[Zawgyi]

ဝန္ထမ္းအမ်ားစု ရံုးကျပန္ေရာက္ၿပီဆိုတာနဲ႔ ေရမိုးခ်ဳိး ထမင္းစားေသာက္မယ္ ဖုန္းေလးပြတ္မယ္ ခဏအၾကာမွာ အိပ္မယ္ ဒီလိုပံုစံေလးေတြနဲ႔ပဲ ေန႔စဥ္ဘဝကို ကုန္ဆံုးၾကတာမ်ားပါတယ္။တကယ္ေတာ့ ဒီလိုတစ္ေန႔ကုန္ပင္ပင္ပန္းပန္း အလုပ္လုပ္ၿပီး အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ အနားလည္းယူရင္ ကိုယ့္အတြက္ အက်ဳိးရွိေစမယ့္ အရာေတြနဲ႔ ကုန္ဆံုးသင့္တာပါ။ဒီေန႔မွာေတာ့ စာဖတ္သူတို႔အေနနဲ႔ ရံုးမွအိမ္ကိုျပန္ေရာက္တဲ့ညဘက္အခ်ိန္ေတြကို အခုေျပာျပတဲ့နည္းလမ္းေတြအတိုင္းအက်ဳိးရွိရွိျဖတ္သန္းလိုက္ပါ။

(၁) မိသားစုကိုအခ်ိန္ေပးပါ

Source : Yelp

မိသားစုဆိုတာ အရင္းအႏွီးဆံုးေနၾကတဲ့သူေတြျဖစ္ေပမယ့္လည္း တစ္ခါတစ္ေလမွာ တစ္အိမ္ထဲေနၿပီးေဝးေနတာမ်ဳိးျဖစ္တက္ၾကပါတယ္။ယေန႔ေခတ္မွာက နည္းပညာပစၥည္းေတြရဲ႕ အက်ဳိးဆက္ေၾကာင့္ သူတို႔လည္းသူတို႔ဖုန္းသူတို႔သံုး ကိုယ္လည္ းကိုယ္ဖုန္းကိုယ္သံုးၿပီး မိသားစုရဲ႕ ေႏြးေထြးမႈေနြေပ်ာက္ဆံုးေနတက္ပါတယ္။ဒါေၾကာင့္ကိုယ့္အေနနဲ႔ အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ ဖုန္းေတြ အိုင္တီပစၥည္းေတြထက္ မိသားစုကိုသီးသန္႔ အခ်ိန္ေပးၿပီး ညစာလက္ဆံုစားတာ စကားေတြေျပာတာစသည့္ျဖင့္ ျပဳလုပ္ဖို႔အႀကံျပဳခ်င္ပါတယ္။

(၂) ဖုန္းသံုးခ်ိန္ေလ်ာ့ပါ

Source : Politeka.net

ယေန႔ေခတ္လူေတြရဲ႕ အပန္းေျဖမႈက ဖုန္းေတြအေပၚမွာပဲ ရွိေနၾကပါတယ္။တစ္ေန႔ကုန္ပင္ပန္းလာလို႔ စိတ္ေျပလက္ေပ်ာက္ ဂိမ္းေဆာ့မယ္ ေဖ့ဘြတ္သံုးမယ္ဆိုရင္လည္း ခဏတျဖဳတ္သာ အသံုးျပဳသင့္ပါတယ္။အိပ္ခ်ိန္နဲ႔ေတာ့ အနည္းဆံုး ၂ နာရီေလာက္ျခားၿပီးသံုးသင့္ပါတယ္။ကိုယ္ကညဆယ္နာရီမွာအိပ္မယ္စိတ္ကူးထားရင္ ညရွစ္နာရီေလာက္ထဲက ဖုန္းေတြနဲ႔ အေဝးဆံုးမွာေနသင့္ပါတယ္။ဖုန္းအလြန္အကြ်ံသံုးစြဲျခင္းကအိပ္စက္ျခင္းကိုအေႏွာက္ယွက္ျဖစ္ေစတာေၾကာင့္ သင့္ကိုအိပ္ေရးပ်က္ေစ မွာျဖစ္သလို မနက္ႏိုးတဲ့အခါမွာလည္း အိပ္ေရးမသလိုခံစားရေစမွာပါ။

(၃) အိပ္ခါနီးစာအုပ္ဖတ္ပါ

Source : Pixabay

အိပ္ခါနီးမွာ ကိုယ့္အႀကိဳက္ဆံုးစာအုပ္တစ္အုပ္နဲ႔ အိပ္ယာဝင္ရတာေလာက္ ဇိမ္က်တဲ့အရာမရွိပါဘူး။စာအုပ္ေတြက သင့္ကိုေကာင္းမြန္တဲ့ ဗဟုသုတေတြအမ်ားႀကီးရရွိေစမယ့္ ရတနာသိုက္တစ္ခုျဖစ္ပါတယ္။ဘဝမွာေအာင္ျမင္ေနတဲ့ ပုဂၢိုလ္တိုင္းလည္း ညအိပ္ယာဝင္ခ်ိန္မွာ စာအုပ္ေကာင္းေကာင္းေလးတစ္အုပ္နဲ႔ အျမဲအိပ္ယာဝင္ၾကပါတယ္။စာဖတ္ျခင္းကသင့္ကိုဗဟုသုတရေစမယ့္အျပင္ ေကာင္းစြာအိပ္ေပ်ာ္ဖို႔ကုိလည္း အေထာက္အကူျပဳမွာျဖစ္ပါတယ္။

(၄) ေနာက္တစ္ေန႔အတြက္ႀကိဳတင္ျပင္ဆင္ပါ

Source : The Advocate

ႀကိဳတင္ျပင္ဆင္မႈရွိျခင္း အမွားအယြင္းနည္းသလို တိက်မွန္ကန္မႈကိုလည္းရရွိေစမွာျဖစ္ပါတယ္။ဒါေၾကာင့္သင့္အေနနဲ႔ အၾကမ္းဖ်င္းအားျဖင့္ေနာက္ေန႔တစ္မွာလုပ္ကိုင္ရမဲ့ အလုပ္ေတြ အေရးႀကီးတဲ့လုပ္ငန္းေဆာင္တာေတြ ေနာက္ဆံုးအဝတ္ အစားကအစႀကိဳတင္ျပင္ဆင္ထားမယ္ဆိုရင္ ေနာက္တစ္ေန႔ မွာအရာအားလံုးေအးေအးေဆးေဆးနဲ႔ အမွားနည္းစြာလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

[Unicode]

ဝန်ထမ်းအများစု ရုံးကပြန်ရောက်ပြီဆိုတာနဲ့ ရေမိုးချိုး ထမင်းစားသောက်မယ် ဖုန်းလေးပွတ်မယ် ခဏအကြာမှာ အိပ်မယ် ဒီလိုပုံစံလေးတွေနဲ့ပဲ နေ့စဉ်ဘဝကို ကုန်ဆုံးကြတာများပါတယ်။တကယ်တော့ ဒီလိုတစ်နေ့ကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ အနားလည်းယူရင် ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေနဲ့ ကုန်ဆုံးသင့်တာပါ။ဒီနေ့မှာတော့ စာဖတ်သူတို့အနေနဲ့ ရုံးမှအိမ်ကိုပြန်ရောက်တဲ့ညဘက်အချိန်တွေကို အခုပြောပြတဲ့နည်းလမ်းတွေအတိုင်းအကျိုးရှိရှိဖြတ်သန်းလိုက်ပါ။

(၁) မိသားစုကိုအချိန်ပေးပါ

Source : Yelp

မိသားစုဆိုတာ အရင်းအနှီးဆုံးနေကြတဲ့သူတွေဖြစ်ပေမယ့်လည်း တစ်ခါတစ်လေမှာ တစ်အိမ်ထဲနေပြီးဝေးနေတာမျိုးဖြစ်တက်ကြပါတယ်။ယနေ့ခေတ်မှာက နည်းပညာပစ္စည်းတွေရဲ့ အကျိုးဆက်ကြောင့် သူတို့လည်းသူတို့ဖုန်းသူတို့သုံး ကိုယ်လည် းကိုယ်ဖုန်းကိုယ်သုံးပြီး မိသားစုရဲ့ နွေးထွေးမှုနွေပျောက်ဆုံးနေတက်ပါတယ်။ဒါကြောင့်ကိုယ့်အနေနဲ့ အိမ်ပြန်ရောက်တဲ့အချိန်မှာ ဖုန်းတွေ အိုင်တီပစ္စည်းတွေထက် မိသားစုကိုသီးသန့် အချိန်ပေးပြီး ညစာလက်ဆုံစားတာ စကားတွေပြောတာစသည့်ဖြင့် ပြုလုပ်ဖို့အကြံပြုချင်ပါတယ်။

(၂) ဖုန်းသုံးချိန်လျော့ပါ

Source : Politeka.net

ယနေ့ခေတ်လူတွေရဲ့ အပန်းဖြေမှုက ဖုန်းတွေအပေါ်မှာပဲ ရှိနေကြပါတယ်။တစ်နေ့ကုန်ပင်ပန်းလာလို့ စိတ်ပြေလက်ပျောက် ဂိမ်းဆော့မယ် ဖေ့ဘွတ်သုံးမယ်ဆိုရင်လည်း ခဏတဖြုတ်သာ အသုံးပြုသင့်ပါတယ်။အိပ်ချိန်နဲ့တော့ အနည်းဆုံး ၂ နာရီလောက်ခြားပြီးသုံးသင့်ပါတယ်။ကိုယ်ကညဆယ်နာရီမှာအိပ်မယ်စိတ်ကူးထားရင် ညရှစ်နာရီလောက်ထဲက ဖုန်းတွေနဲ့ အဝေးဆုံးမှာနေသင့်ပါတယ်။ဖုန်းအလွန်အကျွံသုံးစွဲခြင်းကအိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေတာကြောင့် သင့်ကိုအိပ်ရေးပျက်စေ မှာဖြစ်သလို မနက်နိုးတဲ့အခါမှာလည်း အိပ်ရေးမသလိုခံစားရစေမှာပါ။

(၃) အိပ်ခါနီးစာအုပ်ဖတ်ပါ

Source : Pixabay

အိပ်ခါနီးမှာ ကိုယ့်အကြိုက်ဆုံးစာအုပ်တစ်အုပ်နဲ့ အိပ်ယာဝင်ရတာလောက် ဇိမ်ကျတဲ့အရာမရှိပါဘူး။စာအုပ်တွေက သင့်ကိုကောင်းမွန်တဲ့ ဗဟုသုတတွေအများကြီးရရှိစေမယ့် ရတနာသိုက်တစ်ခုဖြစ်ပါတယ်။ဘဝမှာအောင်မြင်နေတဲ့ ပုဂ္ဂိုလ်တိုင်းလည်း ညအိပ်ယာဝင်ချိန်မှာ စာအုပ်ကောင်းကောင်းလေးတစ်အုပ်နဲ့ အမြဲအိပ်ယာဝင်ကြပါတယ်။စာဖတ်ခြင်းကသင့်ကိုဗဟုသုတရစေမယ့်အပြင် ကောင်းစွာအိပ်ပျော်ဖို့ကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။

(၄) နောက်တစ်နေ့အတွက်ကြိုတင်ပြင်ဆင်ပါ

Source : The Advocate

ကြိုတင်ပြင်ဆင်မှုရှိခြင်း အမှားအယွင်းနည်းသလို တိကျမှန်ကန်မှုကိုလည်းရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်သင့်အနေနဲ့ အကြမ်းဖျင်းအားဖြင့်နောက်နေ့တစ်မှာလုပ်ကိုင်ရမဲ့ အလုပ်တွေ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေ နောက်ဆုံးအဝတ် အစားကအစကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် နောက်တစ်နေ့ မှာအရာအားလုံးအေးအေးဆေးဆေးနဲ့ အမှားနည်းစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။