အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ ဒီတစ်ခေါက်မှာ တော့ တာမွေမြို့နယ်ထဲက အစားအသောက်ဆန်းဆန်းလေးတွေနဲ့ အေးဆေး Chill လို့ရမယ့် အမိုက်စား Bar လေးတစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ မန္တလေး စတိုင် BBQ အကင်တွေနဲ့ နာမည်ကြီးတဲ့ The NOX Private Bar ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ဗျ။ ကဲဒါဆို ဒီဆိုင်လေးမှာ ဘယ်လိုထူးခြားမှုလေးတွေ ရှိလဲ ၊ ဘယ်လို အစားအသောက် Menu ဆန်းဆန်းလေးတွေ ရလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

TheNox_Inside

အရင်ဆုံး ဒီဆိုင်လေးက Private Bar ဆိုတဲ့အတိုင်း ဆိုင်နေရာအပြင်အဆင်က အရမ်းမကျယ်ပေမယ့် သီးသီးသန့် သန့်နဲ့ Private ဖြစ်တယ်။ ဆိုင်ရဲ့အတွင်း အပြင်အဆင်က အဝါရောင် Theme လေးနဲ့ နွေးနွေးထွေးထွေး သက် တောင့်သက်သာ ဖြစ်တဲ့ Vibe လေးရတယ်။ ပေါ့ပေါ့ပါးပါး ဘော်ဒါတွေနဲ့ Chill ချင်လို့ပဲ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့‌ အေးအေးဆေးဆေး ဒိတ်ချင်လို့ပဲ ဖြစ်ဖြစ် ဒီဆိုင်လေးက လုံးဝအဆင်ပြေတယ်။

ဒီဆိုင်လေးရဲ့ အထူးခြားဆုံးအပိုင်းက အစားအသောက်တွေပဲ။ တခြားဆိုင်တွေမှာ တော်ရုံမရနိုင်တဲ့ အစားအ သောက်ဆန်းဆန်းလေးတွေ ဒီဆိုင်မှာရတယ်။ မန္တလေး စတိုင် BBQ အကင်တွေကတော့ ဒီဆိုင်ရဲ့ Signature Menu တစ်ခုလို့ ပြောလို့ရတယ်။ အကင်တွေထဲမှာဆိုရင် အကင်အမယ် ၁၀ မျိုးလောက်ပါတဲ့ Bbq Platter အကင်ဗန်း ၊ ငါးကင်ကိုမှ ပုံမှန်စားနေကျ ငါးကင်တွေနဲ့မတူပဲ အရသာထိထိမိမိရှိတဲ့ ငါးပြားကင် ၊ အမဲလျှာကင် ၊ သုံးထပ်သားကင် ၊ ကြက်ဆာတေး ၊ ပုဇွန် ပြည်ကြီးငါးကင်နဲ့ အခြား အသီးအရွက်ကင်တွေအပါ အကင်အမျိုး ပေါင်း ၃၀ လောက်ကို စုံစုံလင်လင်ရတယ်။နောက်ပြီးဒီဆိုင်မှာ Chinese စတိုင် အကြော်အလှော် ဟင်းပွဲတွေ ၊ ပေါ့ပေါ့ပါးပါး ဘီယာနဲ့ပဲ မြည်းမြည်း ၊ ဝီစကီ နဲ့ပဲ ကစ်ကစ် လိုက်ဖက်တဲ့ Appetizer ၊ Salad နဲ့ သမုဒ္ဒရာ ဟင်းချို ၊ လယ်သမား ဟင်းချိုတို့လို Soup ဆန်းဆန်း လေးတွေလည်း ရတယ်။

the Nox_Bar

သောက်စရာ Drinks တွေလည်း တော်တော် စုံတယ်။ ပေါ့ပေါ့ပါးပါး ဘီယာနဲ့နှစ်ပါးသွား မလား ၊ အပြစ်ကင်းချင်လို့ အပြင်းပဲကစ်ချင်ပါတယ်ဆိုသူတွေအတွက်လည်း ပြည်တွင်းဖြစ် နိုင်ငံခြားဖြစ် အရက် Brand တွေအစုံ ရှိတယ်။ ကောင်းတာတစ်ခုက ဒီဆိုင်မှာ ဝီစကီကို ပတ်ချိန်နဲ့မှာလို့ရတာဆိုတော့ ပေါ့ပေါ့ပါးပါးပဲ ကစ်ချင်တဲ့သူတွေအတွက် ကွက်တိပါပဲ။ နောက်ပြီး ဒီဆိုင်မှာ Cocktail ဆန်းဆန်းလေးတွေလည်း အမျိုးအစား တော်တော်စုံစုံကို ရတယ်။

TheNox_Cocktail

Home Made Fresh Juice နဲ့ Mocktail တွေလည်း ရတယ်။ ဆိုတော့ အမုန်း သောက် တဆုံးရောက်ချင်သူတွေအတွက်ကတော့ တစ်နေရာတည်းမှာတင် အားလုံး ရေမီးစုံမြေကြီးတုန်အောင် Chill လို့ ရတယ်။ နောက်ပြီး ဒီဆိုင်လေးမှာအပတ်စဉ် Unplugged Music နဲ့ Open Mic အစီအစဉ်လေးတွေလည်း ရှိတော့ ဂီတသံစဉ်လေးတွေနဲ့ အလိုက်သင့်စီးမြောခံစားရင်း မွန်းကြပ်မှုတွေ ဖွင့်ထုတ်ချင်တဲ့ ဘော်ဒါတို့အတွက်လည်း ကွက်တိပဲပေါ့။

TheNox_Unplugged

တစ်လက်စတည်း Bartending လုပ်ငန်းနဲ့ အသက်မွေးကြောင်းပြုချင်တဲ့ လူငယ်တွေအတွက် သတင်းကောင်း တစ်ခု လမ်းကြုံပါးပေးချင်ပါတယ်။ ဘာလဲဆိုတော့ ဒီဆိုင်လေးမှာက ထူးချွန်တဲ့ Bartender တွေ မွေးထုတ်ပေး နေတဲ့ “ MIHS ဟိုတယ်နှင့် Bartender သင်တန်းကျောင်း” လေးပါ တွဲဖွင့်ထားတာဆိုတော့ ယမကာ ဖျော်စပ်တဲ့ Bartending လုပ်ငန်းနဲ့ Bar Management ပိုင်းကိုလေ့လာချင်သူတွေအနေနဲ့ သင်တန်းလာရောက်တက်လို့ ရမှာ ဖြစ်ပါတယ်ဗျ။ ကဲဒါဆို ကျွန်တော်တို့ ဒီဆိုင်လေးရဲ့ အရသာ အကောင်းဆုံး Signature Menu တွေရဲ့အရသာကို တစ်ချက်လောက် မြည်းစမ်းကြည့်လိုက်ကြမယ်ဗျာ။

TheNox_GrilledDuck

ပထမဆုံးမိတ်ဆက်ပေးချင်တာက The Nox မှာပဲရနိုင်တဲ့ ရွှေဘီယာနဲ့နှပ်ထားတဲ့ ရွှေဘီယာဘဲကင်။ ရွှေဘီယာနဲ့နှပ်ထားလို့ ဘီယာနံ့သင်းသင်းလေးနဲ့ နူးညံ့ပြီးချိုမြမြ နဲ့တော်တော်စားလို့ကောင်းတယ်ဗျ။

TheNox_GrilledFish

ဒီဟင်းပွဲလေးက ငါးပြားကင်လို့ခေါ်တယ်ဗျ။ မန္တလေးစတိုင်အကင်တွေနဲ့ နာမည်ကြီးတဲ့ The Nox ရဲ့ ထူးထူးခြားခြားငါးကင်စတိုင်လေးပါ။ အနံ့လေးကလည်း မွှေးကြိုင်၊ ငါးအသားကမွမွလေးဆိုတော့ အရက်တို့ ဘီယာတို့နဲ့ လိုက်ဖက်တဲ့ အမြည်းလေးပေါ့ဗျာ။
TheNox_BBQPlatter

ဘော်ဒါတွေဝိုင်းဖွဲ့စားတဲ့အခါ အမယ်စုံစုံမြည်းချင်ရင်တော့ ဒီ BBQ platter လေးကို မှာယူဖို့ အကြံပေးချင်ပါတယ်ဗျ။ မန္တလေးစတိုင်အကင်အရသာကို တစ်ဝကြီး ခံစားနိုင်မှာ အသေအချာပါပဲ။

TheNox_FishHeadSoupအကင်တွေစားရတာ အီလာရင်တော့ ခံတွင်းလေးရှင်းသွားအောင် ငါးခေါင်းမျှစ်ချဥ်ဟင်းလေးကို မှာသောက်လိုက်တဲ့ ငါးရဲ့ချိုမြအရသာလေးရယ် မျှစ်ချဥ်ရဲ ချဥ်ရှရှ အရသာလေးကို ငရုတ်သီးလေးနဲ့ပေါင်းစပ်လိုက်တဲ့အခါ ရှူးရှဲရှူးရှဲနဲ့ အအီပြေပြီး သောက်လို့အလွန်ကောင်းပဲဗျာ။

TheNox_FriedFrogနောက်ဆုံးအနေနဲ့ မြည်းစမ်းကြည့်ခဲ့တာက ၁၂ ရာသီလုံးရတဲ့ ဖားခြောက်စပ်ကြော်လေး။ ဂျင်းနံ့သင်းသင်းလေးနဲ့ ကြွပ်ကြွပ်ရွရွနဲ့ အစပ်အဟပ်တည့်လှတဲ့ ဖားခြောက်စပ်လေးက အမြည်းကောင်းကြိုက်နှစ်သက်တဲ့ကွီးတို့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ်။ ဒီဆိုင်မှာက ဖားခြောက်စပ်အပြင် နတ်မောက်မြို့က ကြွက်ကြော်တို့လို့ ရှားရှားပါးပါး အမယ်လေးတွေရလို့ အကောင်းကြိုက်တဲ့ ကွီးတို့ ဆိုင်ကိုရောက်တာနဲ့ စိတ်ကြိုက်စီမံချက်ခိုင်းလို့ရတယ်ဗျ။

အားလုံးခြုံပြီး ပြောရမယ်ဆိုရင် ဒီဆိုင်လေးက အေးအေးဆေးဆေး ၊ သက်တောင့်သက်သာ နဲ့ Private ဆန်ဆန် Chill လို့ကောင်းတယ်။ ဘော်ဒါတွေနဲ့ သီးသီးသန့်သန့်လေး အနားယူအပန်းဖြေမလား ၊ ချစ်သူလေးနဲ့ အရသာရှိတဲ့ အစားအသောက်ကောင်းလေးတွေပဲ မြည်းစမ်းမလား အဆင်ပြေတယ်။ ဆိုင်နေရာအရမ်းမကျယ်ပေမယ့် အစားအ သောက် ဆန်းဆန်းလေးတွေ ၊ Unplugged Music အစီအစဉ်တွေနဲ့ တစ်နေရာတည်းမှာပဲပျော်စရာတွေ စုဝေးနေ တဲ့ အဝန်းအဝိုင်လေးလို့ ပြောလို့ရတယ်။ ဖော်ရွေတဲ့ ဝန်ထမ်းတွေနဲ့ Service ပိုင်းကလည်း လုံးဝ Perfect ပဲ။ MPU ၊ Kpay ၊ CBPay ၊ Master / Visa Card တွေနဲ့ ရာခိုင်နှုန်းပေးစရာမလိုပဲ Bill ရှင်းလို့ရအောင်စီစဉ်ပေးထားတာဆို တော့ Cash မကိုင်ချင်သူတွေအတွက်လည်း ကွက်တိပဲ။ ဘော်ဒါတွေနဲ့ပျော်ပျော်ပါးပါး TGIF လုပ်ချင်တယ်၊ အစား အသောက်ကောင်းကောင်းလေးတွေနဲ့ အေးအေးဆေးဆေး Relax လုပ်ချင်တယ်ဆိုရင်တော့ အမှတ် (၃၇) ၊ မြေညီ ထပ်၊ အသောကလမ်းမကြီး ၊ နတ်ချောင်းရပ်ကွက် ၊ တာမွေမြို့နယ်မှာရှိတဲ့ The NOX Private Bar လေးကို သွား ရောက်ကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျာ