ကွီးတို့ရေ ဒီလိုပိတ်ရက်ရဲ့ ညနေခင်းလေးမှာ ဖြစ်ဖြစ်၊ ညပိုင်းမှာဖြစ်ဖြစ် ဘော်ဒါတွေနဲ့ အတူတူ ပျော်ပျော်ပါးပါးဖြတ်သန်းဖို့ စဉ်းစားနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် မတူညီတဲ့  Vibe မျိုးစုံ ပေးစွမ်းနိုင်မဲ့ ရန်ကုန်မြို့က ဘားများ ကို ဒီလို ပိတ်ရက်လေးမှာ သွားရောက်ပြီး ပျော်စရာ အချိန်လေးတွေ ဖြတ်သန်းနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။

The Strip –Rooftop Bar

Vibe မျိုးစုံ ဘားများ

Photo : The Strip –Rooftop Bar Facebook Page

ကွီးတို့အတွက် ဖော်ပြပေးချင်တဲ့ မတူညီတဲ့ Vibe မျိုးစုံ ပေးစွမ်းနိုင်မဲ့ ဘားများ ထဲက ပထမဆုံးတစ်ခုကတော့ The Strip –Rooftop Bar  ဆိုတဲ့ အမိုက်စား ဘားလေးပဲဖြစ်ပါတယ်။ ဒီဘားလေးကတော့ Rooftop Bar ဖြစ်တဲ့အတွက် လေပြေညှင်းလေးတွေ ခံစားရင်း ဘော်ဒါတွေနဲ့ အတူလွင့်လို့ကောင်းတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘားလေးမှာ တစ်နေ့ထက်တစ်နေ့ မရိုးရအောင် တေးဂီတ အစီအစဉ်တွေကို ခံစားရင်း အရသာရှိတဲ့ အဖျော်ယမကာတွေ သုံးဆောင်ရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့  အမှတ် (၃၀၃-၃၀၅) ၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။ Hotel Grand Vista ရဲ့ ၉ လွှာမှာတည်ရှိပါတယ်။

Asahi-5 Beer Pub & BBQ

Vibe မျိုးစုံ ဘားများ

Photo : Asahi-5 Beer Pub & BBQ Facebook Page

နောက်ထပ်ဖော်ပြချင်တဲ့ ဆိုင်လေးကတော့ Asahi-5 Beer Pub & BBQ ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကို မြောက်ဒဂုံက ကွီးတို့တော်တော်များများသိကြမှာပါ။ ဒီဆိုင်လေးက ကျယ်ဝန်းတဲ့ ဆိုင်အနေအထားအပြင် အေးအေးဆေးဆေး ထိုင်ချင်တဲ့ ကွီးတို့အတွက် အပေါ်ထပ်မှာ ထိုင်ရင်း ညနေဆည်းဆာကိုခံစားလို့ရပါတယ်။ တေးဂီတ အစီအစဉ်တွေလည်း ရှိပါသေးတယ်။ ဒါ့အပြင် အဖျော်ယမကာမျိုးစုံနဲ့ အရသာရှိတဲ့ အစားအသောက်တွေကိုလည်း သုံးဆောင်လို့ရပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် (၅၀) ၊ ငါးမာန်အောင်ဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Amber Bar

bar

Photo : Amber Bar Facebook Page

ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ မတူညီတဲ့ Vibe မျိုးစုံ ပေးစွမ်းနိုင်မဲ့ ရန်ကုန်မြို့က ဘားများ ထဲကနောက် တစ်ခုကတော့ Amber ဆိုတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ ဒီဘားလေးမှာ ဘော်ဒါတွေနဲ့ အတူတူ Chill မလား၊ ဒါမှမဟုတ် ချစ်သူလေးနဲ့ အတူတူထိုင်မလား အဆင်ပြေတဲ့ ဘားလေးပါ။ ဒါ့အပြင် ဒီဘာလေးရဲ့ Signature Beer ဖြစ်တဲ့ ပျားရည်နံ့ သင်းသင်းလေးမွှေးတဲ့ Amber Beer ကိုလည်း မြည်းစမ်းကြည့်လို့ ရပါတယ်။ အပတ်စဉ် တေးဂီတ အစီအစဉ်လေးတွေလည်း ရှိပါသေးတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် ၃၀၄၊ ဝေဇယန္တာလမ်း ၊ ပြည်တော်သာ မီးပွိုင့်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : The Strip –Rooftop Bar Facebook Page