မွေးနေ့ပွဲများ၊ Gathering ပါတီပွဲများ၊ လူပျိုညပါတီ စသည်ဖြင့် ပါတီမျိုးစုံကို နာမည်မျိုးစုံပေးကာ ကျင်းပလေ့ရှိကြပါတယ်။ ပါတီနာမည်တွေသာ ကွဲသွားသလိုပဲ ပျော်ရွှင်စရာများ စိတ်လှုပ်ရှားစရာများသည်လည်း ကိုယ် ဖန်တီးရင် ဖန်တီးနိုင်စွမ်းရှိသလောက် ကွဲသွားပါတယ်။ ကွီး တို့ရဲ့ ပါတီပွဲ ကို ပိုမိုအသက်ဝင်လာအောင် ဖန်တီးချင်တယ်ဆိုရင်တော့ အစားအစာတွေ၊ အယ်လ်ကိုဟော ဖျော်ရည်တွေပဲ လိုအပ်တာမဟုတ်ပါဘူး၊ ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်း မျိုးစုံကိုလည်း ဖန်တီးတတ်ဖို့လိုပါလိမ့်မယ်။

ကွီး တို့ရဲ့ ပါတီပွဲ မှာ ရသမျိုးစုံဖန်တီးနိုင်တဲ့ ဂိမ်း မျိုးစုံကို ထည့်သွင်းကစားမှသာလျှင် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းမှာပါ။

ပါတီပွဲလာတတ်တဲ့ ဧည့်သည်တွေထဲမှာ နှစ်ရှည်လများကတည်းက ပေါင်းသင်းလာတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများလည်းရှိသလို အချို့ကလည်း တစ်ယောက်နဲ့တစ်ယောက် သိကြမှာမဟုတ်ပါဘူး။ ဒီလိုအခါမျိုးမှာ အချင်းချင်းမိတ်ဆက်ကာ ရင်းနှီးသွားစေမယ့် ဂိမ်းလေးတွေ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုဂိမ်းတွေလဲဆိုတော့ …

စိတ်ဖတ်သော ဂိမ်း

ကွီး ပါတီပွဲ ဂိမ်း

Photo: Buzzfeed

ဒီဂိမ်းလေးသည် မေးခွန်းတစ်ခုတည်းကိုမှ သင့်ရဲ့ အဖြေနှင့်တူတဲ့ အဖြေမျိုးကို အခြားသူတွေက ရွေးရမှာဖြစ်ပါတယ်။ မေးခွန်းမျိုးစုံကိုတော့ စာရွက်ပေါ်မှာ ချရေးထားပြီး စာရွက်များကိုတော့ မဲလိပ်လို လိပ်ထားရမှာ ဖြစ်ပါတယ်။ ထိုဂိမ်းကိုမှ ဘယ်သူက မေးခွန်းစာရွက်ကျမလဲဆိုတာကို ကျပန်း ဆော့ကစားကာ ဖြေရမှာဖြစ်ပါတယ်။ သင်နဲ့ အဖြေတူတဲ့ အခြားကစားဖော်များကတော့ အမှတ်ရကြမှာဖြစ်ပြီး အဖြေမတူတဲ့သူတွေကတော့ အမှတ်မရပါဘူး။

ငါ ဘယ်သူလဲ

ကွီး ပါတီပွဲ ဂိမ်း

Photo: Matadornetwork

ဒီဂိမ်းလေးကတော့ ခန့်မှန်းရမယ့် ဂိမ်းဖြစ်ပါတယ်။ တစ်ဖွဲ့မှာ သုံးယောက်၊ ငါးယောက် စသည်ဖြင့် ကွီး တို့ရဲ့ ပါတီပွဲ လာတဲ့ ဧည့်သည့်အလိုက် ဂိမ်း ကစားမယ့်သူတွေကို အဖွဲ့ ဖွဲ့ထားပါ။ ထို့နောက် အဖွဲ့တစ်ဖွဲ့မှ လူတစ်ယောက်က စကားမပြောရဘဲ ကိုယ် အမူအရာနှင့် ဖြစ်စေ၊ ပုံဆွဲပြ၍ဖြစ်စေ ထိုလူကို သရုပ်ပြရမှာ ဖြစ်ပါတယ်။ ထိုသူက ဘယ်သူဖြစ်ကြောင်းကို သူ့အဖွဲ့သားများက ထိုသူက ဘယ်သူဖြစ်ကြောင်း ပြောပြရမှာဖြစ်ပါတယ်။

အမှန်အတိုင်း ပြောမှာလား (သို့) ခိုင်းတာလုပ်မှာလား

ကွီး ပါတီပွဲ ဂိမ်း

Photo: Ponly

ဒီဂိမ်းလေးကတော့ အားလုံး သိပြီးသားဂိမ်းတစ်ခုဖြစ်တဲ့ Truth Or Dare ပုံစံမျိုးလေးပဲ ဖြစ်ပါတယ်။ အခြားတစ်ယောက်က မေးတဲ့မေးခွန်းကို အမှန်အတိုင်း ဖြေလို့လည်း ရသလို မဖြေချင်ဘူးဆိုရင်တော့ သူတို့ခိုင်းတာလုပ်ရမှာဖြစ်ပါတယ်။ ခိုင်းတဲ့ပြစ်ဒဏ်တွေကတော့ ပုံစံမျိုးစံရှိနိုင်ပါတယ်။ ဘီယာသောက်ခိုင်းမှာလား။ ဒါမှမဟုတ် ထိုပြစ်ဒဏ်ကို မဲလိပ်လေးပေါ် ရေးထားပြီးလည်း လုပ်ခိုင်းနိုင်ပါသေးတယ်။ ကွီးတို့ တီထွင်ရင် တီထွင်သလောက် ပျော်စရာကောင်းမှာပဲဖြစ်ပါတယ်။

အမှန်တရား နှစ်ခုနှင့် အလိမ်အညာတစ်ခု

party game

Photo: Countryliving

ဒီဂိမ်းလေးကလည်း ပျော်ဖို့ကောင်းပါတယ်။ သင်က သင့်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားနှစ်ခုကို အမှန်အတိုင်း ပြောရမှာဖြစ်ပြီး နောက်တစ်ခုကတော့ အလိမ်အညာပြောရမှာဖြစ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်၊ အကြိုက်ဆုံးအားကစား၊ အစားအစာ၊ အနုပညာရှင်များ စသည်ဖြင့် ခေါင်းစဉ်မျိုးစုံကို ရွေးချယ်ကာ စိတ်ကြိုက်ပြောနိုင်ပါတယ်။ ကျန်ကစားဖော်များက သင့်ရဲ့ အလိမ်အညာကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။

“Yes” လို့ မပြောနဲ့

party game

Photo: Amazon

ဒီဂိမ်းလေးကတော့ ဘယ်သူက ဘာမေးမေး ဟုတ်တယ် လို့ ဖြေလို့မရတဲ့ ဂိမ်းပါ။ တကယ်လို့ အဲ့ဒီလိုဖြေခဲ့ပါက သင့်မျက်နှာပေါ်က အခြားသောသူများက မှင်ဖြင့် ရေးခြစ်ကြတာမျိုး (သို့) သင့်ကို စတေကာများ၊ လည်ဆွဲများ ဝတ်ဆင်ပေးတာမျိုး စသည်ဖြင့် ထူးဆန်းတဲ့အရာမျိုးများဖြင့် ပြစ်ဒဏ်ပေးမှာဖြစ်ပါတယ်။ ကစားပွဲပြီးဆုံးသွားတဲ့အခါမှာတော့ ဘယ်သူက အရယ်ရဆုံးလဲဆိုတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ကွီး တို့ရော ပါတီပွဲ ကို ပိုမိုအသက်ဝင်လာအောင်လို့ ဘယ်လို ဂိမ်း များဖြင့် ဆော့ကစားလေ့ရှိကြပါသလဲ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတွေရှိရင်လည်း ဝေမျှပေးခဲ့ပါဦး။

Source: Thespruce

Featured Image: Usatoday