ကွီးတို့ရဲ့ Wedding Party ကို ဈေးကြီးပေးငှားရတဲ့ ဟိုတယ်တွေမှာ မကျင်းပဘဲ မိမိခြံဝန်းလေးထဲမှာပဲ ရိုမန့်တစ်ဆန်ဆန် ကျင်းပချင်တဲ့ စုံတွဲများအတွက် ဆန်းသစ်တဲ့ အိုင်ဒီယာ တချို့ ဝေမျှပေးချင်ပါတယ်။

မိမိအိမ်ရဲ့ ခြံဝန်းလေးထဲမှာပဲ ကိုယ်တိုင်ကိုယ်ကျ Wedding Party ပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြသွားမယ့် အိုင်ဒီယာများကို အသုံးပြုနိုင်ပါတယ်။

အဝင်ဝကို ရိုမန့်တစ်ဆန်ဆန် အလှဆင်ပါ

Wedding Party အိုင်ဒီယာ

Wedding Party ရဲ့ အဝင်ဝကို ရိုမန့်တစ်ဆန်ဆန် အလှဆင်ခြင်းသည် ကွီးတို့ရဲ့ ပါတီပွဲလေးကို ပိုမိုခမ်းနားလှပစေမယ့် အိုင်ဒီယာ ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ထိုကဲ့သို့ အလှဆင်တဲ့အခါ ပန်းခင်းထားတဲ့ လျှောက်လမ်းအဖြစ် အလှဆင်ချင်သလား (သို့) အဝင်ဝ လိုက်ကာလေးများဖြင့် တခမ်းတနား အလှဆင်မလား စသည်ဖြင့် ပြင်ဆင်နိုင်ပါတယ်။

အစားအသောက်နှင့် ဖျော်ရည်မျိုးစုံ လုံလုံလောက်လောက်ဖြစ်အောင် စီစဉ်ထားပါ

Wedding Party အိုင်ဒီယာ

အစားအစာ တည်ခင်းဧည့်ခံမှုအပိုင်းမှာလည်း လစ်ဟင်းမှု မရှိရလေအောင် သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဧည့်သည်တွေက ဘယ်လိုအစားအစာတွေ ဖျော်ရည်တွေ သောက်သုံးလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် သစ်သီးဖျော်ရည်၊ အယ်လ်ကိုဟောဖျော်ရည် စသည်ဖြင့် စုံစုံလင်လင် တည်ခင်းထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

မီးလုံးလေးများဖြင့် အလှဆင်ထားပါ

Wedding Party အိုင်ဒီယာ

ပါတီပွဲ ကျင်းပမယ့် အချိန်ပေါ် မူတည်ပြီး မီးလုံးများကိုလည်း အလှဆင်ထားသင့်ပါတယ်။ များသောအားဖြင့် မင်္ဂလာအောင် ပါတီများသည် ညနေခင်းမှာ ကျင်းပလေ့ရှိတာကြောင့် ညနေခင်းအချိန်မှာ ကျင်းပမယ်ဆိုရင် မီးလုံးများဖြင့် အလှဆင်ထားပါ။ မနက်ပိုင်းမှာ တည်ခင်းဧည့်ခံမယ်ဆိုရင်တော့ မီးလုံး များများစားစား မလိုအပ်ပါဘူး။

တီဝိုင်းတစ်ဖွဲ့ ငှားကာ ဖျော်ဖြေခိုင်းပါ

Wedding Party အိုင်ဒီယာ

Live Band အဖြစ် ငှားကာ ဖျော်ဖြေတင်ဆက်ခြင်းသည်လည်း တက်ရောက်လာတဲ့ ဧည့်သည်များအတွက် ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပါတယ်။

Wedding Party နဲ့ လိုက်ဖက်မယ့် သီချင်းများ ပြင်ဆင်ထားခြင်းသည်လည်း အခြေခံကျတဲ့ အိုင်ဒီယာ တစ်ခုပါပဲ

Wedding Party အိုင်ဒီယာ

Live Band ဖြင့် မဖျော်ဖြေခင် စပ်ကြားမှာတော့ ပါတီနဲ့ လိုက်ဖက်မယ့် ရိုမန့်တစ်ဆန်တဲ့ သီချင်းကောင်းများကို ရွေးချယ်စုစည်းထားလိုက်ပါ။ သီချင်းများ ဖွင့်ထားခြင်းသည်လည်း ဧည့်သည်များကို ပျင်းရိဖွယ်မကောင်းအောင် ဖန်တီးပေးခြင်းတစ်မျိုးပါပဲ။

မိုးရွာခဲ့သည်ရှိသော် ထိုအခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါ

မိုးရွာခဲ့သည်ရှိသော် ထိုအခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါ

ရာသီဥတုအခြေအနေက ဘယ်လိုရှိမလဲဆိုတာ တပ်အပ်မပြောနိုင်ပါဘူး။ မိုးမရွာမှာ သေချာတယ်လို့ ယူဆရင်တော့ နေရာထိုင်ခင်းကို အမိုးအုပ်စရာမလိုဘဲ လွတ်လွတ်လပ်လပ်ဖြင့် အမိုးဖွင့်ပုံသဏ္ဍာန် ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ တိမ်ထူထပ်နေတယ်ဆိုရင်တော့ အမိုး ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ။

သစ်ပင်ပန်းမာန်များဖြင့် အလှဆင်ဖို့လည်း မမေ့ပါနဲ့

သစ်ပင်ပန်းမာန်များဖြင့် အလှဆင်ဖို့လည်း မမေ့ပါနဲ့

မိုးရွာမယ့်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကာ အမိုးအုပ်ထားတယ်ဆိုရင်တောင်မှ အတွင်းထဲမှာ သစ်ပင်၊ ပန်းမာန်များ ထည့်ထားကာ အလှဆင်ထားသင့်ပါတယ်။ သစ်ပင် ပန်းမာများဖြင့် ကွီးတို့ရဲ့ Wedding Party အတွက် ရိုမန့်တစ်ဆန်တဲ့ အိုင်ဒီယာ တစ်ခုဖြစ်ပြီး သဘာဝပိုဆန်စေပါတယ်။

အရောင်များကို လိုက်ဖက်စွာ ပြင်ဆင်ထားပါ

အရောင်များကို လိုက်ဖက်စွာ ပြင်ဆင်ထားပါ

စားပွဲခင်းများကအစ လိုက်ကာများအဆုံး အရောင်များကို လိုက်ဖက်စွာ ပြင်ဆင်ထားလိုက်ပါ။ ပန်းပွင့်တွေ အလှဆင်ထားရင်လည်း ဘာအရောင်တွေက လိုက်ဖက်သလဲ။ လိုက်ဖက်တဲ့ သစ်ပင်ပန်းမာများဖြင့် သေသေချာချာ အလှဆင်ပါ။ အရောင်များသည် သူ့အရောင်နှင့်သူ လိုက်ဖက်နေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ပါတီပွဲလေးသည် အသက်ဝင်ကာ လှပနေမှာပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့အချက်တွေကတော့ ကွီးတို့ရဲ့မင်္ဂလာပွဲ ပါတီတစ်ခု ကျင်းပတဲ့အခါ မဖြစ်မနေ သိထားသင့်တဲ့ ပြင်ဆင်ပုံ ပြင်ဆင်နည်းတွေပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ပွဲအတွက် အသုံးတည့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Source: Kelleemaize

Featured Image: Listeso