မင်္ဂလာပါ ကွီးပရိသတ်တို့ရေ။  ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း စုစည်းတင်ဆက်ပေးနေတဲ့ “ရသာဆန်းထူး ကွီး Review ” အစီအစဉ် ကနေ ထပ်မံပြီး ဘယ်လို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဆိုင်ကောင်းကောင်းလေးတွေ ညွန်းပေးသွားအုန်းမလဲဆိုတာ ရင်ခုန်နေကြမယ်ထင်ပါတယ်။  ဒီတစ် ခေါက် Review လုပ်ပေးသွားမယ့် ဆိုင်လေးကတော့ အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းမှာရှိတဲ့ SKY Restaurant ဆိုတဲ့ ဆိုင်လေးပါ။

ဒီဆိုင်လေးက Bar တစ်ခုထိုင်ရတဲ့ ဖီလင်ထက်ကို ပိုတယ်။ ခြံဝန်းအကျယ်ကြီးထဲမှာ သုံးထပ်ဆောင်နဲ့ ကျယ်ကျယ် ဝန်းဝန်း ၊ အေးအေး ဆေးဆေး Relax လုပ်ရတဲ့ ခံစားမှုမျိုး ပိုရတယ်။ မြေညီထပ်မှာပဲ အေးအေးဆေးဆေး ထိုင်မ လား ၊ အပေါ်ဆုံးထပ် လေသာဆောင်မှာ လေတဖြူး ဖြူးနဲ့ လွင့်မလား အိုကေတယ်။ အလယ်ထပ်မှာတော့ ထူးထူး ခြားခြား အဲကွန်းခန်းတွေလည်း စီစဉ်ပေးထားတယ်။ ၈ ယောက် ကနေ ၁၂ ယောက်အထိဆန့်တဲ့  ပတ္တမြား ၊ နီလာ ၊ ကျောက်စိမ်း ဆိုပြီး ရွေးချယ်စရာ သီးသန့် VIP Room တွေရှိတယ်။

SKY_VIP_3Rooms

လူများများနဲ့ ပိုပြီးကျယ်ကျယ်ဝန်းဝန်း Chill ချင်တဲ့သူတွေအတွက် အယောက် ၂၀ ကနေ ၃၂ ယောက်အထိ ဆန့်တဲ့ Diamond Hall ရှိတယ်။ ဆိုတော့ အားလပ်ရက်တွေမှာ မိသားစုနဲ့ Dinner Date ချင်တာပဲ ဖြစ်ဖြစ် ၊  သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ပါတီလေးလုပ်ချင်တာပဲ ဖြစ်ဖြစ် အရမ်းအဆင်ပြေတယ်။ နောက်ပြီး ဒီဆိုင်လေးမှာက အစားအသောက်တွေလည်း တော်တော်လေးစုံတယ်။

SKY_DiamondHall_Interior

 

ဘီယာထဲမှာဆို Tuborg ၊ Carlsberg ၊ ABC ၊ Tiger အစုံရတယ်။ January Promotion အနေနဲ့  ၁၅.၁.၂၀၂၂ အထိ Tuborg ၆၄၀ မီလီလီတာ ၃ ပုလင်းသောက်တိုင်း ၁ ပုလင်း လက်ဆောင်ရဦးမှာဆိုတော့ ရှယ်သောက်ပလန်နဲ့ သောက်မယ့် သူတွေအတွက်တော့ တော်တော်လေးကို တန်တယ်။ အပြင်းထဲမှာဆိုလည်း ရွေးချယ်စရာ တော်တော်လေးစုံတယ်။ ပြည်တွင်းဖြစ်ထဲက Grand Royal Special Reserve ၊ MacArthur’s နဲ့ တခြားနိုင်ငံခြားအရက် စုံစုံလင်လင်ရတယ်။

SKY_PorkRiBFried

နောက်တစ်ခု ဒီဆိုင်လေးကို ဘယ်လိုလူတွေသေချာပေါက်သွားသင့်လဲဆိုရင် ဝက်သား ခရေဇီတွေ သေချာပေါက်သွားသင့်တယ်။ ဝက်သားဆို ဘာလာလာဒေါင်းတဲ့ သူတွေအတွက် လုံးဝအကြိုက်တွေ့စေမယ့် ဝက်သားနဲ့ ပတ်သတ်တဲ့ အထူးစပယ်ရှယ် Menu တွေ တော်တော်များများရတယ်။ ယူနန်သုံးထပ်သားလွှာသုပ် ၊ ဝက်နံရိုး နုကြော် ၊ ဝက်အူမ ချဉ်စပ် ၊ ဝက်နံရိုးပေါင်းမြေအိုး ၊ နံရိုးမီးတောက် ၊ ဝက်သားလိပ်ချိစ် ၊ ဝက်ဂုတ်သားကင်သုပ် ၊ ဝက်သားပြားခြောက်စပ် ၊ ဝက်ကဖောင် ၊ အခေါက်ကင် စုံနေရော။

SKY_SignatureDishes

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကြက် ၊ ပုဇွန် ၊ ဂဏန်း ၊ ပြည်ကြီးငါး ၊  ပင်လယ်စာနဲ့ ပတ်သတ်တဲ့ ဟင်းလျာတွေလည်း အစုံရတယ်။ ငါးရှဉ့် ခြောက်စပ် ၊ ငါးရှဉ့် ကြွပ်ကြော် ၊ ကချင်ငါးပေါင်း ၊ ငါးကြင်းမြီးအကြွပ်ကြော် ၊ ရတနာသီးစုံဘဲပေါင်း ၊ ဘဲပေါင်းခရုဆီ ၊ ငုံးကြွပ်ကြော် ၊ ငုံးခြောက်စပ် နဲ့ တခြားအရသာရှိတဲ့ အမြည်း ဟင်းလျာတွေ ၊ အသီးအရွက် အကြော်အလှော် တကယ့်ကို အစုံပဲ။  BBQ အကင်ထဲမှာဆိုရင်လည်း အမျိုးပေါင်း ၅၀ လောက်ထိကို စုံစုံလင်လင်နဲ့ ရွေးချယ်စရာ အတော်လေးများတယ်။

SKY_ChickenFeet_BBQ

နောက်ထပ်ထူးခြားတာက ဒီဆိုင်လေးမှာ အထူးဟင်းလျာတွေလည်း ရသေးတယ်။  စီချွမ်ဘဲကင် ၊ ဝက်ကလီစာ အစုံ ၊ ဘဲသားလိပ်ကြော် ၊ ပင်လယ်စာအစုံဗန်း ၊ ပင်လယ်စာအစုံ သောက်ဆမ်း ၊ ယိုးဒယားအသားစုံချက် ၊ ထိုင်ဝမ် အခေါက်ကင်ချက် ၊ အမေရိကန် ငါးကြော် ၊ မာလာငါးပေါင်း ၊ ကြက်ပေါင်း တကယ်ကို စားချင်စဖွယ် အထူးဟင်း လျာတွေ အစုံရတာဆိုတော့ အစားတလိုင်းတွေအတွက်ကတော့ လုံးဝ paradise ပဲ။ ဒါနဲ့ တချို့အထူးဟင်းလျာတွေက တစ်ရက်ကြိုမှာပေးရတာတွေရှိတော့ ဆိုင်မထိုင်ခင် တစ်ရက်လောက်ကြိုပြီး အထူးဟင်းလျာတွေထဲက စားချင်တဲ့ဟင်းပွဲလေးတွေကို ကြိုပြီးအော်ဒါတင်ထားဖို့တော့ လိုတာပေါ့နော်။

SKY_MalaFishGrill

အားလုံးခြုံပြီး ပြောရမယ်ဆိုရင် ဒီဆိုင်လေးမှာက  အစားအသောက်တွေ တော်တော်လေးကိုစုံတယ် ၊ ဈေးနှုန်းလေးတွေကလည်း အရမ်းမများပဲ ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ပြောရလောက်အောင် အရသာကောင်းတယ် ၊ နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ် ၊ ခြံဝန်းလေးထဲမှာပဲ သုံးထပ်ဆောင်နဲ့ဆိုတော့ သီးသီးသန့်သန့်နဲ့ ထိုင်ရတာ လွတ်လပ်တယ် ၊ သီးသန့်  VIP Room တွေလည်းရှိတော့ မိသားစုနဲ့ပဲလာမလား ၊ ဘော်ဒါတွေနဲ့ပဲလာမလား အဆင်ပြေတယ် ၊ VIP Room တွေက Charges  လေးတွေ တော့ရှိပေမယ့် များများစားမယ်ဆို ပိုပြီးတန်တဲ့ အစီအစဉ်လည်း ရှိသေးတယ်။ Diamond Hall ရဲ့ Room Charges က ပုံမှန်ဆို ၂၀၀၀၀ ပေးရပေမယ့် Bill  ၃၀၀၀၀၀ နဲ့ အထက်ဆိုရင် Room Charges ထပ်ပေးစရာမလိုဘူး။ ကျန်တဲ့ ပတ္တမြား ၊ နီလာ ၊ ကျောက်စိမ်း အခန်း ၃ ခန်း ကလည်း Room Charges ၁၀၀၀၀ ရှိတယ်။ သူလဲအတူတူပဲ Bill ၁၅၀၀၀၀ နဲ့အထက်ဆို  Room Charges မပေးရဘူး။

SKY_VIP_Interior

Wifi လည်း Free ပေးထားသေးတာဆိုတော့ စားရင်းသောက်ရင်း အွန်းလိုင်းသုံးရင်းပေါ့ ၊ Kpay , AYApay တွေနဲ့လည်း Percentage ထပ်ပေးစရာမလိုပဲ ရှင်းလို့ ရသေးတာဆိုတော့ တော်တော်လေး အဆင်ပြေတာပေါ့။

SKY_GoldMember

ပိုပြီးမိုက်တာတစ်ခုက တစ်သိန်းခွဲဖိုးစားသုံးတဲ့ ကာစတန်မာတွေအတွက် Gold Member Card နဲ့ ၂ သိန်းနဲ့အထက် စားသုံးတဲ့ ကာစတန်မာတွေအတွက် Diamond  Member Card တွေလည်း ပြန်ပေးသေးတယ်။

SKY_DiamondMember

Member Card ရှိတဲ့ ကာစတန်မာတွေအနေနဲ့ ဆိုင်မှာ နောက်တစ်ကြိမ် ပြန်လာစားသုံးမယ်ဆိုရင် Discount တွေထပ်ပြီး ရအုန်းမှာပါ။ Gold Member Card သမားတွေက 10 % Discount ၊ Diamond  Member Card သမားတွေက 15 % Discount ရမှာဆိုတော့ တန်ပြီးရင်းတန်ပဲ။

ဆိုင်လိပ်စာလေးကတော့ အမှတ် (၁၀၄၁) ၊ အင်းစိန်လမ်းမကြီး ၊ အရှေ့ကြို့ကုန်း ၊ အင်းစိန်မြို့နယ်မှာပါဗျ။ ကဲဒါဆို  အရသာရှိတဲ့ အစားအ သောက်တွေနဲ့ အေးအေးဆေးဆေး Relax လုပ်ချင်သူတွေအနေနဲ့ အင်းစိန်မှာရှိတဲ့ SKY Restaurant ဆိုတဲ့ ဆိုင်လေးကို သေချာပေါက် သွားရောက်မြည်းစမ်း ကြည့်လိုက်ပါဦးနော်။