ပါတီပွဲလို့ပြောလိုက်တာနဲ့ သီချင်းသံအကျယ်ကြီးတွေ၊ လူအများပြီးနဲ့ အရက်တို့ ကော့တေးတို့ကိုပဲပြေးမြင်မိကြပါတယ်။ တချို့လူတွေကကျ လူရှုပ်တဲ့နေရာ၊ ဆူညံ့တဲ့နေရာတွေကို မကြိုက်ကြပါဘူး။ စာဖတ်သူတို့ရော ပါတီပွဲမှာ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးရတာ ကြိုက်နှစ်သက်ကြရဲ့လား။

ဆူဆူညံ့ညံ့တွေမကြိုက်လို့ ပါတီပွဲတစ်ခါမှ မသွားဘူးဆိုရင် အသစ်အဆန်းလေးတွေကို စူးစမ်းရှာဖွေတဲ့အနေနဲ့ တစ်ခေါက်လောက်တော့ တက်သင့်ပါတယ်။ တိုတောင်းလှတဲ့လူ့ဘဝကြီးမှ အရသာအစုံအလင် မြည်းစမ်းကြည့်မှာ ဘဝကြီးကအဓိပ္ပာယ်​ရှိမှာမဟုတ်လားနော်။

ဘယ်လောက်ပဲ ဆူညံ့နေပါစေ ပါတီပွဲက ပျော်ဖို့ကောင်းတယ်ဆိုတာကိုတော့ ငြင်းလို့ရမယ်မထင်ပါဘူး။ ကခုန်ခြင်းတို့ အရက်၊ ဝိုင်၊ ကော့တေးတို့ မသောက်ဘဲ ပါတီမှာ ကဲလို့ရတယ်ဆိုတာကိုရော စာဖတ်သူတို့ သိကြပါသလား။ မသိသေးဘူးဆိုရင်တော့ ပါတီပွဲမှာ အကျိုးရှိစွာ အချိန်ဘယ်လိုကုန်ဆုံးမလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

သူငယ်ချင်းဟောင်းတွေနဲ့ စကားစမြည်ပြောကြမယ်

Source: greatist.com

ပါတီပွဲတွေဆိုတာက သင့်ရဲ့လူမှုဆက်ဆံရေးကို တိုးမြှင့်ပေးတဲ့နေရာဆိုလည်း မမှားပါဘူး။ မတွေ့ရတာ နှစ်အတော်ကြာပြီဖြစ်တဲ့သူငယ်ချင်းတွေနဲ့ တွေ့ဆုံရင်း စကားစမြည်ပြောကြမယ်၊ သူ့လုပ်ငန်း ကိုယ့်လုပ်ငန်း ဗဟုသုတတွေဖလှယ်ရင်း ကိုယ် အကူအညီလိုတဲ့အခါလည်း အကူအညီတောင်းနိုင်တာပေါ့။

မိတ်ဆွေသစ်ဖွဲ့ပါ

Source: Shutterstock

သင်နဲ့ မျက်မှန်းတန်းမိပေမယ့် မရင်းနှီးတဲ့သူတွေကို ပါတီပွဲမှာတွေ့တဲ့အခါ ကိုယ့်ဘက်က ပြုံးပြပြီး ဖော်ရွေစွာဆက်ဆံပေးလိုက်ပါ။

အစားအသောက်တွေ တစ်ဝကြီးစားကြမယ်

Source: Shutterstock

လူအများကြီးရှိလို့ဆိုပြီး အစားအသောက်စားရမှာ မရှက်ပါနဲ့။ ရှက်နေရင်တော့ သင်ပဲဗိုက်မပြည့်ဘဲ ငတ်သွားပါလိမ့်မယ်။ ဒါ့အပြင် ပါတီပွဲမှာက ရိုးရာအစားအစာ၊ ဒေသအစားအစာတွေနဲ့ တည်ခင်းဧည့်ခံလေ့ရှိပါတယ်။ အစားအသောက် အသစ်အဆန်းတွေကို မြည်းကြည့်ရင်း ဘဝရဲ့အနှစ်သာရကို ခံစားလိုက်ပါ။

ဂိမ်းဆော့ပါ

Source: Shutterstock

ပါတီပွဲမှာ ဆော့လေ့ရှိတဲ့ဂိမ်းတွေက ပျော်စရာကောင်းပါတယ်။ ကိုယ်နဲ့ မသိတဲ့သူတွေပါလို့ မဆော့ဘဲမနေပါနဲ့။ ဂိမ်းဆော့ခြင်းက တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးကျွမ်းဝင်မှုရှိအောင် ကူညီပေးပါတယ်။

သင် ကြိတ်ခရက်ရှ်နေတဲ့ ကောင်မလေးကို ပါတီအတူတူတက်ဖို့ ဖိတ်ပါ

Source: whatdewhat.com

ကြောက်မနေပါနဲ့။ ကြောက်တာတို့၊ ရှက်တာတို့ ခံစားနေရင် သူများနောက်ပါသွားပြီး သင် ကျန်ရစ်ဖြစ်သွားပါလိမ့်မယ်။ ရဲရဲဝံ့ဝံ့နဲ့ပဲ ပါတီအတူတူတက်ဖို့ခေါ်ပါ။ သူက ခိုင်လုံတဲ့အကြောင်းပြချက်မပေးဘဲ အင်း…အဲ လုပ်နေပြီး မလိုက်ဘူးဆိုရင်တော့လည်း တခြားကောင်မလေးကိုပဲ ပြောင်းခရက်ရှ်လိုက်တော့ပေါ့။ ဘာခက်တာမှတ်လို့။