အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Kwee ချန်နယ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အစားအသောက်ကောင်းတွေ ကြိုက်နှစ်သက်တဲ့  Kwee ပရိသတ်တွေအတွက် ဒီတစ်ခေါက် ရသာဆန်းထူး ကွီး Review အစီအစဉ်ကနေ ရန် ကုန်မြို့ရဲ့ ညနေခင်း နေဝင်ဆည်းဆာအလှကို တဝကြီးကြည့်ရှုခံစားရင်း မွန်းကြပ်မှုတွေအတွက် အကောင်းဆုံး relax လုပ်နိုင်မယ့် ဆိုင်လေးတစ်ဆိုင်ကို  ခေါ်သွားချင်ပါတယ်ဗျ။

ဒီဆိုင်လေးကတော့ သမိုင်းလမ်းဆုံ၊မရမ်းကုန်းမြို့နယ် ၊ ကျိုက်ဝိုင်းဘုရားလမ်းပေါ်မှာရှိတဲ့ The Glass Yangon ဆိုတဲ့ rooftop bar လေးပဲ ဖြစ်ပါတယ်ခင်ဗျ။  ဒီ The Glass Yangon Bar လေးမှာ ဘယ်လိုမျိုး ထူးခြားမှုလေး မြင်တွေ့ရမလဲ ၊ ဘယ်လိုအမိုက်စား menu တွေရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်ဗျ။

TheGlass_SignBoard
ပထမဆုံး ဒီဆိုင်လေးက rooftop ဘား ဆိုပေမယ့် ကားပါကင်ရှိတာမို့ ဘားကိုလာမယ့် ကွီးတို့အနေနဲ့ ကားပါကင် အတွက် စိတ်ပူစရာမလိုပဲ စိတ်ချလက်ချ ကားရပ်ထားလို့ ရတာပေါ့။ နောက်ပြီး ဒီဆိုင်လေးကို စရောက်ကတည်း က ပထမဆုံးခံစားမိတာက ဘာလဲဆိုတော့ သူက open air area ဖြစ်တဲ့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝ လေ လေးတဖြူးဖြူးနဲ့ တကယ့်ကို မွန်းကြပ်မှုတွေပြေပျောက်ပြီး စိတ်ရောလူပါ လုံးဝ Fresh ဖြစ်သွားစေတယ်။

theglass_indoor

နောက်ပြီး ကျွန်​တော်တို့ ကမ်းခြေကို သွားရောက်အပန်းဖြေတဲ့အခါမျိုးမှာ sunset view ကြည့်ပြီး နေဝင်ဆည်းဆာအလှကို ခံစားကြသလိုပဲ ဒီဘားလေးမှာလည်း ညနေခင်း နေဝင်ဆည်းဆာအလှကို တဝကြီးကြည့်ရှု့ခံစားရင်း ရန်ကုန်မြို့ရဲ့ နေဝင်ချိန်အလှကို အပေါ်စီးကနေ မျက်စိတစ်ဆုံးကြည့်ရှု့ခံစားလို့ ရမှာပဲ ဖြစ်ပါတယ်ဗျ။ ပြောရရင် တော်တော်လေးကို စိတ်လွတ်လက်လွတ်ရှိပြီး လွတ်လပ်တဲ့ခံစားမှုအရသာကို အပြည့်အဝ ခံစားရစေတယ်ပေါ့။

theglass_outdoor

နောက်တစ်ခုကတော့ ဘားရဲ့အပြင်အဆင်အပိုင်း။ ဒီမှာက အရောင်အသွေး တော်တော်လေး စုံတာတွေ့ရတယ်။ Lighting ပိုင်းမှာဆိုရင်လည်း လှပတဲ့ရောင်စုံမီးလေးတွေနဲ့ တကယ်ကို လူငယ်ဆန်ဆန်ပြီး open area နဲ့ လိုက် ဖက်တဲ့ပုံစံမျိုးလေး ပြင်ဆင်ပေးထားတာဆိုတော့ တော်တော်လေး မိုက်တယ်ဗျ။

theglass_indoor2

နောက်ပြီး ဒီမှာက indoor / outdoor လဲခွဲပေးထားတာဆိုတော့ အပြင်မှာပဲ လွတ်လွတ်လပ်လပ်ထိုင်မလား ၊ အထဲမှာပဲ အေးအေးဆေးဆေး သက်တောင့်သက်သာထိုင်မလား အဆင်ပြေတယ်။ ထူးခြားတာတစ်ခုက  indoor / outdoor ကိုမှန်ချပ်တွေနဲ့ ကန့်ထားပေးတာဆိုတော့ အထဲအပြင် ဘယ်မှာပဲထိုင်ထိုင် လွတ်လပ်တဲ့ခံစားမှုကတော့ အပြည့်အဝရစေတာပဲ။

TheGlass_Unplugged

နောက်ထပ်တစ်ခုကတော့ အပတ်စဉ် သောကြာ၊စနေ၊တနင်္ဂနွေ  နေ့တွေမှာလဲ နာမည်ကြီး unplug band ၂ခုရဲ့ ဖျော်ဖြေမှုအစီစဉ်လေးတွေလဲ နားဆင်နိုင်အုန်းမှာဆိုတော့ rooftop ဘားလေးမှာ သီချင်းသံအေးအေးလေး တွေနဲ့ တကယ်ကို စိတ်လက်ပေါ့ပါးစွာ အနားယူနိုင်မှာပဲ ဖြစ်ပါတယ်ဗျ။ ဘော်ဒါတွေနဲ့စုပြီး ပျော်ပျော်ပါးပါး ဘော လုံးပွဲ ကြည့်ချင်တဲ့ ကွီးတို့အတွက်လည်း ဘောလုံးပွဲကြည့်ရှု့အားပေးလို့ရသေးတာဆိုတော့ လုံးဝအမိုက်စားပါပဲဗျ။

Theglass_screenview

ကဲဒါဆို The Glass  ဘားလေးရဲ့ ထူးခြားချက်လေးတွေနဲ့ အမိုက်အစားအပြင်အဆင်လေးတွေ ပြောပြီးသွားပြီဆို တော့ ဘယ်လိုမျိုး Drink တွေ အစားအသောက်ကောင်းတွေရလဲဆိုတာ ကျွန်တော်နဲ့အတူတူ တစ်ချက်သွား ကြည့်လိုက်ရအောင်။ ဒီဆိုင်မှာက သောက်စရာတွေလည်း တော်တော်လေးစုံတယ် ပြောရမယ်။ ပေါ့ပေါ့ပါးပါးပဲ သွားချင်တဲ့ကွီးတို့အတွက် ဘီယာ ဘရန်းအစုံနဲ့ အငြိမ့်လေးလွင့်ချင်တဲ့ Ladies တို့အတွက်က signature cocktail တွေ အစုံရွေးချယ်လို့ရတယ်။ ပြင်းပြင်းလေးကစ်ပြီး ခရီးရောက်ချင်တဲ့ ကွီးတို့အတွက်ကတော့ ဝီစကီ ၊ ရမ် ၊ ဗော့ဒ် ကာ ၊ တကီလာ ၊ ဘရန်ဒီ လုံးဝကို ရွေးချယ်စရာအစုံရှိတယ်။

theglass_barcounter

စားစရာပိုင်းမှာဆိုရင်တော့ ကျွန်တော်သိရသလောက်တော့  ဒီဆိုင်မှာက ဝါရင့်စားဖိုမှုးတွေကိုယ်တိုင် အချိန်ယူပြင် ဆင်ထားတဲ့ signature menu တွေ ၊ european နဲ့ ထိုင်းအစားအစာတွေ နာမည်ကြီးပြီး အရသာရှိတဲ့ စားစရာ တွေ တော်တော်လေးကိုစုံလင်တဲ့အပြင် ဒီဆိုင်လေးကိုရောက်ရင် သေချာပေါက် မြည်းစမ်းကြည့်ရမယ့် special menu က ချဉ်ငံစပ် ထိမိဂွိအရသာနဲ့ ပုဇွန်အစိမ်းသုတ်ပဲ ဖြစ်ပါတယ်ဗျ။

TheGlass_PrawnSalad

ကဲဒါဆို ကျွန်တော်တို့ ဒီဆိုင်လေးရဲ့နောက်ထပ် နာမည်ကြီးတဲ့ အရသာအကောင်းဆုံး ဟင်းလျာတွေကိုလည်း မြည်းစမ်းကြည့်လိုက်ကြမယ်ဗျာ။

ဒါလေးကတော့ ဆွေမျိုးမေ့စေမယ့် BBQ ဆော့စ်မွှေးမွှေးလေးနဲ့ နူးအိနေတဲ့ ဝက်နံရိုးကင်နဲ့ အတူ အားလူးချောင်းကြော်ပါဝင်တဲ့ ဝက်နံရိုးကင်ဟင်းပွဲလေးပါပဲ။ The Glass Bar ရဲ့ လူကြိုက်များတဲ့ ဟင်းပွဲ လို့လည်း ဆိုနိုင်တယ်ဗျ။

TheGlass_PorkRibs

ကြွက်သွန်ကြော်အမွှေးနံ့လေးနဲ့ ကြွပ်ရွနေတဲ့ ကြက်သားတုံးကြော်လေးကတော့ သောက်စရာတိုင်းနဲ့ လိုက်ဖက်ညီမယ့် အမြည်းလေးပါပဲ။

TheGlass_FriedChicken

ဒါလေးကတော့ ကွီးတို့ကို စိတ်ပင်ပန်းမှုတွေပြေပျောက်စေပြီး ခံတွင်းရှင်းသွားစေမယ့် ချဥ်စပ်အရသာ ပင်လယ်စာတုံယမ်း ဟင်းပွဲလေးပါ။

TheGlass_TomYumSoup

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ ခရုဆီကညွတ်ကြော်လေးရဲ့ အရသာကလည်း တစ်မျိုးထူးခြားကောင်းမွန်နေပြန်တယ်ဗျ။

theglass_friedasparagus

ဒါ့အပြင် Cocktail ကောင်းကောင်းလေးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့ ဆိုရင် တိမ်ပေါ်ထိခေါ်သွားမယ့် The Glass ရဲ့ Signautre Cocktail ” Chili Gum Drop” လေးကိုလည်း မြည်းစမ်းကြည့်ခဲ့ဖို့လည်း မှာချင်ပါတယ်ဗျ။

ခြုံပြောရမယ်ဆိုရင် ကျွန်တော် အခုတင်ဆက်ပေးခဲ့တဲ့ The Glass ဘားလေးဟာဆိုရင်  တစ်နေ့တာ မွန်းကြပ်မှုတွေကိုအကောင်းဆုံး အနားယူအပန်းဖြေချင်သူတွေ ၊ ညနေခင်း နေဝင်ဆည်းဆာအလှကို ကြည့်ရှု့ခံစားရင်း ရိုမန်တစ်ဆန်ဆန်ဖြတ် သန်းချင်တဲ့ ချစ်သူစုံတွဲတွေ ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် Chill ချင်သူတွေ နဲ့ open area လေးမှာ သက်တောင့်သက်သာနဲ့ အရသာရှိတဲ့ အစားအသောက်ကောင်းတွေ သုံးဆောင်ချင်သူတွေ သေချာ ပေါက်သွားသင့်တဲ့ ဆိုင်လေးဖြစ်တာကြောင့် ကွီးတို့သွားရောက်မြည်းစမ်းကြည့်ဖို့ ညွန်းဆိုပေးလိုက်ပါတယ်ခင်ဗျာ။