[Zawgyi]

ကိုယ့္ဘက္ကအျပည့္မဝခ်စ္ေပမဲ့ ကိုယ္အေပၚက်ေတာ့ အေပ်ာ္သက္သက္ စိတ္ေျဖေဖ်ာက္စရာလူတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရျခင္းကတကယ့္ကို ဝမ္းနည္းဖို႔ေကာင္းလွပါတယ္။ဒါေပမယ့္လည္းလက္ရွိစံုတြဲေတြၾကားမွာ ဒီလိုအျဖစ္မ်ဳိးေတြအမ်ားႀကီးႀကံဳေတြ႕ေနၾကရတဲ့သူေတြအမ်ားႀကီးရွိပါတယ္။ဒါေၾကာင့္သင့္အေနနဲ႔ ကိုယ္ခ်စ္ရတဲ့မိန္းကေလးက ကိုယ့္ကိုအသံုးခ်ေနတာလား အေပ်ာ္တြဲရံုသက္သက္ပဲလားဆိုတာ သိႏိုင္ဖို႔ ဒီအခ်က္ေလးေတြေလ့လာၾကည့္ပါ။

(၁) စိတ္မထင္ရင္မထင္သလိုပစ္ထားမယ္

Source : Standard

သင့္ခ်စ္သူေကာင္မေလးက သင့္ကိုအေပ်ာ္တြဲေနရံုသက္သက္ အသံုးခ်ေနရံုသက္သက္ဆိုရင္ေတာ့ သူမစိတ္မထင္ရင္မထင္ သလိုအဆက္မသြယ္မလုပ္တာ ပစ္ထားတာမ်ဳိးလုပ္မွာျဖစ္ပါတယ္။အလုပ္ေတြမ်ားေနလို႔ စိတ္ဖိစီးေနလို႔ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ သူမစိတ္ပါတဲ့အခ်ိန္မွ စကားေတြလာေျပာမယ္။က်န္တဲ့အခ်ိန္မွာေတာ့ အဖက္ေတာင္မလုပ္ဘူးဆိုရင္သင့္ကို တကယ္မခ်စ္သလို အေပ်ာ္တြဲေနရံုသက္သက္ပဲလို႔ ယူဆလို႔ ရပါတယ္။

(၂) အနာဂတ္အေၾကာင္းတိုင္ပင္ရင္ စိတ္မပါသလိုေနမယ္


Source : goalcast.com

ဘယ္သူပဲျဖစ္ျဖစ္ကိုယ္တကယ္ခ်စ္တဲ့သူနဲ႔ ေကာင္းမြန္တဲ့အနာတ္တစ္ခုတည္ေဆာက္ခ်င္ၾကမွာပါ။ဘယ္အခ်ိန္မွာလက္ထပ္မယ္ ႏွစ္ကုိယ္တစ္စိတ္ဘဝေလးကိုဘယ္လိုတည္ေဆာက္ၾကမယ္စသည့္ျဖင့္အနာဂတ္အေၾကာင္းကိုယ္အေနနဲ႔ ေျပာလာတဲ့အခါ စိတ္မပါသလိုတုန္႔ျပန္မယ္ ဒါေတြကေဝးပါေသးတယ္ ဘာညာဆိုၿပီးစကားလမ္းေၾကာင္းေတြလြဲေနမယ္ ကိုယ္နဲ႔ ပတ္သတ္ရင္အရာရာေလးေလးနက္နက္မရွိဘူးျဖစ္ေနမယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္ သင့္ကိုအေပ်ာ္တြဲေနတာျဖစ္ပါတယ္။

(၃) သူမပတ္ဝန္းက်င္မွာသိပ္ခ်မျပခ်င္ဘူး

Source : iStock

ကိုယ္တကယ္ခ်စ္တဲ့သူတစ္ေယာက္ကို ကိုယ့္ပတ္ဝန္းက်င္အသုိင္းအဝုိင္းေရွ႔ သူငယ္ခ်င္းအေပါင္းအသင္းေတြ ထုတ္ျပတာဟာ တကယ္ခ်စ္တဲ့သူေတြရဲ႕ လုပ္ရပ္တစ္ခုပါ။ဒါေပမယ့္ သူမအတြက္အေပ်ာ္သက္သက္ပဲလို႔ သတ္မွတ္ထားရင္ေတာ့ သင္ ဟာ ကန္႔လန္႔ကာေနာက္ကြယ္မွာပဲရွိေနမွာပါ။သူမပတ္ဝန္းက်င္ အသိုင္းအဝိုင္း သူငယ္ခ်င္းအေပါင္းအသင္းေတြၾကား ေနာက္ဆံုးဆိုရွယ္မီဒီယာမွာေတာင္ သင့္အေၾကာင္းထုတ္ေဖာ္ျပသျခင္းမရွိဘူးဆိုရင္သင္ဟာသူမအတြက္ အျဖည့္ခံသက္သက္ ပဲဆိုတာသိႏိုင္ပါတယ္။

(၄) စိတ္သိပ္ရႈပ္မခံဘူး

Source : Cosmopolitan.ro

ဒီအခ်က္ကလည္းတကယ့္ကိုမွန္ကန္ပါတယ္။သူမအတြက္ စိတ္ေျပဖို႔ စိတ္ေျဖစရာတစ္ခုအျဖစ္သတ္မွတ္ထားတဲ့ လူတစ္ေယာက္အတြက္ စိတ္သိပ္ရႈပ္ခံမွာမဟုတ္ပါဘူး။သင့္အေပၚလည္းစိတ္ဝင္စားမႈသိပ္ရွိမွာမဟုတ္သလို သင့္နဲ႔ပတ္သတ္ၿပီး ျပႆနာအႀကီးအက်ယ္ျဖစ္တာမ်ဳိးလည္း လုပ္မွာမဟုတ္ပါဘူး။ေပါ့ေပါ့ပါးပါးနဲ႔ပဲ ျဖတ္သန္းမွာျဖစ္ပါတယ္။သင့္အေနနဲ႔ အရမ္းခ်စ္ၿပီးသူမအေပၚေလးနက္ေနရင္ သူမဘက္ကသိပ္ၿပီး အာရံုအေနာက္ခံမွာမဟုတ္ပါဘူး။ဘာေၾကာင့္လဲဆိုရင္သူမက သင့္ကိုအေပ်ာ္တြဲေနလို႔ပါပဲ။

[Unicode]

ကိုယ့်ဘက်ကအပြည့်မဝချစ်ပေမဲ့ ကိုယ်အပေါ်ကျတော့ အပျော်သက်သက် စိတ်ဖြေဖျောက်စရာလူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရခြင်းကတကယ့်ကို ဝမ်းနည်းဖို့ကောင်းလှပါတယ်။ဒါပေမယ့်လည်းလက်ရှိစုံတွဲတွေကြားမှာ ဒီလိုအဖြစ်မျိုးတွေအများကြီးကြုံတွေ့နေကြရတဲ့သူတွေအများကြီးရှိပါတယ်။ဒါကြောင့်သင့်အနေနဲ့ ကိုယ်ချစ်ရတဲ့မိန်းကလေးက ကိုယ့်ကိုအသုံးချနေတာလား အပျော်တွဲရုံသက်သက်ပဲလားဆိုတာ သိနိုင်ဖို့ ဒီအချက်လေးတွေလေ့လာကြည့်ပါ။

(၁) စိတ်မထင်ရင်မထင်သလိုပစ်ထားမယ်

Source : Standard

သင့်ချစ်သူကောင်မလေးက သင့်ကိုအပျော်တွဲနေရုံသက်သက် အသုံးချနေရုံသက်သက်ဆိုရင်တော့ သူမစိတ်မထင်ရင်မထင် သလိုအဆက်မသွယ်မလုပ်တာ ပစ်ထားတာမျိုးလုပ်မှာဖြစ်ပါတယ်။အလုပ်တွေများနေလို့ စိတ်ဖိစီးနေလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ သူမစိတ်ပါတဲ့အချိန်မှ စကားတွေလာပြောမယ်။ကျန်တဲ့အချိန်မှာတော့ အဖက်တောင်မလုပ်ဘူးဆိုရင်သင့်ကို တကယ်မချစ်သလို အပျော်တွဲနေရုံသက်သက်ပဲလို့ ယူဆလို့ ရပါတယ်။

(၂) အနာဂတ်အကြောင်းတိုင်ပင်ရင် စိတ်မပါသလိုနေမယ်


Source : goalcast.com

ဘယ်သူပဲဖြစ်ဖြစ်ကိုယ်တကယ်ချစ်တဲ့သူနဲ့ ကောင်းမွန်တဲ့အနာတ်တစ်ခုတည်ဆောက်ချင်ကြမှာပါ။ဘယ်အချိန်မှာလက်ထပ်မယ် နှစ်ကိုယ်တစ်စိတ်ဘဝလေးကိုဘယ်လိုတည်ဆောက်ကြမယ်စသည့်ဖြင့်အနာဂတ်အကြောင်းကိုယ်အနေနဲ့ ပြောလာတဲ့အခါ စိတ်မပါသလိုတုန့်ပြန်မယ် ဒါတွေကဝေးပါသေးတယ် ဘာညာဆိုပြီးစကားလမ်းကြောင်းတွေလွဲနေမယ် ကိုယ်နဲ့ ပတ်သတ်ရင်အရာရာလေးလေးနက်နက်မရှိဘူးဖြစ်နေမယ်ဆိုရင်တော့ သေချာပါတယ် သင့်ကိုအပျော်တွဲနေတာဖြစ်ပါတယ်။

(၃) သူမပတ်ဝန်းကျင်မှာသိပ်ချမပြချင်ဘူး

Source : iStock

ကိုယ်တကယ်ချစ်တဲ့သူတစ်ယောက်ကို ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းရှေ့ သူငယ်ချင်းအပေါင်းအသင်းတွေ ထုတ်ပြတာဟာ တကယ်ချစ်တဲ့သူတွေရဲ့ လုပ်ရပ်တစ်ခုပါ။ဒါပေမယ့် သူမအတွက်အပျော်သက်သက်ပဲလို့ သတ်မှတ်ထားရင်တော့ သင် ဟာ ကန့်လန့်ကာနောက်ကွယ်မှာပဲရှိနေမှာပါ။သူမပတ်ဝန်းကျင် အသိုင်းအဝိုင်း သူငယ်ချင်းအပေါင်းအသင်းတွေကြား နောက်ဆုံးဆိုရှယ်မီဒီယာမှာတောင် သင့်အကြောင်းထုတ်ဖော်ပြသခြင်းမရှိဘူးဆိုရင်သင်ဟာသူမအတွက် အဖြည့်ခံသက်သက် ပဲဆိုတာသိနိုင်ပါတယ်။

(၄) စိတ်သိပ်ရှုပ်မခံဘူး

Source : Cosmopolitan.ro

ဒီအချက်ကလည်းတကယ့်ကိုမှန်ကန်ပါတယ်။သူမအတွက် စိတ်ပြေဖို့ စိတ်ဖြေစရာတစ်ခုအဖြစ်သတ်မှတ်ထားတဲ့ လူတစ်ယောက်အတွက် စိတ်သိပ်ရှုပ်ခံမှာမဟုတ်ပါဘူး။သင့်အပေါ်လည်းစိတ်ဝင်စားမှုသိပ်ရှိမှာမဟုတ်သလို သင့်နဲ့ပတ်သတ်ပြီး ပြဿနာအကြီးအကျယ်ဖြစ်တာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။ပေါ့ပေါ့ပါးပါးနဲ့ပဲ ဖြတ်သန်းမှာဖြစ်ပါတယ်။သင့်အနေနဲ့ အရမ်းချစ်ပြီးသူမအပေါ်လေးနက်နေရင် သူမဘက်ကသိပ်ပြီး အာရုံအနောက်ခံမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်သူမက သင့်ကိုအပျော်တွဲနေလို့ပါပဲ။