်တွင် ကျင်းပလေ့ရှိတဲ့ Pool Party များသည် အခြားသော ပါတီတွေထက် ပိုမိုဂရုစိုက်ရပါတယ်။

ပွဲစီစဉ်သူတွေကလည်း ပါတီပွဲတက်သူများအတွက် ဘေးကင်းအောင် သေချာပြင်ဆင်ထားရသလို ပါတီပွဲတက်သူများကလည်း Pool Party တက်တဲ့အခါ လိုက်နာရမှာတွေရှိပါတယ်။ ဒါမှ မတော်တဆဖြစ်ရပ်များကနေ ကြိုတင်ကာကွယ်နိုင်မှာပါ။

Pool Party စီစဉ်ထားသူတွေအနေနဲ့ ကိုယ့်ရဲ့ ပါတီပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘေးကင်းကင်း ပြီးဆုံးသွားအောင် ဘယ်လိုအချက်တွေကို လိုက်နာသင့်သလဲ။

အသက်ကယ် ဘောကွင်းများ ထားထားပါ

flamingo life ring

Photo: Pinterest

ရိုးရိုးအသက်ကယ် ဘောကွင်းပဲဖြစ်ဖြစ်၊ အလှဘောကွင်းတွေပဲဖြစ်ဖြစ် မဖြစ်မနေချထားပေးသင့်ပါတယ်။ ဒါမှသာ ရေမကူးတတ်သူများလည်း ဘေးကင်းစိတ်ချစွာနဲ့ ပါတီပွဲမှာ ပျော်ပါးနိုင်မှာဖြစ်ပါတယ်။ ရေကူးတတ်သူများအနေနဲ့လည်း မတော်တဆ အမူးလွန်တဲ့အခြေအနေမျိုးမှာ အသက်ကယ်ဘောကွင်းတွေက ကယ်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ရေ မကူးတတ်သူများကို အသက်ကယ်ဂျက်ကတ် မဖြစ်မနေ ဝတ်ဆင်ခိုင်းပါ

ရေ မကူးတတ်သူများကို အသက်ကယ်ဂျက်ကတ် မဖြစ်မနေ ဝတ်ဆင်ခိုင်းပါ

Photo: Amazon

အသက်ကယ်ဘောကွင်းများ မလုံလောက်တော့တဲ့အခြေအနေမျိုးမှာ ဘယ်လိုစီမံရမလဲ။ အသက်ကယ်ဂျက်ကတ်များ မဖြစ်မနေ ဝတ်ခိုင်းပါ။ ပါတီပွဲလာတာ လွတ်လွတ်လပ်လပ်ပျော်ချင်တယ်ဆိုပေမယ့်လည်း သင့်အနေနဲ့ ဒီစည်းကမ်းကိုတော့ မဖြစ်မနေထုတ်ထားသင့်ပါတယ်။

အနားယူဖို့ရန်အတွက် ခုံစောင်းလေးများ ထားထားပါ

Pool Party

Photo: Homedesignlover

ပါတီပွဲတက်သူများသည်လည်း တစ်ချိန်လုံး ရေထဲမှာ နေနိုင်တာမဟုတ်ပါဘူး။ တခါတလေမှာလည်း ရေထဲက တက်လာပြီး အနားယူနိုင်ဖို့ရန်အတွက် ခုံစောင်းများ ပြင်ထားပေးသင့်ပါတယ်။ သူတို့အနားယူချိန်မှာ ကော့တေးများ၊ ဝိုင်များ သောက်သုံးတာပဲဖြစ်ဖြစ်၊ အမြည်းများ သုံးဆောင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

ရှေးဦးသူနာပြုစုနည်းများ တတ်ကျွမ်းထားသူတစ်ယောက်ကို ငှားရမ်းထားပါ

Pool Party

Photo: Csdpool

မတော်တဆမှုဆိုတာ ကြိုတင်မပြောနိုင်ပါဘူး။ ကိုယ့်ဘက်က အကုန်လုံး ကြိုပြင်ထားတဲ့အချိန်မှာ ဖြစ်ချင်မှလည်း ဖြစ်သလို၊ ဘာမှ မပြင်ဆင်ထားတဲ့အချိန်မှာလည်း ဖြစ်လာနိုင်ပါတယ်။ အကယ်၍ ပါတီပွဲတက်သူတွေ တစ်စုံတစ်ရာဖြစ်ပွားသွားခဲ့ပါက ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးနိုင်ဖို့ရန်အတွက် တတ်ကျွမ်းသူတစ်ယောက်ယောက်ကို ငှားရမ်းထားပါ။ ကျွမ်းကျင်ရေကူးကန်အစောင့်တစ်ယောက်ကို ငှားရမ်းထားတာမျိုးလည်း ပြုလုပ်နိုင်ပါသေးတယ်။

ရေ၊ ဖျော်ရည်နှင့် အခြားသော စားစရာများလည်း ပြင်ဆင်ထားပါ

Pool Party

Photo: Sugarandcharm

အယ်လ်ကိုဟော ဖျော်ရည်တွေကိုပဲ ပြင်ဆင်ထားတာမဟုတ်ဘဲ ရေငတ်ပြေစေဖို့ရန်အတွက် ရေနှင့် သစ်သီးဖျော်ရည်မျိုးစုံကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် ဗိုက်ဆာတဲ့အခါမှာ ဗိုက်ဖြည့်နိုင်ဖို့ရန်အတွက်လည်း စားစရာများ အဆင်သင့်ပြင်ဆင်ထားပေးလိုက်ပါ။

ဒီလိုဆိုရင်တော့ ပါတီပွဲလာရောက်သူများသည်လည်း ဘေးကင်းလုံခြုံစွာနဲ့ ပါတီပွဲမှာ ဝင်ရောက်ဆင်နွှဲနိုင်ပြီပဲဖြစ်ပါတယ်။

Source: Hubbardswim

Featured Image: Time Out