ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း စုစည်းတင်ဆက်ပေးနေတဲ့ “ရသာ ဆန်းထူး ကွီး Review”  အစီအစဉ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်နော်။ လကုန် Pay Day ရက်လည်း ရောက်လာပြီဆိုတော့ ကွီးတို့ ပင်ပန်းထားသမျှ အကောင်းဆုံး Relax လုပ်လို့ရမယ့် ဆိုင်လေးတစ်ဆိုင်ကို ညွှန်း ပေးချင်ပါတယ်ဗျ။

ဒီဆိုင်လေးက Chinatown ရဲ့ အထင်ကရဖြစ်တဲ့ ၁၉ လမ်းထဲက Terminal5 – Bar & Grill ဆိုတဲ့ ဆိုင်လေးပါ။ Pay Day မှာ ဘော်ဒါတွေနဲ့ သောက်ရင်းစားရင်း အေးအေးဆေးဆေး အနားယူအပန်းဖြေချင်တဲ့ ကွီးတို့အတွက် ဒီဆိုင်လေးက လုံးဝကွက်တိကျစေမှာပါ။

ဆိုင်ရဲ့ ပုံစံလေးက တကယ်ကို ထူးခြားတယ်။ ဘယ်တော့မှ မရိုးနိုင်တဲ့ ၁၉ လမ်းရဲ့ ညနေခင်းတွေ အချိန်တွေကို ခံစားချင်တဲ့ ကွီးတို့အတွက် ဆိုင်အပြင်ဘက်မှာ အထာကျကျ Chill လို့ရမယ့် နေရာလေးတွေ စီစဉ်ထားပေးတယ်။ လွတ်လွတ်လပ်လပ်နဲ့ Street Life ဆန်ဆန် Outdoor မှာထိုင်ရတဲ့ ဖီလင်မျိုးကြိုက်တဲ့သူတွေအတွက် ဆိုင်အပြင် ဘက် အခင်းအကျင်းလေးတွေက တော်တော်လေး အဆင်ပြေတယ်။

အတွင်းဘက် ပုံစံလေးကို ဆက်ပြောရရင် ဆိုင်က နှစ်ထပ်ရှိတယ်။ အောက်ထပ်မှာက Bar လေးနဲ့ အေးအေးဆေး ဆေး ငြိမ့်ငြိမ့်လေးလွင့်လို့ရမယ့် ပုံစံမျိုး။ အပေါ်ထပ်ကတော့ လူငယ်တွေ အကြိုက် မီးရောင်မှိုင်းမှိုင်းလေးနဲ့ Club ပုံစံလေး ဖန်တီးပေးထားတယ်။ ဆိုတော့ တစ်ဆိုင်ထဲမှာပဲ မတူညီတဲ့ Theme လေးတွေနဲ့ ကိုယ်ကြိုက်တဲ့ပုံစံ Chill လို့ရတာဆိုတော့ တော်တော်လေး မိုက်တယ်ပြောရမယ်။

တစ်ဆိုင်လုံးမှာက Decoration ပိုင်းကို ထူးထူးခြားခြားလေး ပြင်ဆင်ပေးထားတယ်။ ဆိုင်အပြင် ဘက်ရော အတွင်းရောက ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ Vibe မျိုးသွားတယ်။ Lighting မီးရောင်စုံလေးတွေလည်း ထွန်း ပေးထားတာတော့ ဓါတ်ဖမ်းချင်တဲ့ သူတွေအနေနဲ့လည်း အမိုက်စားဓာတ်ပုံလေးတွေ ရိုက်လို့ရတာပေါ့။

T5-19thStreet

နောက်တစ်ခုက အစားအသောက်။ အစားအသောက် ဂျီးများပါတယ်ဆိုတဲ့သူတွေတောင် ခေါင်းစားရ လောက်တဲ့ အထိ သောက်စရာ ၊ စားစရာတွေ ရှယ်စုံတယ်။ Beer ထဲမှာ Tiger ၊ Heineken ၊ ABC ၊ Corona ၊Hoegaarden ပုလင်း အစုံရတယ်။ အပြင်းမှ ကစ်ချင်တဲ့ ကွီးတို့အတွက်လည်း Whisky ၊ Gin ၊ Vodka ၊ Taquila ၊ Rum ၊Brandy ၊ Burbon စုံနေရောပဲ။ နိုင်ငံခြားအရက် Brand အစုံနဲ့ ပြည်တွင်းဖြစ်ထဲကဆို Grand Royal Special Reserve ဝီစကီလည်း ရသေးတယ်။

နောက်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ပုံမှန်လေးပဲ ခရီးရောက်ချင်တဲ့ ကွီးတို့နဲ့ မိန်းကလေးတွေလည်းသောက်လို့ အဆင်ပြေမယ့် အရသာထူးကဲတဲ့ Cocktail  တွေမှ အစုံပဲ။ သောက်စရာတွေပဲ စုံတာ မဟုတ်ပါဘူး။ အရသာရှိတဲ့ Menu တွေလည်း တော်တော်စုံပြီး အကင်တွေလည်း အစုံရှိတယ် ၊ Chinese Foods နဲ့ အကြော်အလှော် အမြည်း ဟင်းလျာတွေလည်း စုံစုံလင်လင်ရတယ်။ ဒီမှာထူးခြားတာတစ်ခုက ပြင်ပအစားအစာတွေ ခွင့်ပြုထားတာပါ။ Charges  ကောက်တာမျိုးလည်းမရှိတော့ အပြင်စာလေးတွေ ယူလာချင်သူတွေအတွက်လည်း တော်တော်အဆင် ပြေတယ်။

သောကြာနဲ့ စနေနေ့မှာလည်း Unplugged Band တွေရဲ့ ဖျော်ဖြေမှုအစီအစဉ်လေးတွေလည်းရှိတော့ သီချင်းသံ စဉ်လေးတွေနဲ့ မြောလွင့်ရင်း အကောင်းဆုံး Relax လုပ်နိုင်မှာပါ။ နောက်ပြီး ဒီဆိုင်လေးမှာ မွေးနေ့ပွဲလုပ်မယ့် မွေးနေ့ရှင်လေးတွေအတွက်လည်း Birthday Song လေးတွေ ဖွင့်ပေးတာ ၊ ဆိုင်ရဲ့ အထူးခြားဆုံး Flaming Lamborghini Cocktail တစ်ခွက် Birthday Present ပေးတာမျိုးတွေ လုပ်ပေးသေးတယ်ဆိုတော့ တကယ်ကို အမိုက်စားပါပဲ။

Flaming Lamborghini Recipe

ဒီဆိုင်လေးကို အားလုံးခြုံပြီးပြောရမယ်ဆိုရင် Decoration အပြင်အဆင်လေးတွေ မိုက်တယ် ၊ ၁၉ လမ်းရဲ့လွတ် လပ်တဲ့ Street Life အရသာကို ခံစားမလား ၊ ဆိုင်ထဲမှာပဲ အထာကျကျ Chill မလား အဆင်ပြေတယ် ၊ အစား အသောက် Menu တွေ စုံတယ် ၊ ဈေးလဲသိပ်မကြီးပဲ ပေးရတဲ့ ဈေးနဲ့ အရသာက Fare ဖြစ်တယ် ၊ မွေးနေ့ပွဲ ဖြစ် ဖြစ် ၊ သူငယ်ချင်းတွေနဲ့ ပါတီပွဲလေးလုပ်ချင်တာဖြစ်ဖြစ် Decoration အစ ပြင်ဆင်ပေးတယ် ၊  Valentine’s Day လည်းနီးလာပြီဆိုတော့ အနောက်တိုင်းဆန်ဆန် Bar မှာ Pre-wedding ရိုက်တာမျိုး Couple Photo ရိုက်တာမျိုး လုပ်ချင်တဲ့ ချစ်သူစုံတွဲတွေအတွက်လည်း Shooting Fees လုံးဝပေးစရာမလိုပဲ Photo shoot လုပ်လို့ ရသေးတယ် ဆိုတော့ ဘာလိုသေးလဲ။ ဖော်ရွေတဲ့ဝန်ထမ်းတွေနဲ့ Service ပိုင်းကလည်း လုံးဝပြောစရာလိုဘူး။

နောက်ပြီး Mobile Banking ၊ Kpay စတဲ့ Digital Payment တွေကို % ထပ် ပေးစရာမလိုပဲ ရှင်းလို့ရသေးတာ ဆိုတော့ အခုလိုအချိန်မှာ အဆင်ပြေဆုံးပါပဲ ၊ ဆိုင်တည်နေရာကလည်း Downtown Area မှာရှိတာမို့ လမ်း ကြောသင့်တယ် သွားရေးလာရေးလည်း လွယ်ကူတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ Pay Day မှာ ဘော်ဒါတသိုက်နဲ့ သောက်ရင်းစားရင်း  ပင်ပန်းခဲ့သမျှ အကောင်းဆုံး အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့ Terminal5 – Bar & Grill 19th Street ဆိုင်လေးကို သွားရောက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။