ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း စုစည်းတင်ဆက်ပေးနေတဲ့ ရသာဆန်းထူး ကွီး Review  အစီအစဉ်လေးကနေ ကွီးတို့အတွက် တမူထူးခြားပြီး ဇိမ်ကျကျနဲ့ Chill လို့ရမယ့်ဆိုင်လေးကို ရွေးချယ် ပေးထားပါတယ်။

အဲဒါကတော့ ရန်ကုန်မြို တောင်ဥက္ကလာမြို့နယ် စက်မှု ၄ လမ်းမှာရှိတဲ့ The Lounge ဆိုတဲ့ ဆိုင်လေးပါပဲ။ ဒီဆိုင်လေးရဲ့ ပထမဆုံး အားသာချက်က ကျယ်ဝန်းတဲ့ ကားပါကင်ရှိတာ ပါပဲ။ ဘားတစ်ခုထိုင်မယ်ဆို ကားရပ်စရာနေရာရှာရတာကလည်း တော်တော်တိုင်ပတ်ပါတယ်။  The Lounge မှာတော့ စိတ်ချလက်ချ ကားရပ်ထားနိုင်မယ့် ကျယ်ဝန်းတဲ့ ကားပါကင်ရှိနေတာဆိုတော့ ကွီးတို့ ခေါင်းမစားရတော့ဘူးပေါ့။

Thelounge_CarParking

နောက်တစ်ချက်က ဆိုင်အပြင်အဆင်နဲ့ Decoration ပိုင်းပါ။ Bar အပြင်ဘက် အဆောက်ဦးဒီဇိုင်းက ခန့်ညား ပြီး ဆွဲဆောင်မှုရှိတဲ့အပြင် ဝင်ပေါက်နေရာကစလို့ Bar ရဲ့ အတွင်းပိုင်းထိကို တော်တော်လေးဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ Premium ဆန်တဲ့ Vibe မျိုး ပြင်ဆင်ထားတယ်။

Thelounge_Entrance

မီးရောင်စုံနဲ့ အပြင်အဆင် ခပ်မိုက်မိုက်လေးဆိုတော့ ဓာတ်ဖမ်း ချင်တဲ့ ကွီးနဲ့ မဒီတို့ အတွက်ကတော့ ဓာတ်ဖမ်းလို့ အကောင်းဆုံးပဲပေါ့ဗျာ။

Thelounge_Interior

Bar ရဲ့အတွင်းပိုင်း အကျယ်အဝန်းကလည်း လက်ဖျားခါလောက်ရလောက်တဲ့အထိကို ကျယ်ဝန်းတယ်ဗျ။

အမြင့် ၂၅ ပေရှိတဲ့ အဆောက်အဦးကြီး ဆိုတော့ Outdoor မှာထိုင်နေရသလို အသက်ရှုချောင်တယ် ၊  ကျယ်ကျယ်ဝန်း ဝန်းနဲ့ လွတ်လပ်တဲ့ Feeling ကို အပြည့်အဝ ခံစားရတယ်။

Thelounge_Interior1

ဘော်ဒါတွေစုပြီး သောက်ကြစားကြရင်း ဘောလုံးပွဲ ကြည့်ချင်တဲ့ ကွီးတို့အတွက်လည်း ပေ ၂၀ ရှိတဲ့ ပိတ်ကားကြီးနဲ့ ကိုယ်အားပေးတဲ့ အသင်းကို ကြည်ကြည်လင်လင် ပြတ် ပြတ်သားသား ကြည့်ရှု့အားပေးလို့ရတယ်ဗျ။  သောကြာ ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာလည်း Unplugged Music အစီအစဉ်လည်း ရှိပါသေးတယ်။ ဒီတော့ သီချင်းတွေ နားထောင်ရင်း သောက်ရင်းစားရင်း အကောင်းဆုံး အပန်း ဖြေအနားယူနိုင်မှာ ဖြစ်ပါတယ်။

Thelounge_Unplugged

အသောက်တလိုင်း ကွီးတို့အတွက်တော့ သောက်စရာတွေ တော်တော်လေးကိုစုံတယ်။ အပြင်း ၊ အပျော့ ရွေးချယ် စရာ အများကြီးရှိတယ်ဗျ။ ငြိမ့်ငြိမ့်လေး လွင့်ချင်တဲ့သူတွေအတွက်လည်း ရွေးချယ်စရာ ကော့လ် တေး အမျိုးအစားအစုံအလင် အပြင် ရှီရှားလေးနဲ့လည်း Chill လို့ရတယ် ။

Thelounge_CocktailMenu

အသောက်နဲ့ အစားတွဲမယ်ဆိုတဲ့ Foodie တို့အတွက်လည်း အကင်တွေ ၊ ထိုင်းအစားအစာ နဲ့ တခြားအရသာရှိတဲ့ Menu အစုံရှိတယ်။

TheLounge_Beef Tenderloin Salad

စုံလင်တဲ့ Menu တွေနဲ့ အားလုံးက, စားချင်စရာ ဖြစ်နေလို့ ဘာစားရမလဲ ရွေးရခက်နေတယ်ဆိုရင် The Lounge ရဲ့ နာမည်အကြီးဆုံး ဝက်ဂုတ်သားကင် (Grilled Pork Neck )

TheLounge_Grill Pork Neck

နဲ့ ကြက်တောင်ပံကင်  (BBQ Chicken Wing) ကိုသေချာပေါက် မြည်းစမ်းကြည့်ဖို့ Recommend ပေးပါတယ်ခင်ဗျာ။

TheLounge_BBQ Chicken Wings

ကဲဒါဆို The Lounge ဆိုင်လေးအကြောင်း ပြောရမယ်ဆိုရင်တော့ ကျယ်ဝန်းတယ် ၊ အပြင်အဆင်တွေ မိုက် တယ် ၊ ဘော်ဒါတွေနဲ့ စုပြီး ပျော်ပျော်ပါးပါး Chill လို့ရသလို ချစ်သူနဲ့ အေးအေးဆေးဆေး သောက်ရင်းစားရင်း ဖြတ်သန်းချင််တဲ့ Couple တွေအတွက်လည်း အဆင်ပြေတယ် ၊ သောက်စရာကော့လ်တေးတွေ စုံတယ် ၊ ဝက်ဂုတ်သားကင် (Grilled Pork Neck ) နဲ့ ကြက်တောင်ပံကင်  (BBQ Chicken Wing) ကတော့ သေချာပေါက် မြည်းစမ်းကြည့်သင့်တဲ့ Menu တွေပေါ့ ၊ နောက်ပြီး အရသာရှိတဲ့ စားစရာတွေလည်း အစုံရတယ် ၊ Unplugged နားထောင်မလား ၊ ဘောလုံးပွဲကြည့်မလား ၊ ရုပ်ရှင်ကြည့်မလား အားလုံးရနိုင်တဲ့ အပြင် ဓာတ်ဖမ်းဖို့အတွက် မီးရောင်စုံနဲ့ လှပတဲ့ အပြင်ဆင်တွေလည်းရှိတယ်ဆိုတော့ အထာကျကျနဲ့ အဆင့်မြင့်မြင့် အပန်းဖြေအနား ယူချင်တဲ့ ကွီးတို့အတွက်တော့ The Lounge က သေချာပေါက်သွားသင့်တဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်ခင်ဗျာ။

Thelounge_Thankyou