ညဖက်ကောင်းကောင်းအိပ်မပျော်နိုင်ရတဲ့ အကြောင်း အရင်းတွေက အများကြီးရှိပါတယ်။ ကွီးတို့က ညဖက် အိပ်ပျော်ဖို့ ခက်ခဲနေသလား။ အိပ်ပျော်နေရင်းညသန်းခေါင် နိုးလာတတ်သလား။ မနတ်မိုးလင်းလာတဲ့အချိန် ပင်ပန်းနေသလို ခံစားနေရပြီလား။

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်သင့်နေပါပြီ။ ဒီဆောင်းပါးမှာ ညဖက်ကောင်းကောင်းအိပ်ပျော်စေဖို့ ဘာတွေလုပ်သင့်လဲ ဘယ်အရာတွေကို ရှောင်ရှားရမလဲဆိုတာ အဓိကထား ဆွေးနွေးသွားမှာပါ။

စိတ်ဖိစီးမှုတွေကို ရှောင်ရှားပါ

Source: Education Central

စိတ်ဖိစီးမှုဟာ ညဖက်ကောင်းကောင်းအိပ်မပျော်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တခုပါ။ ဘာကြောင့်လဲ ဆိုတော့ စိတ်ဖိစီးမှုတွေကို ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ် အများကြီး သက်ရောက်မှုရှိနေလို့ပါပဲ။

ဒီစိတ်ဖိစီးမှုကို ရှောင်ရှားနိုင်ဖို့အတွက် စာဖက်တာ ဒါမှမဟုတ် သီချင်းအေးအေးလေးတွေနာထောင်တာတွေ လုပ်ပေးပါ။ နောက်တနည်းကတော့ အသက်ရှုလေ့ကျင့်ခန်း ဒါမှမဟုတ် တရားထိုင်တာတွေ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို relax ဖြစ်စေပြီးတော့ ညဖက်ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

ဖုန်း၊ တီဗီ စတဲ့ အီလတ်ထရောနစ် ပစ္စည်းတွေ အသုံးပြုတာလျှော့ချပါ

Source: DC on Heels

ညဖက်တွေမှာ အီလတ်ထရောနစ် ပစ္စည်းသုံးတာကပဲ ပြသာနာမဟုတ်ပါဘူး။ နေ့ဖက်တွေမှာလည်း အီလတ်ထရောနစ် ပစ္စည်းတွေ အလွန်အကျွန်အသုံးပြုတာကလည်း ညဖက်အိပ်တဲ့အပေါ်မှာ ထိခိုက်မှုရှိနေပါတယ်။

ကွီးတို့ ကောင်းကောင်းအိပ်ပျော်ချင်သလား။ ဒါဆိုရင်တော့ အိပ်ခန်းထဲက အီလတ်ထရောနစ်တွေ တီဗီ၊ ဖုန်း၊ လက်တော့ပ် တွေကို ပိတ်ထားလိုက်ပါ။ အိပ်ယာမဝင် ခင်မိနစ် ၃၀ အလိုမှာ ဘယ် အီလတ်ထရောနစ်ပစ္စည်းကိုမှ အသုံးမပြုပါနဲ့။ ၁ နာရီလောက် အသုံးမပြုဘဲ နေတာက ပိုကောင်းပါမယ်။

အိပ်ယာမဝင်ခင် စာဖက်တာနဲ့ သီချင်းအေးအေးလေးတွေ နားထောင်ပေးတာက ညဖက်အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ

Source: Harvard Health

ပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာ ကောင်းကောင်းအိပ် ပျော်စေဖို့အတွက် အဓိကသော့ချက်တခုပါပဲ။ ပညာရှင်တွေကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့လူ ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် အားကစားသမားတွေဟာ သာမန်လူတွေ ထက် ပိုပြီးကောင်းကောင်းအိပ်ပျော်ကြတယ်လို့ ပြောထားပါတယ်။

ဒါကြောင့် နေ့တိုင်းမဟုတ်ရင်တောင် နှစ်ရက်ခြားတခါလောက် ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပေးပါ။ မိနစ် ၃၀ လောက်လမ်းလျှောက်ပေးတာ ဒါမှမဟုတ် ယောဂ လေ့ကျင့်ခန်း တွေလုပ်ပေးတာက ကျန်းမာရေးအတွက်လည်း ညီညွတ်ပါတယ်။

အိပ်ယာမဝင်ခင် ကော်ဖီမသောက်ပါနဲ့

Source: Clinical Advisor

ကော်ဖီကြိုက်တဲ့သူတွေအတွက် ထမင်းစားပြီး ကော်ဖီတခွက်လောက်သောက်လိုက်ရတာက စည်းစိမ်တခုပါပဲ။ စိတ်ကောင်းစရာကတော့ ကော်ဖီမှာပါတဲ့ ကဖိန်းဓာက်ဟာ ခန္ဓာကိုယ်ကို လှုံဆော်ပေးဖို့အတွက်အသုံးပြုတာပါ။

ဘာမှပြောင်းလဲသွားတယ်လို့ မခံစားရပေမဲ့ ခန္ဓာကိုယ်ကတော့ နိုးကြားနေမှာပါ။ ပြီးတော့ ကဖိန်းများများ သောက်သုံးမိရင် မူးဝေတာနဲ့ ရင်တုံတာတွေ ခံစားရတတ်ပါတယ်။ ညဖက်အိပ်ယာ မဝင်ခင် တခုခုသောက်ခြင်ရင်တော့ ချောကလတ် ဒါမှမဟုတ် နွားနို့ကိုသောက်နိုင်ပါတယ်။

အပိုထပ်ဆောင်းအနေနဲ့ အကြံပေးချင်တာကတော့ ညဖက် ထမင်းအဝအပြဲ စားခြင်းမှ ရှောင်ကျဉ်ပါ။ ညစာကို ညနေ ၆ နာရီ ဒါမှမဟုတ် ၇ နာရီမှာ နောက်ဆုံးထားစားပေးတာက အကောင်းဆုံးပါ။

အခန်းအလင်းရောင်နဲ့ အပူချိန်ကို မျှတစွာထားပြီးအိပ်ပါ။ အအေးလွန်နေတာမျိုး အခန်းမီး လင်းထိန်စွာ ဖွင့်ပြီးအိပ်တာ မျိုးမလုပ်ပါနဲ့။ညဖက် အရွယ်ရောက်ပြီး လူတယောက်ရဲ့ အိပ်ချိန်ဟာ ၇-၈ နာရီကြား ရှိသင့်ပါတယ်။