လူအများကြီးနဲ့မနေချင်ဘဲ တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တဲ့သူတွေအတွက် ပါတီပွဲတက်ရတာက စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ တကယ်တော့ ပါတီပွဲတွေဆိုတာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူတွေအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ မဖြစ်မနေ လူမှုရေးအရတက်ရမယ့် ပါတီပွဲတွေကြုံလာတဲ့အခါ ပါတီပွဲမှာ တစ်ယောက်တည်းငူငူငိုင်ငိုင်ဖြစ်မနေအောင် ဘယ်လိုပြုမူရမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးပါ။

Source: cardfactory.co.uk

ပါတီပွဲတက်ဖို့ ဖိတ်ကြားခံရပြီဆိုရင် ဘယ်လိုပါတီပွဲမျိုးလဲဆိုတာ သိအောင်အရင်လုပ်ပါ။ ပါတီပွဲတွေက အမျိုးအစားအမျိုးမျိုးရှိတာကြောင့် လိုက်ဖက်တဲ့ အဝတ်အစားအပြင်အဆင်ကလည်း အရေးကြီးပါသေးတယ်။ ဒါ့အပြင် ဒီပွဲကို မသွားချင်ဘူးဆိုရင်လည်း ဘာအကြောင်းမှ မပြန်တာမျိုး၊ ဒါမှမဟုတ် နီးမှ မလာဘူးလို့ အကြောင်းပြန်ခြင်းက ဖိတ်ကြားတဲ့သူကို မလေးစားရာရောက်ပါတယ်။ ဒါ့ကြောင့် ပါတီပွဲမတက်ချင်ဘူးဆိုရင် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်တတ်ဖို့လည်း လိုပါမယ်။

ရည်ရွယ်ချက်တစ်ခုထားပြီး ပါတီတက်ပါ။

Source: Shutterstock

အဖော်တစ်ယောက်ယောက်နဲ့ အတူတူသွားရတယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် သူငယ်ချင်းအပေါင်းအသင်းမပါဘဲ ကိုယ်တစ်ယောက်တည်းပါတီပွဲတက်ရတော့မယ်ဆိုရင်တော့ တွေးကြည့်ရုံနဲ့တင် စိတ်ညစ်စရာကောင်းလှပါတယ်။ ဒါ့ကြောင့် ရည်မှန်းချက်တစ်ခုထားပါ။ မသိကျွမ်း မရင်းနှီးတဲ့လူဘယ်နှယောက်နဲ့ ရင်းနှီးအောင်လုပ်ရမလဲ၊ ဘယ်လို စကားစမြည်ပြောရမလဲဆိုတာကို ကြိုတင်သတ်မှတ်ထားပါ။

အေးအေးဆေးဆေးနေလို့ရတဲ့နေရာတစ်ခု ရှာထားပါ။

Source: Shutterstock

စမတ်ဖုန်းတွေမှာ ဘက်ထရီရှိသလိုပဲ တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်တဲ့သူတွေက လူအများကြီးနဲ့ ရောနှောနေရတဲ့အခါ ဘက်ထရီအကုန်မြန်တတ်ပါတယ်။ အဲ့ဒီအခါ ဘက်ထရီပြန်ဖြည့်လို့ရမယ့် အေးအေးဆေးဆေးနေရာတစ်ခုမှာ လွတ်လွတ်လပ်လပ်သွားနေလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် အပြင်မှာ လမ်းလျှောက်ထွက်ခြင်းကလည်း မွန်းကြပ်နေတဲ့စိတ်ကို ပေါ့ပါးလွတ်လပ်စေမှာပဲဖြစ်ပါတယ်။

ပါတီပွဲမှာ ပြီးဆုံးတဲ့အထိနေရမယ်လို့ စိတ်ကိုတင်းမထားပါနဲ့။

Source: Shutterstock

မျက်လုံးက စိတ်ဝိညာဉ်ရဲ့ ပြတင်းပေါက်လို့ တင်စားခေါ်ဝေါ်ကြတာကြောင့် သင့်စိတ်ကိုတင်းကြပ်ထားမယ်ဆိုရင် သင့်မျက်နှာကလည်း မပျော်ရွှင်တဲ့ပုံပေါက်နေပါလိမ့်မယ်။ ဒါ့ကြောင့် ပါတီပွဲမှာ ပါတီပွဲပြီးတဲ့အထိ နေရမယ်လို့ တွေးမထားဘဲ စိတ်ကျဉ်းကြပ်လာပြီဆိုရင်တော့ ပွဲကျင်းပသူတွေကို နှုတ်ဆက်ပြီးထပြန်လာခဲ့လိုက်ပါ။