ကိုယ်ရဲ့ ချစ်ရသူတွေ ၊ ဘဝမှာ တန်ဖိုးထားရတဲ့ သူတွေအတွက် နေ့ထူးနေ့မြတ်တွေ ၊ မွေးနေ့တွေ နဲ့ အခြားသော ဂုဏ်ယူစရာ ကိစ္စများအတွက် Surprise ပါတီလေး ကျင်းပပေးတာဟာ တကယ်ကို စိတ်ကူးကောင်းပါပဲ။ Surprise ပါတီကို ကွီးတို့ချစ်ရတဲ့ မိသားစုတွေ ၊ အခင်ဆုံး သူငယ်ချင်းတွေ သို့မဟုတ် ချစ်သူလေးအတွက် ဖြစ်စေ ၊ ဘယ်သူ့အတွက်မဆို ကျင်းပပေးလို့ ရပါတယ်။ ဒီလို ပါတီလေး ကျင်းပပေးတာဟာ ကွီးတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အလေးထားမှုကို ပြသရာလည်း ရောက်ပါတယ်။ ဒီဆောင်းပါးလေးမှာ ကွီးတို့ ချစ်ရသူတွေအတွက် ပြီးပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ Surprise ပါတီ လေး ဘယ်လိုလုပ်ရမလဲ ဆိုတာပြောပြပေးသွားပါမယ်။

အရင်ဆုံးနေရာ ရွေးပါ

Surprise ပါတီ

Photo : Loft2Rent

ကွီးတို့အနေနဲ့ ချစ်ခင်ရသူအတွက် Surprise ပါတီ ပြုလုပ်မယ်ဆိုရင် အရင်ဆုံး ရွေးချယ်ရမှာက Surprise ပါတီ ပြုလုပ်မဲ့ နေရာကို အရင်ရွေးချယ်ရမှာပါ။ အိမ်မှာပဲ Surprise ပါတီလေး ကျင်းပခြင်းထက် စားသောက်ဆိုင်တစ်ခုခု ၊ ဟိုတယ်တစ်ခုခုမှာ နေရာကို ကြိုတင်ငှားရမ်းထားခြင်းက ကွီးတို့အတွက် နောက်ထပ် ဆက်လက်ပြီး ပါတီကို ပြင်ဆင်ဖို့အတွက် အဆင်ပြေပါလိမ့်မယ်။ ပါတီအတွက် နေရာရွေးချယ်တဲ့ နေရာမှာ ကွီးတို့ကျင်းပပေးမဲ့ ကာယကံရှင် ဖြစ်သူရဲ့ အမှတ်တရနေရာလေးတွေ ၊ သူတို့ ကြိုက်နှစ်သက်တဲ့ နေရာလေးတွေကို ဦးစားပေး ရွေးချယ်ပါ။ ထို့နောက် ၎င်းတို့ ကြိုက်နှစ်သက်တဲ့ အရောင် သို့မဟုတ် Theme ကို သုံးပြီး ပါတီ ကျင်းပမဲ့ နေရာကို ရွေးချယ်ပါ။

ဧည့်သည်များကို ကြိုတင် အကြောင်းကြားပါ

Surprise ပါတီ

Photo : iStock

ပါတီလုပ်ဖို့ နေရာရွေးချယ်ပြီးသွားပြီဆိုရင် နေ့ရက်နဲ့ အချိန်ကို သတ်မှတ်ပါ။ ထို့နောက် ကွီးတို့ ဖိတ်ကြားမဲ့ ဧည့်သည်တွေကို ဖိတ်ကြားလွှာပေးပို့ပါ။ တစ်ပါတည်း ဘယ်သူ့အတွက် Surprise ပါတီလုပ်မဲ့ အကြောင်းကို ပါအသိပေးထားဖို့ လိုပါတယ်။ ထို့နောက် ကွီးတို့ ဧည့်သည်တွေကို ပါတီမှာ ပါဝင်စေချင်တဲ့ ပုံစံမျိုး ရှိလျှင်လည်း ကြိုတင် အသိပေးထားဖို့ လိုပါတယ်။ အဓိက အရေးကြီးတဲ့ တစ်ချက်ကတော့ ကာယကံရှင် မရိပ်မိအောင် အထူးသတိထားရမှာ ဖြစ်ပါတယ်။

အဖျော်ယမကာများနဲ့ အစားအသောက်များကို ပြင်ဆင်ပါ

party

Photo : Christies’s International Real Estate

ကွီးတို့ ချစ်ခင်ရသူလေးကို Surprise လုပ်ပြီးရင် ဖိတ်ကြားသူတွေနဲ့ အတူ ပျော်ပျော်ပါးပါး ဆက်လက် ကျင်းပနိုင်ဖို့အတွက် အဖျော်ယမကာများနဲ့ အစားအသောက်များကိုလည်း ပြင်ဆင်ထားဖို့ လိုပါတယ်။ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အစားအသောက်များကို ပြင်ဆင်ပါ။ အဖျော်ယမ ကာများကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းဖို့ လိုပါတယ်။ ကွီးတို့ ဖိတ်ကြားထားတဲ့ ဧည့်သည်အရေအတွက် အတိုင်း လုံလောက်သော ပြင်ဆင်မှု ဖြစ်ပါစေ။ ထို့နောက် ပါတီနဲ့ လိုက်ဖက်တဲ့ တေးဂီတကိုပါ ရွေးချယ်ထားပါ။ မြူးကြွတဲ့ တေးဂီတက Surprise ပါတီ ကို ပိုမိုအသက်ဝင်အောင် ပြုလုပ်ပေးပါလိမ့်မယ်။

Surprise ပါတီနေ့

party

Photo : Flora Queen

ကွီးတို့ရေ Surprise ပါတီလုပ်မဲ့နေ့ကတော့ တကယ်ကို အရေးကြီးဆုံးပါပဲ။ ကွီးတို့ Surprise တိုက်မဲ့ ကာယကံရှင်လေး မရောက်ခင်မှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အရင်ကြိုရောက်နေပါစေ။ ပြီးလျှင် ကာယကံရှင်လေးကို အကြောင်းတစ်ခုခုပြပြီး ပါတီနေရာကို လုံးဝမရိပ်မိစေအောင် ခေါ်ဆောင်လာပါ။ ပြီးလျှင်တော့ Surprise တိုက်လို့ ရပါပြီ။ နောက်ထပ်ပြီး ၎င်းတို့ လုံးဝမမျှော်လင့်ထားတဲ့ သို့မဟုတ် အရမ်းကြိုက်မဲ့ လက်ဆောင်တစ်ခုပေးပါ။ ပြီးလျှင် အကုန်လုံး ပျော်ပျော်ပါးပါး ပါတီလေးကို ဆက်လက်ဆင်နွှဲပြီး တစ်သက်မမေ့နိုင်စရာ Surprise ပါတီလေးကို ဖန်တီးပေးလိုက်ပါ။

Featured Photo : Bing