ကိုယ့်ရဲ့ အိမ်ခေါင်မိုးက Rooftop ပေါ်မှာ ပါတီ ပွဲ ကျင်းပချင်သူများအတွက် အသုံးတည့်မယ့်အချက်များ ရှိပါတယ်။ ဒီအချက်များကို သိထားမယ်ဆိုရင်တော့ အပျော်ရွှင်ရဆုံး Rooftop ပါတီ ပွဲကို ကျင်းပနိုင်ပြီပဲ ဖြစ်ပါတယ်။

သူငယ်ချင်းများကို အသိပေးပါ ၊ အသက်မပြည့်သေးသူများကိုတော့ မခေါ်ပါနဲ့

Rooftop ပါတီ

Photo: Pinterest

အရင်နှီးဆုံး သူငယ်ချင်းတွေကိုသာ ဖိတ်ကြားပါ။ ထို Squad ထဲက သူငယ်ချင်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသားဖြစ်ထားရင်တော့ အကောင်းဆုံးပါပဲ။ မတည့်တဲ့ လူနှစ်ယောက်ရှိရင် ကိုယ်နဲ့ အရင်းနှီးဆုံးနှင့် အဖွဲ့က လူတွေနဲ့ အဆင်ပြေဆုံးလူကို ဖိတ်ကြားထားလိုက်ပါ။ သူငယ်ချင်းထဲက မောင်နှမများက လိုက်လာချင်တယ်ဆိုရင်တောင်မှ အသက်မပြည့်ဘူးဆိုရင်တော့ မခေါ်ပါနဲ့။ ဖြစ်လာသမျှ ပြဿနာတွေ သင့်ခေါင်းပေါ် ပုံကျလာပါလိမ့်မယ်။

လူဦးရေနဲ့ ကိုက်ညီအောင် နေရာပြင်ဆင်ထားပါ

Rooftop ပါတီ

Photo: Pinterest

သူငယ်ချင်း ဘယ်နှစ်ယောက်လာ မှာလဲ။ လာရောက်မယ့် လူအရေအတွက်အတိုင်း ထိုင်ခုံနေရာများကို ပြင်ဆင်ထားပါ။ နေရာထိုင်ခင်းပြင်ဆင်တဲ့အခါမှာလည်း စားပွဲနှင့် ထိုင်ခုံတို့ တည်ခင်းဧည့်ခံမှာလား (သို့) ကြမ်းပြင်မှာ အခင်းများ၊ နောက်မှီထိုင်ခုံများ သေချာ ခင်းထားပြီး စားပွဲဝိုင်းနှင့် စားသုံးကြမှာလား စသည်ဖြင့် သေချာပြင်ဆင်ထားရပါမယ်။ နေသာတဲ့နေ့များတွင် Rooftop ပါတီ ကို ကျင်းပခြင်းက အန္တရာယ်အကင်းဆုံးနှင့် စိတ်အချရဆုံးပါပဲ။

အစားအသောက်များ စဥ်းစားထားပါ

Rooftop ပါတီ

Photo: Globalgrasshopper

အစားအသောက်များကို အပြင်စာတွေ မှာစားကြမှာလား​ (သို့) အိမ်လုပ် ဟော့ပေါ့များ ချက်စားပြီး မိမိစိတ်ကြိုက် ချက်စားကြမှာလား ဆိုတာကို စဥ်းစားထားပါ။ အားလုံးရဲ့ အကြိုက်တွေ ကိုက်ညီနေတဲ့ အစားအစာများကို ရွေးချယ်စားသောက်ကြတာက အကောင်းဆုံးပါပဲ။

အယ်လ်ကိုဟော မသောက်သူများအတွက်လည်း စဥ်းစားပေးရပါမယ်

Rooftop ပါတီ

Photo: Frobes

အချို့အတွက်က ပါတီဆိုရင် အယ်လ်ကိုဟောကို မပါမဖြစ် ထည့်သောက်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ အယ်လ်ကိုဟော ကြိုက်နှစ်သက်ကြမှာပဲလို့ မမျှော်လင့်ထားပါနဲ့။ အယ်လ်ကိုဟော မသောက်သူများအတွက်လည်း သီးသန့်ဖျော်ရည်တစ်မျိုး ပြင်ဆင်ထားသင့်ပါတယ်။

Decoration အတွက်လည်း မမေ့ပါနဲ့

Decoration

Photo: Meaura

အိမ်လုပ် Rooftop ပါတီလေးဆိုပေမယ့် Decoration ကို မေ့ထားလို့ မရပါဘူး။ ရောင်စုံမီးလုံးလေး တစ်ကြိုး၊ နှစ်ကြိုးခန့် ချိတ်ဆွဲထားပြီး အလှဆင်လို့လည်း ရပါသေးတယ်။ သီချင်းလေး ဖွင့်ထားပြီး မြူးတူးကခုန် ပျော်ပါးလို့လည်း ရပါသေးတယ်။ သို့သော် ပတ်ဝန်းကျင်ကို အလွန်အမင်း အနှောင့်အယှက်ဖြစ်စေအောင် ကျယ်လောင်လွန်းတာမျိုးကိုတော့ ရှောင်ကြဉ်ရပါမယ်။

အမှိုက်ပစ်ဖို့ နေရာများကို ထင်သာမြင်သာအောင် ပြထားပါ။ သူငယ်ချင်းများကိုလည်း အတူတူ ရှင်းပေးဖို့ ပြောထားပါ

trash bin

Photo: Home-designing

ပါတီပွဲတုန်းက လူ ဆယ်ယောက်၊ အယောက် ၂၀ ခန့်က စားသုံးထားတဲ့ အစားအစာများကို ကိုယ်တစ်ယောက်တည်း ပန်းကန်ပြန်ဆေးဖို့၊ အမှိုက်သရိုက်များ ပြန်ရှင်းဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် အစကတည်းက အမှိုက်ကို စည်းကမ်းတကျပစ်ဖို့ ပြောထားပါ။ ထို့နောက် ပါတီပွဲပြီးသွားပါကလည်း အတူတူ သိမ်းဆည်းပေးဖို့ကို ကြိုတင်မေတ္တာရပ်ခံထားရမှာပဲဖြစ်ပါတယ်။ ဒါမှသာ သင့်တစ်ယောက်တည်း ဝန်မပိတော့မှာပါ။

Source: Therooftopguide

Featured Image: Eventpaper