ပါတီပွဲ အမျိုးအစားအမျိုးမျိုးရှိတဲ့အနက် ရေကူးကန်ဘေးနားမှာ ပြုလုပ်ကျင်းပလေ့ရှိတဲ့ Pool Party သည်လည်း ပျော်စရာကောင်းတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီလို ပျော်စရာကောင်းတဲ့ Pool Party ကို ဘော်ဒါများနှင့်အတူတူ ဖန်တီး ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို သိထားသင့်ပါတယ်။

ဖိတ်စာဖြင့် ဖိတ်ပါ

Pool Party ဖန်တီး

Photo: Pinterest

လှပတဲ့ ဒီဇိုင်းဖြင့် ရိုက်နှိက်ကာ ပြုလုပ်ထားတဲ့ ဖိတ်စာလေးသည် ပါတီတစ်ခုရဲ့ အသက်ပါပဲ။ Pool Party တစ်ခု ဖန်တီး ကျင်းပမှာဖြစ်တဲ့အတွက်ကြောင့် Formal ဆန်လွန်းတဲ့ ဖိတ်စာပုံစံမျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ Casual ဆန်တဲ့ ဖိတ်စာတစ်စောင် ဖြစ်ဖို့လိုအပ်ပါတယ်။ ထိုဖိတ်စာထဲမှာ ပါတီပွဲကျင်းပမယ့် အချိန်၊ နေ့ရက်၊ နေရာ၊ နာရီတို့ကို သေသေချာချာ ထည့်သွင်းထားသင့်ပြီး ယူလာသင့်တဲ့ ပစ္စည်းများ (ဥပမာ ရေကူးဝတ်စုံ) ကိုလည်း တစ်ပါတည်း ဖော်ပြထားပါ။

လှလှပပ ပြင်ဆင်ပါ

Pool Party ဖန်တီး

Photo: BookEventz

ပါတီပွဲတစ်ခုအတွက် Decoration က အသက်ပါပဲ။ သင့်ရဲ့ ပါတီကို ပိုပြီး သက်ဝင်လှုပ်ရှားကာ ပိုမိုပျော်ရွှင်ဖွယ်ကောင်းစေချင်တယ်ဆိုရင် Decoration ကိုလည်း သေချာအာရုံစိုက်ကာ ပြင်ဆင်ထားသင့်ပါတယ်။

ဖျော်ရည်မျိုးစုံ ပြင်ဆင်ထားပါ

Pool Party ဖန်တီး

ပါတီပွဲဆိုမှတော့ ကော့တေးများ၊ ဝီစကီများ၊ ဝိုင်များကတော့ မပါမဖြစ်ပါပဲ။ ဖျော်ရည်များကို စုံစုံလင်လင် ပြင်ဆင်ထားမယ်ဆိုရင်တော့ လာရောက်ကြသူများအားလုံးလည်း သူတို့ကြိုက်နှစ်သက်ရာကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။

သွားရေစာနှင့် အမြည်းများကိုလည်း အလျှံပယ် ပြင်ထားပါ

Pool Party ဖန်တီး

ဖျော်ရည်တစ်ခုတည်းနဲ့တင် မပြီးသေးပါဘူး။ ဖျော်ရည်များနှင့် တွဲဖက်စားသုံးဖို့ အမြည်းနှင့် သွားရေစာမျိုးစုံကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။ သစ်သီးများ၊ ကိတ်များ စသည်ဖြင့်လည်း ပြင်ဆင်နိုင်သလို အသင့်စား အစားအစာများဖြင့်လည်း တွဲဖက်စားသုံးနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

လှပတဲ့ဘောကွင်းများကိုလည်း မေ့မထားသင့်ပါဘူး

ပါတီပွဲ

Photo: Don’t Waste Your Money

လှပတဲ့ ဘောကွင်းများသည်လည်း Pool Party တစ်ခု ဖန်တီး ချင်သူများအတွက် မရှိမဖြစ်ပါပဲ။ ပါတီပွဲကို ပိုမိုအသက်ဝင်လာအောင် ဖန်တီးပေးနိုင်ပြီး ထိုဘောကွင်းများနှင့် ဓာတ်ဖမ်းချင်သူတွေအတွက်လည်း အခွင့်အရေးတစ်ခုပါပဲ။

Pool Party နဲ့ လိုက်ဖက်တဲ့ သီချင်းများ ဖန်တီး ပါ

ပါတီပွဲ

မြူးတူးကခုန် ပျော်ပါးနိုင်မယ့် သီချင်းတွေကို သေသေချာချာ ရွေးထားဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှ အပျော်တွေ မပျက်စီးသွားမှာပါ။ ဒါ့အပြင် သီချင်းများကို ပါတီမစခင်ကတည်းက ကွာလတီကောင်းတဲ့ Outdoor Speakers များဖြင့်လည်း သေချာချိတ်ဆက်ကာ စမ်းသပ်ထားသင့်ပါတယ်။ ဒါမှ ပါတီကျင်းပနေစဉ်အတောအတွင်း စိတ်လွတ်လက်လွတ် ပျော်ပါး ကခုန်နိုင်မှာပါ။

ရေထဲမှာ ကစားနိုင်မယ့် ဂိမ်းများကို ကြိုစဉ်းစားထားပါ

ပါတီပွဲ

Photo: Get Your Venue

ရေထဲမှာ ဂိုးတိုင်လေးကို ဒီဖက်တစ်ဖက် ဒီဖက်တစ်ဖက် ချည်ထားကာ ရေပေါ် ဘောလီဘောလည်း ဆော့ကစားနိုင်ပါတယ်။ သင့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းပေါ် မူတည်ပြီး ဂိမ်းတွေ အများကြီးထွက်လာမှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ သင် အပါအဝင် ပါတီပွဲရှိလူအားလုံးရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။ ဒါမှသည် အောင်မြင်ပျော်ရွှင်ရတဲ့ ပါတီပွဲတစ်ခုကို ဆင်နွှဲကျင်းပနိုင်မှာဖြစ်ပါတယ်။

ဒီအချက်လေးတွေ သိထားပြီဆိုရင်တော့ ကွီးတို့ရဲ့ ရေကူးကန်ပါတီပွဲလေးက အအောင်မြင်စွာ အထမြောက်သွားမှာပဲဖြစ်ပါတယ်။

Source: Greetingsisland

Featured Image: Timeout