ဒေါသထွက်နေတဲ့ တစ်မိနစ်တိုင်းမှာ သင်ဟာ ပျော်ရွှင်ခြင်း စက္ကန့်၆၀ ဆုံးရှုံးနေတယ်လို့အီမာဆင်က ပြောခဲ့ဖူးပါတယ်။ ဒေါသဟာ စိတ်အားကို ကုန်ခမ်းအောင် လောင်မြှိုက်နေတဲ့ မီးနဲ့တူပါတယ်။ ဒေါသကြောင့်ဘဝမှာ ဆုံးရှုံးမှုတွေအများကြီး ရှိပြီး ဒီလို ဆုံးရှုံးမှုတွေကို မဖြစ်အောင် တားဖို့ဆိုရင် ဒေါသကို တိုက်ဖျက်နိုင်မယ့်နည်းလမ်း သိထားဖို့လိုပါတယ်။

(၁) ဝမ်းဗိုက်နဲ့အားစိုက် အသက်ရှုခြင်း

Source: ShutterStock

ဟားဗတ်ဆေးကျောင်းကတော့ ဒေါသဖြစ်လာရင် လေပြင်းပြင်းရှုပြီး ဝမ်းဗိုက်ဖောင်းလာတာကို စိုက်ကြည့်ဖို့အကြံပေးပါတယ်။ ဗိုက်တစ်ခုလုံး လေနဲ့ပြည့်လာတဲ့အထိ ရှုသွင်းလိုက်တာနဲ့စိတ်ရော ကိုယ်ပါ အနားရသွားတာ သိသာပါတယ်။ ဒါဟာ ခန္ဓာကိုယ်က ကြွက်သားတွေပါ ပြေလျော့စေပြီး နှလုံးခုန်နှုန်းကို ချိန်ညှိပေးနိုင်မှာပါ။

(၂) ဘာမှမတွေးဘဲ ငြိမ်နေပါပ

Source: ShutterStock

ဒေါသကြောင့် ကိုယ့်ကိုယ်ကို အနာမခံပါနဲ့။ ဒေါသဟာ အဆိုးမြင်စိတ်ကိုပါ ပိုတိုးစေတာကြောင့် ဒေါသထွက်နေချိန် ဘာအကြောင်းမှ မတွေးဘဲ တစ်ယောက်ထဲ ဆိတ်ငြိမ်တဲ့နေရာမှာ တိတ်ဆိတ်နေတာတို ံ၊ တစ်ယောက်ယောက်ကို ကိုယ့်ခံစားချက်တွေ ဖွင့်ပြောတာတို့လုပ်ပြီး ဖြေလျှော့သင့်ပါတယ်။

ဒေါသထွက်နေချိန် ဒေါသဖြစ်စရာနေရာက ခဏခွာပါ။ လမ်းလေးဘာလေးလျှောက် အသက်လေး ဘာလေးရှု ၊ စကားတွေ မမှားအောင်နေပြီး စိတ်လျှော့လိုက်ပါ။ ပြီးမှ အဲဒီပြဿနာဖြစ်ခဲ့တဲ့ ကာယကံရှင်နဲ့စကားအေးဆေးပြောပြီး ဆွေးနွေးသင့်ပါတယ်။

(၃) သင့်ကို ပျော်စေတဲ့ အကြောင်းတွေ မြင်ယောင်လိုက်ပါ

Source: ShutterStock

အဆိုးမြင်စိတ်များနေပြီး စိတ်ပူလောင်နေချိန်မှာ ကိုယ့်ကို ပျော်ရွှင်စေခဲ့တဲ့ အရာတွေ ၊ အတွေးတွေဆီ ကိုယ့်ကိုယ်ကို မောင်းနှင်လိုက်ပါ။ ပျော်စရာမှတ်ဉာဏ်က ဒီပူလောင်နေတဲ့ စိတ်ကို သက်သာရာရစေပါလိမ့်မယ်။

စိတ်မွန်းကြပ်စရာအခြေအနေကနေ လွန်မြောက်ဖို့ကိုယ့်ကိုယ်ကိုရော ဘေးက လူတွေကိုပါ ဟာသတွေ ပြောပေးဖို့လိုပါတယ်။ တင်းကြပ်ပိတ်လှောင်နေခြင်းကနေ ပေါ့ပါးသက်သာလာမှာပါ။ ဒေါသဖြစ်စရာကောင်းတဲ့ အချိန်မှာ ဝေဖန်တာတွေ ၊ အပြစ်တင်တာတွေ လုပ်မယ့်အစား ပေါ့ပါးအောင် ပြုပြင်ပြီးမှ ထိရောက်အောင် ဆွေးနွေးတာ အမှန်ဆုံး နည်းလမ်းပါ။