နေပူပူ၊ မိုးရွာရွာ၊ ပျော်ရွှင်တဲ့အချိန်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းချိန်မှာပဲဖြစ်ဖြစ် ကွီးတို့အနား သစ္စာရှိရှိ အမြဲတမ်း အဖော်ပြုပေးနေတာကတော့ ဘီယာလေးတွေပဲ ဖြစ်ပါတယ်။ ကွီး တို့အတွက် ဘီယာဆိုင်တွေ အများအပြားရှိတဲ့အနက် ဒီတစ်ခါမှာတော့ မန္တလေး မြို့အတွင်း ထိုင်လို့ကောင်းတဲ့ ဘီယာ ဆိုင်လေးတွေကို ညွှန်းချင်ပါတယ်။

ကွီး တို့အနေနဲ့ မန္တလေး မြို့တစ်ပတ် ပတ်ပြီး မောသွားတဲ့အခါ ဒီ ဘီယာ ဆိုင်လေးထဲမှာ အေးအေးလူလူထိုင်ရင်း အမြည်းလေးနဲ့ တွဲဖက်ကာ Chill နိုင်ပါတယ်။

Social Corner Mandalay

ကွီး မန္တလေး ဘီယာကွီး မန္တလေး ဘီယာ

Photo: Facebook

ဆိုင်နာမည်လေးက အလန်းစားလေးဖြစ်ပြီး ဆိုင်အပြင်အဆင်ကလည်း အမိုက်စားပါပဲ။ တည်နေရာကတော့ ၃၃ လမ်း၊ ၇၇ လမ်းထောင့်ဖြစ်ပြီး ည ၉ နာရီအထိ ဆိုင်ဖွင့်ပါတယ်။ ဘီယာ တစ်မျိုးတည်း သောက်ရတာ အားမရသေးဘူးဆိုရင်တော့ ကော့တေးပါ အပီဆွဲနိုင်ပါတယ်။ ဒါကိုမှ စိတ်တိုင်းမကျသေးဘူးဆိုရင်လည်း Mojito ၊ Gin Sour ၊ Rum Sour ၊ Whisky Sour ဆိုပြီး စိတ်တိုင်းကျ ရွေးချယ်ကာ သောက်သုံးနိုင်ပါတယ်။

ကွီး မန္တလေး ဘီယာ

Photo: Facebook

ရှီရှာမှ ရှီရှာဆိုတဲ့ ညိုကီတွေအတွက်လည်း အရသာသုံးမျိုးနဲ့ မြည်းစမ်းကြည့်နိုင်ပါသေးတယ်။ ဒါ့အပြင် ထိုအယ်လ်ကိုဟော ဖျော်ရည်မျိုးစုံနဲ့ လိုက်ဖက်တဲ့ သွားရေစာများ၊ အမြည်းမျိုးစုံကိုလည်း ကွီးတို့ စိတ်တိုင်းကျ ရွေးချယ်စားသုံးနိုင်ပါသေးတယ်။

Mandalay Mr.BarBQ

Mandalay Mr.BarBQ

Photo: Tripadvisor

ဒီဆိုင်လေးကလည်း ဘီယာအသည်းစွဲ ကွီးတို့အတွက် မန္တလေး မြို့ရှိ အကောင်းစား ဘီယာ ဆိုင် တစ်ဆိုင်ပဲဖြစ်ပါတယ်။ ဆိုင်နေရာလေးက ကျယ်ကျယ်ဝန်းဝန်းလေးဆိုတော့ ကွီးတို့အားလုံး လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေးထိုင်လို့ရတာကြောင့် ရှယ်ပါပဲ။ ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၉ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

ဆိုင်မှာ ဘီယာမျိုးစုံ ရရှိပြီး အစားအစာများကလည်း အရသာထူးကဲကောင်းမွန်လွန်းတဲ့အတွက်ကြောင့် အမြဲဆိုသလို စားသုံးသူများနှင့် ပြည့်နှက်နေတာဖြစ်ပါတယ်။

ဘာဘီကျူးမျိုးစုံအပြင် အခြားသော အရသာရှိတဲ့ အစားအစာတွေလည်း မြည်းစမ်းစားသုံးနိုင်တဲ့အတွက်ကြောင့် ဘီယာချစ်သူများအကြားရော အစားအစာချစ်သူများအကြားပါ နာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ဝန်ဆောင်မှုလည်း ကောင်းတဲ့အတွက်ကြောင့် ကွီးတို့လည်း ခေတ်မနောက်ကျရလေအောင် တစ်ခါတစ်ခေါက်လောက် သွားထိုင်သင့်ပါတယ်။

JJ Beer Stations Mandalay

JJ Beer Stations Mandalay

Photo: Facebook

ဘီယာလေး သောက်ရင်း ဘာဘီကျူးလေး စားမလား။ ဒါမှမဟုတ် ဘီယာလေး သောက်ရင်း Unplugged လေး နားထောင်ချင်းသလား။ ကွီး တို့စိတ်ကြိုက် အပန်းဖြေနိုင်ဖို့အတွက် မန္တလေး မြို့မှာရှိတဲ့ JJ Beer Stations လေးက စောင့်ကြိုနေပါတယ်။

ဆိုင်ရဲ့တည်နေရာလေးတွေက မန်းလေးမြို့ထဲမှာတင် အများအပြားရှိတာကြောင့် ကိုယ်နဲ့ နီးစပ်ရာ ဆိုင်တစ်ဆိုင်ကို အသာလေး ရွေးချယ်လိုက်ရုံပါပဲ။

JJ Beer Stations Mandalay

Photo: Facebook

၇၃ လမ်းနှင့် ၃၃ လမ်းထောင့်မှာ တစ်ဆိုင်၊ ၇၄ လမ်း ၃၂ လမ်းနှင့် ၃၃ ကြားမှာ တစ်ဆိုင်၊ ၁၂ လမ်း ၇၈ နှင့် ၇၉ ကြားမှာ တစ်ဆိုင်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားမှာ တစ်ဆိုင်၊ ၉၁ လမ်းနှင့် ၉၂ လမ်းကြားမှာ တစ်ဆိုင်၊ ၂၆ လမ်းနှင့် ၆၅ ထောင့်မှာ တစ်ဆိုင်၊ ၆၂ လမ်း ၁၀၂ နှင့် ၁၀၃ ကြားမှာ တစ်ဆိုင်၊ မနောဟရီလမ်းမှာ တစ်ဆိုင်နှင့် ကန်တော်ကြီးဆိုင် ဆိုပြီး ရွေးချယ်စရာတွေ အများကြီးပါပဲ။

ဒါ့အပြင် လတ်တလောမှာလည်း ပရိုမိုးရှင်းချနေတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ အပြေးကလေး သွားထိုင်လိုက်ကြဖို့ လက်တို့လိုက်ပါရစေ။

Featured Image: Eatthis