ရိုးရှင်းတဲ့ဧည့်ခံပွဲလေးတစ်ခု ကျင်းပဖို့ တွေးနေပါသလား။ အဓိကအရေးကြီးတဲ့ အချက်ဖြစ်တဲ့နေရာကို အရင်စဉ်းစားကြည့်ရအောင်။ အဆင့်မြင့်ဟိုတယ်ကြီးတွေသွားမလား၊ သင့်တော်တဲ့ Restaurants တွေမှာပဲ ကျင်းပလိုက်ရမလား။ စိတ်ရှုပ်စရာပါပဲ။ ဒီတော့ ရိုးရှင်းပြီးသက်သောင့်သက်သာဖြစ်မယ့် ကိုယ့်ရဲ့အိမ်မှာပဲ ဧည့်ခံပွဲလေးတစ်ခု ကျင်းပလိုက်ကြရအောင်။

Group of friends enjoying evening drinks with beer

အရင်ဆုံးလုပ်ရမှာကတော့ ကိုယ့်အိမ်ကိုလာမယ့်လူတွေ ကျယ်ကျယ်ဝန်းဝန်းနေနိုင်အောင် ပစ္စည်းတွေနေရာချထားဖို့ပါပဲ။ သန့်ရှင်းရေးကလည်း အထူးအရေးကြီးပါတယ်။အိမ်ကိုအတတ်နိုင်ဆုံး ခမ်းခမ်းနားနားဖြစ်အောင် ပြုပြင်ထားသင့်ပါတယ်။ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ စသည်ဖြင့်ပေ့ါ။ ဧည့်ခံပွဲတက်မယ့် ဧည့်သည်တွေက သင့်အိမ်ရဲ့အပြင်အဆင်တွေကို ကြည့်ရှု့တဲ့အခါ သဘောကျနှစ်သက်ဖို့ လိုအပ်တယ်လေ။

ဧည့်ခံပွဲကျင်းပတဲ့နေရာဟာ အိမ်ထဲမှာလား၊ အိမ်ရှေ့ကွက်လပ်ခြံဝန်းထဲမှာလား။ နံနက်ပိုင်းအချိန်ဆိုရင်တော့ အိမ်ထဲမှာကျင်းပသင့်ပေမယ့် ညနေပိုင်းတည်ခင်းမယ့် ဧည့်ခံပွဲအတွက်ကတော့ လွတ်လွတ်လပ်လပ် ခြံဝန်းထဲမှာဖြစ်သင့်ပါတယ်။

ဧည့်ခံပွဲတက်ရောက်လာသူတွေ အကြိုက်တွေ့စေမယ့် အစားအသောက်တွေကို ပြင်ဆင်ပေးထားသင့်ပါတယ်။ ယနေ့ခေတ်စားနေတဲ့   ဘူဖေးစတိုင်လို အစားအသောက်မျိုးဆိုရင်တော့ အားလုံးကသဘောခွေ့ကြမှာပါ။ ဘီယာ၊ ဝိုင်နဲ့ အချိုရည်တွေလည်း မရှိမဖြစ်ပါသင့်တယ်နော်။

Christmas eve with friends

တေးဂီတကလည်း မပါမဖြစ်လိုအပ်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဧည့်ခံပွဲနဲ့ကိုက်ညီမယ့် တေးဂီတအမျိုးအစားကို ထည့်သွင်းပေးခြင်းဖြင့် သာယာစိုပြေတဲ့ဧည့်ခံပွဲလေးတစ်ခုကို ဖန်တီးလိုက်ပါ။ မိတ်ဆွေ၊ သူငယ်ချင်းတွေအကုန်လုံး ပျော်ရွှင်မြူးတူးသွားပါလိမ့်မယ်။

Photo : Freepik