[Zawgyi]

တစ္ကိုယ္ရည္သန္ ့ရွင္းေရးဟာ တကယ့္ကို အေျခခံက်တဲ့ က်န္းမာေရး စည္းမ်ဥ္းျဖစ္ပါတယ္။ ကြ်န္ေတာ္တို ့ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီစည္းမ်ဥ္းရဲ့ အေရးပါမႈကို ေမ့ေလ်ာ့ထားတတ္ၾကပါတယ္။ တကယ္ေတာ့ တစ္ပတ္တစ္ႀကိမ္ေလာက္ သန္ ့ရွင္းေရး လုပ္ေပးရံုနဲ ့ကိုယ္ဟာ က်န္းမာတဲ့ Healthy Space မွာ ေနထိုင္လ်က္သားျဖစ္ေစမယ့္ အရာေတြ ရိွပါတယ္။

(၁) အခန္းကို သန္ ့ရွင္းေပးပါ

Source: maids

သင့္အခန္းဟာ သင့္ရဲ့ ခိုနားရာတစ္ခုပါ။ တစ္အိမ္လံုးသန္ ့ရွင္းေရး မလုပ္ႏိုင္ရင္ေတာင္ ကိုယ့္အခန္းကို တစ္ပတ္မွာ တစ္ခါေလာက္ အမိႈက္သရိုုက္ေတြ ရွင္းတာ ၊ အလင္းေရာင္နဲ ့ေလဝင္ေလထြက္ေကာင္းေအာင္ ျပဳျပင္တာမ်ိဳး လုပ္ေပးသင့္ပါတယ္။ အခန္းေလး သန္ ့ရွင္းေနရင္ စိတ္လည္း ၾကည္လင္ၿပီး အလုပ္လုပ္တာက အစပိုျပီး ေမြ ့ေလ်ာ္လာမွာပါ။

(၂) အိပ္ရာခင္း ေလွ်ာ္ပါ

Source: voxpopulisphere

တစ္ပတ္မွာ တစ္ခါ သန္ ့ရွင္းေပးသင့္တဲ့ အရာထဲမွာ ကိုယ့္ရဲ့ အိပ္ရာခင္းလည္း ပါပါတယ္။ ေနေရာင္ေကာင္းေကာင္းေအာက္မွာ အိပ္ရာခင္းကို ပိုးမႊားနဲ ့ဘက္တီးရီးယားေတြ ေသေအာင္ ေနလွမ္းတာတို ့၊ ေလွ်ာ္ဖြပ္တာတို ့လုပ္ေပးလိုက္ရံုနဲ ့တင္ ညစ္ပတ္တဲ့ အိပ္ရာနဲ ့အိပ္မိလို ့ျဖစ္တဲ့ ယားနာနဲ ့ဝက္ျခံေတြ ကာကြယ္ၿပီး ျဖစ္ေစမွာပါ။

(၃) မ်က္ႏွာသုတ္ပုဝါ လဲေပးပါ

Source: Pixabay

မ်က္ႏွာသစ္ ေရခ်ိဳး လုပ္ျပီးတိုင္း သံုးတဲ့ မ်က္ႏွာသုတ္ပုဝါေတြ သန္ ့ရွင္းစင္ၾကယ္ေနသင့္ပါတယ္။ ဒီမ်က္ႏွာသုတ္ ပုဝါေတြ ညစ္ပတ္္္္ေနရင္ မ်က္ႏွာမွာ အေရျပား ျပႆနာ ျဖစ္လာႏိုင္ပါတယ္။ တစ္ပတ္တစ္ၾကိမ္ အနည္းဆံုး ေလွ်ာ္ဖြပ္ေပးသင့္သလို ၊ အသစ္လဲေပးဖို ့ပါ မေမ့သင့္ပါဘူး။

(၄) ေရခ်ိဳးခန္း ၊ အိမ္သာေတြ ေဆးေၾကာသန္ ့ရွင္းပါ

Source: iStock

ေရခ်ိဳးခန္းမွာ ေရညိွတက္ေနတာေတြ ရိွရင္ ဘရက္ရွ္နဲ ့ပြတ္တိုက္သန္ ့ရွင္းထားသင့္ပါတယ္။ အိမ္သာေၾကြခြက္ေတြကို အပတ္စဥ္ ေဆးေၾကာသန္ ့ရွင္းေပးသင့္သလို ၊ Air Fresher ျဖန္းတာ ၊ ပိုးသတ္ေဆး ျဖဴးတာမ်ိဳး လုပ္သင့္ပါတယ္။

[Unicode]

တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ တကယ့်ကို အခြေခံကျတဲ့ ကျန်းမာရေး စည်းမျဉ်းဖြစ်ပါတယ်။ ကျွန်တော်တို့တော်တော်များများကတော့ ဒီစည်းမျဉ်းရဲ့ အရေးပါမှုကို မေ့လျော့ထားတတ်ကြပါတယ်။ တကယ်တော့ တစ်ပတ်တစ်ကြိမ်လောက် သန့်ရှင်းရေး လုပ်ပေးရုံနဲ့ကိုယ်ဟာ ကျန်းမာတဲ့ Healthy Space မှာ နေထိုင်လျက်သားဖြစ်စေမယ့် အရာတွေ ရှိပါတယ်။

(၁) အခန်းကို သန့်ရှင်းပေးပါ

Source: maids

သင့်အခန်းဟာ သင့်ရဲ့ ခိုနားရာတစ်ခုပါ။ တစ်အိမ်လုံးသန့်ရှင်းရေး မလုပ်နိုင်ရင်တောင် ကိုယ့်အခန်းကို တစ်ပတ်မှာ တစ်ခါလောက် အမှိုက်သရိုက်တွေ ရှင်းတာ ၊ အလင်းရောင်နဲ့လေဝင်လေထွက်ကောင်းအောင် ပြုပြင်တာမျိုး လုပ်ပေးသင့်ပါတယ်။ အခန်းလေး သန့်ရှင်းနေရင် စိတ်လည်း ကြည်လင်ပြီး အလုပ်လုပ်တာက အစပိုပြီး မွေ့လျော်လာမှာပါ။

(၂) အိပ်ရာခင်း လျှော်ပါ

Source: voxpopulisphere

တစ်ပတ်မှာ တစ်ခါ သန့်ရှင်းပေးသင့်တဲ့ အရာထဲမှာ ကိုယ့်ရဲ့ အိပ်ရာခင်းလည်း ပါပါတယ်။ နေရောင်ကောင်းကောင်းအောက်မှာ အိပ်ရာခင်းကို ပိုးမွှားနဲ့ဘက်တီးရီးယားတွေ သေအောင် နေလှမ်းတာတို့၊ လျှော်ဖွပ်တာတို့လုပ်ပေးလိုက်ရုံနဲ့တင် ညစ်ပတ်တဲ့ အိပ်ရာနဲ့အိပ်မိလို့ဖြစ်တဲ့ ယားနာနဲ့ဝက်ခြံတွေ ကာကွယ်ပြီး ဖြစ်စေမှာပါ။

(၃) မျက်နှာသုတ်ပုဝါ လဲပေးပါ

Source: Pixabay

မျက်နှာသစ် ရေချိုး လုပ်ပြီးတိုင်း သုံးတဲ့ မျက်နှာသုတ်ပုဝါတွေ သန့်ရှင်းစင်ကြယ်နေသင့်ပါတယ်။ ဒီမျက်နှာသုတ် ပုဝါတွေ ညစ်ပတ်နေရင် မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်လာနိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ် အနည်းဆုံး လျှော်ဖွပ်ပေးသင့်သလို ၊ အသစ်လဲပေးဖို့ပါ မမေ့သင့်ပါဘူး။

(၄) ရေချိုးခန်း ၊ အိမ်သာတွေ ဆေးကြောသန့်ရှင်းပါ

Source: iStock

ရေချိုးခန်းမှာ ရေညှိတက်နေတာတွေ ရှိရင် ဘရက်ရှ်နဲ့ပွတ်တိုက်သန့်ရှင်းထားသင့်ပါတယ်။ အိမ်သာကြွေခွက်တွေကို အပတ်စဉ် ဆေးကြောသန့်ရှင်းပေးသင့်သလို ၊ Air Fresher ဖြန်းတာ ၊ ပိုးသတ်ဆေး ဖြူးတာမျိုး လုပ်သင့်ပါတယ်။