ရန်ကုန်မြို့ရဲ့ Nightlife ကို စိတ်လှုပ်ရှားစွာဖြင့် ကုန်ဆုံးချင်တဲ့ ကွီး တို့အတွက် ဒီတစ်ခါမှာတော့ ပန်းဘဲတန်း မြို့နယ်အနီးရှိ ထိုင်လို့အကောင်းဆုံး Bar များအကြောင်းကို ဝေမျှပေးချင်ပါတယ်။

ခန့်ညားလှပတဲ့ Rosewood ဟိုတယ်ရဲ့ တစ်ဖက်ခြမ်းမှာ ကွန်တိန်နာအရွယ်အစားဖြင့် ဆောက်လုပ်ထားတဲ့ ဘားနှင့် စားသောက်ဆိုင်များကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အရသာရှိတဲ့ အစားအစာများ၊ ကော့တေး၊ ဝီစကီဖျောက်ရည်များကို တစ်ဝကြီး သုံးဆောင်ပြီး ရန်ကုန်မြို့ရဲ့ သဘာဝအလှကို တစ်ဝကြီး ခံစားနိုင်မှာပဲဖြစ်ပါတယ်။

ကွီး တို့အတွက် ပန်းဘဲတန်း မြို့နယ်အနီးရှိ ထိုင်လို့ အကောင်းဆုံး Bar များကတော့ …

Hiso Heaven

ကွီး ပန်းဘဲတန်း Bar

Photo: MYANMORE

Hiso Heaven ကတော့ ထိုင်လို့ကောင်းတဲ့ အမိုက်စားဘားတစ်ခုပဲဖြစ်ပါတယ်။ မြို့လယ်ခေါင်မှာ တည်ရှိတာဖြစ်ပြီး ဥရောပအစားအစာများ၊ အာရေဘီးယား အစားအစာများ၊ မက်ဆီကန်အစားအစာများကို မြည်းစမ်းစားသုံးနိုင်တဲ့အပြင် အရသာရှိတဲ့ ကော့တေးများ Shisha များကိုလည်း မြည်းစမ်းသောက်သုံးနိုင်ပါသေးတယ်။

ဆိုင်ရဲ့ တည်နေရာကတော့ ရန်ကုန် ညဈေး၊ Rosewood ဟိုတယ်အနီး၊ Strand လမ်း၊ ပန်းဘဲတန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီကနေ ည ၁၀ နာရီ ၄၅ အထိဖြစ်ပါတယ်။ လတ်တလောမှာလည်း ဒစ်စကောင့်မျိုးစုံနှင့် အစီအစဉ်သစ်မျိုးစုံလည်း အမြဲတမ်းရှိနေတဲ့အတွက်ကြောင့် လက်လွတ်မခံဘဲ မြန်မြန်သွားထိုင်သင့်တဲ့ ဘားတစ်ခုပဲဖြစ်ပါတယ်။

Night Life Bar

ကွီး ပန်းဘဲတန်း Bar

Photo: Night Life Bar Facebook

Night Life ဘားသည်လည်း စောစောက Hiso Heaven ဘားရဲ့ အနီးနားမှာပဲ တည်ရှိတာဖြစ်ပါတယ်။ Midnight Lover ဆိုတဲ့ ကော့တေး၊ Sayar Gyi နာမည်ပေးထားတဲ့ အလန်းစားကော့တေး၊ Love You 3000 ဆိုတဲ့ နာမည်ဖြင့် ကော့တေးအမျိုးအစားနောက်တစ်ခု၊ A Hla Lay ၊ Kaffire On Sour ၊ Honey Lady စတဲ့ အမျိုးအစားစုံလင်တဲ့ ကော့တေးမျိုးစုံကို မှာသောက်နိုင်ပါသေးတယ်။ ဒါ့အပြင် အမြည်းတွေကလည်း အရသာရှိလွန်းတော့ ဆိုင်ကနေ မခွာချင်အောင် ဖြစ်နေမှာ အမှန်ပါပဲ။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

Cocky Bar

ကွီး ပန်းဘဲတန်း Bar

Photo: Cocky Bar Facebook

မူးအောင် တဝကြီး သောက်ပစ်မှာဆိုတဲ့ ကွီး တို့အတွက် ပန်းဘဲတန်း မြို့နယ်ထဲက နောက်ထပ် ထိုင်လို့ကောင်းတဲ့ Bar တစ်ခုရှိပါသေးတယ်။ ထိုဘားနာမည်ကတော့ Cocky Bar ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ ကော့တေး ဘူဖေးဆိုတဲ့ အစီအစဉ်လေးရှိပါတယ်။ ထိုအစီအစဉ်ကတော့ ဇူလိုင်လ ၄ ရက်နေ့ကနေ ၁၄ ရက်အထိ (သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များမှအပ) ပုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ၁ ယောက်ကို ၇၅၀၀ ကျပ်နဲ့ ၂ နာရီအတွင်း အဝသောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်းတော့ သွားလို့မရပါဘူး။ ကွီးတို့လိုပဲ ကော့တေး ဝါသနာအိုး နောက်တစ်ယောက်ကို ခေါ်သွားရမှာဖြစ်ပါတယ။် အနည်းဆုံး တစ်ဝိုင်းကို ၂ ယောက်လောက် သွားထိုင်မှရမှာပါ။

ကော့တေးလေး သောက်ရင်း အမဲသားလွှာလေးနဲ့ မီနူးအသစ်ဖြစ်တ့ Spicy ရေဘဝဲခေါက်ဆွဲလေး ကိုပါ အမြည်းအနေနဲ့ စားသုံးနိုင်ပါသေးတယ်။

Jazz Café & Bar

Jazz Café & Bar

Photo: Jazz Café & Bar Facebook

ဆိုင်လေးရဲ့ တည်နေရာကတော့ ရန်ကုန်ညဈေး၊ ကမ်းနားလမ်းထောင့်နှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ Jazz ဆိုတဲ့ နာမည်လေးအတိုင်းပဲ သီချင်းကောင်းလေးတွေကိုလည်း Live DJ အဖြစ် ဖျော်ဖြေတင်ဆက်တာတွေကိုလည်း နားထောင်နိုင်ပါသေးတယ်။

Jazz Café & Bar

Photo: Jazz Café & Bar Facebook

ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၂ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ Gin Tonic ၊ ဘီယာမျိုးစုံ၊ အမိုက်စား ရှီရှာ၊ ဝိုင်နီ၊ ဝိုင်ဖြူ စသည်ဖြင့် ဖျော်ဖြေမျိုးစုံကို ပရိုမိုးရှင်စုံစုံလင်လင်ဖြင့် မိမိကြိုက်နှစ်သက်ရာ သောက်သုံးနိုင်ပါတယ်။

Jazz Café & Bar

Photo: Jazz Café & Bar Facebook

ဒါတင်မကသေးပါဘူး။ အမြည်းတစ်လိုင်းဆိုသူများအတွက်လည်း အရသာစုံလင် ထူးကဲလွန်းလှတဲ့ အမိုက်စား အမြည်းများကိုလည်း မြည်းစမ်းသုံးဆောင်နိုင်ပါသေးတယ်။

Featured Image: MYANMORE