ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း စုစည်းတင်ဆက်ပေးနေတဲ့ ရသာဆန်းထူး ကွီး Review အစီအစဉ်လေးကနေ ကွီးတို့အတွက် တမူထူးခြားပြီး ဇိမ်ကျကျနဲ့ Chill လို့ရမယ့်ဆိုင်လေးကို ရွေးချယ် ပေးထားပါတယ်။
အဲဒါကတော့ ရန်ကုန်မြို တောင်ဥက္ကလာမြို့နယ် စက်မှု ၄ လမ်းမှာရှိတဲ့ The Lounge ဆိုတဲ့ ဆိုင်လေးပါပဲ။ ဒီဆိုင်လေးရဲ့ ပထမဆုံး အားသာချက်က ကျယ်ဝန်းတဲ့ ကားပါကင်ရှိတာ ပါပဲ။ ဘားတစ်ခုထိုင်မယ်ဆို ကားရပ်စရာနေရာရှာရတာကလည်း တော်တော်တိုင်ပတ်ပါတယ်။ The Lounge မှာတော့ စိတ်ချလက်ချ ကားရပ်ထားနိုင်မယ့် ကျယ်ဝန်းတဲ့ ကားပါကင်ရှိနေတာဆိုတော့ ကွီးတို့ ခေါင်းမစားရတော့ဘူးပေါ့။
နောက်တစ်ချက်က ဆိုင်အပြင်အဆင်နဲ့ Decoration ပိုင်းပါ။ Bar အပြင်ဘက် အဆောက်ဦးဒီဇိုင်းက ခန့်ညား ပြီး ဆွဲဆောင်မှုရှိတဲ့အပြင် ဝင်ပေါက်နေရာကစလို့ Bar ရဲ့ အတွင်းပိုင်းထိကို တော်တော်လေးဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ Premium ဆန်တဲ့ Vibe မျိုး ပြင်ဆင်ထားတယ်။
မီးရောင်စုံနဲ့ အပြင်အဆင် ခပ်မိုက်မိုက်လေးဆိုတော့ ဓာတ်ဖမ်း ချင်တဲ့ ကွီးနဲ့ မဒီတို့ အတွက်ကတော့ ဓာတ်ဖမ်းလို့ အကောင်းဆုံးပဲပေါ့ဗျာ။
Bar ရဲ့အတွင်းပိုင်း အကျယ်အဝန်းကလည်း လက်ဖျားခါလောက်ရလောက်တဲ့အထိကို ကျယ်ဝန်းတယ်ဗျ။
အမြင့် ၂၅ ပေရှိတဲ့ အဆောက်အဦးကြီး ဆိုတော့ Outdoor မှာထိုင်နေရသလို အသက်ရှုချောင်တယ် ၊ ကျယ်ကျယ်ဝန်း ဝန်းနဲ့ လွတ်လပ်တဲ့ Feeling ကို အပြည့်အဝ ခံစားရတယ်။
ဘော်ဒါတွေစုပြီး သောက်ကြစားကြရင်း ဘောလုံးပွဲ ကြည့်ချင်တဲ့ ကွီးတို့အတွက်လည်း ပေ ၂၀ ရှိတဲ့ ပိတ်ကားကြီးနဲ့ ကိုယ်အားပေးတဲ့ အသင်းကို ကြည်ကြည်လင်လင် ပြတ် ပြတ်သားသား ကြည့်ရှု့အားပေးလို့ရတယ်ဗျ။ သောကြာ ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာလည်း Unplugged Music အစီအစဉ်လည်း ရှိပါသေးတယ်။ ဒီတော့ သီချင်းတွေ နားထောင်ရင်း သောက်ရင်းစားရင်း အကောင်းဆုံး အပန်း ဖြေအနားယူနိုင်မှာ ဖြစ်ပါတယ်။
အသောက်တလိုင်း ကွီးတို့အတွက်တော့ သောက်စရာတွေ တော်တော်လေးကိုစုံတယ်။ အပြင်း ၊ အပျော့ ရွေးချယ် စရာ အများကြီးရှိတယ်ဗျ။ ငြိမ့်ငြိမ့်လေး လွင့်ချင်တဲ့သူတွေအတွက်လည်း ရွေးချယ်စရာ ကော့လ် တေး အမျိုးအစားအစုံအလင် အပြင် ရှီရှားလေးနဲ့လည်း Chill လို့ရတယ် ။
အသောက်နဲ့ အစားတွဲမယ်ဆိုတဲ့ Foodie တို့အတွက်လည်း အကင်တွေ ၊ ထိုင်းအစားအစာ နဲ့ တခြားအရသာရှိတဲ့ Menu အစုံရှိတယ်။
စုံလင်တဲ့ Menu တွေနဲ့ အားလုံးက, စားချင်စရာ ဖြစ်နေလို့ ဘာစားရမလဲ ရွေးရခက်နေတယ်ဆိုရင် The Lounge ရဲ့ နာမည်အကြီးဆုံး ဝက်ဂုတ်သားကင် (Grilled Pork Neck )
နဲ့ ကြက်တောင်ပံကင် (BBQ Chicken Wing) ကိုသေချာပေါက် မြည်းစမ်းကြည့်ဖို့ Recommend ပေးပါတယ်ခင်ဗျာ။
ကဲဒါဆို The Lounge ဆိုင်လေးအကြောင်း ပြောရမယ်ဆိုရင်တော့ ကျယ်ဝန်းတယ် ၊ အပြင်အဆင်တွေ မိုက် တယ် ၊ ဘော်ဒါတွေနဲ့ စုပြီး ပျော်ပျော်ပါးပါး Chill လို့ရသလို ချစ်သူနဲ့ အေးအေးဆေးဆေး သောက်ရင်းစားရင်း ဖြတ်သန်းချင််တဲ့ Couple တွေအတွက်လည်း အဆင်ပြေတယ် ၊ သောက်စရာကော့လ်တေးတွေ စုံတယ် ၊ ဝက်ဂုတ်သားကင် (Grilled Pork Neck ) နဲ့ ကြက်တောင်ပံကင် (BBQ Chicken Wing) ကတော့ သေချာပေါက် မြည်းစမ်းကြည့်သင့်တဲ့ Menu တွေပေါ့ ၊ နောက်ပြီး အရသာရှိတဲ့ စားစရာတွေလည်း အစုံရတယ် ၊ Unplugged နားထောင်မလား ၊ ဘောလုံးပွဲကြည့်မလား ၊ ရုပ်ရှင်ကြည့်မလား အားလုံးရနိုင်တဲ့ အပြင် ဓာတ်ဖမ်းဖို့အတွက် မီးရောင်စုံနဲ့ လှပတဲ့ အပြင်ဆင်တွေလည်းရှိတယ်ဆိုတော့ အထာကျကျနဲ့ အဆင့်မြင့်မြင့် အပန်းဖြေအနား ယူချင်တဲ့ ကွီးတို့အတွက်တော့ The Lounge က သေချာပေါက်သွားသင့်တဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ခင်ဗျာ။