ဂျပန်အစားအစာ ၊ ကိုရီးယားအစားအစာ၊ ထိုင်းအစားအစာများသည် မြန်မာနိုင်ငံရှိ အစားအစာချစ်သူများအကြား ရေပန်းစား လူကြိုက်များနေတဲ့ အာရှအစားအစာတွေပဲဖြစ်ပါတယ်။ အာရှဟင်းလျာနှင့် အစားအစာ အများအပြားရှိတဲ့အနက် ဒီတစ်ခါမှာတော့ ဂျပန် အစားအစာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ရန်ကုန် မြို့တွင်းရှိ အရသာထူးကဲကောင်းမွန်တဲ့ စားသောက်ဆိုင်များအကြောင်း ဝေမျှပေးချင်ပါတယ်။

Smile Curry House

japanese restaurant in Yangon

Photo: Foodpanda

ဒီဆိုင်လေးကတော့ ၁၉ လမ်း၊ လသာမြို့နယ်၊ တရုတ်တန်းအနီးတွင် တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ရဲ့အပြင်အဆင်လေးကလည်း ကိန်းကြီးခမ်းကြီး နိုင်လွန်းလှတာမဟုတ်ဘဲ လှလှပပလေးနဲ့ ချစ်စဖွယ်ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဂျပန်စာမျိုးစုံကို မှာယူူစားသုံးနိုင်ပြီး အစားအစာများကလည်း မြန်မာငွေ ၂၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ အစားစားရှိပါတယ်။

Oishii Sushi

japanese restaurant in Yangon

Photo: Foursquare

ဆူရှီချစ်သူများအတွက် Oishii Sushi လေးကိုသာ သတိရလိုက်ပါ။ ဒီဆိုင်လေးကလည်း လသာမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ အရသာရှိတဲ့ ဆူရှီမျိုးစုံကို မှာယူစားသောက်နိုင်ပါတယ်။ သားသတ်လွတ်သမားများအတွက်လည်း သားသတ်လွတ်အစားအစာများကိုပါ မှာယူစားသောက်နိုင်ပါသေးတယ်။

Cho Japanese Dining & Bar

japanese restaurant in Yangon

Photo: Tripadvisor

ဒီဆိုင်လေးထဲကို ဝင်ကြည့်မယ်ဆိုရင် ဂျပန်စတိုင်လ် ဆိုင်အပြင်အဆင်လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဘားပုံစံလေး ပြင်ဆင်ထားတဲ့အတွက်ကြောင့် ဂျပန်အစားအစာများအပြင် အယ်လ်ကိုဟောဖျော်ရည်များကိုပါ မှာယူစားသုံးနိုင်ပါတယ်။ အစားအစာများကလည်း ဂျပန်စတိုင်လ် ပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့် ဂျပန်ရောက်သွားသလားအောင် ထင်မှတ်စေရမှာပါ။

ဂျပန် ရန်ကုန်

Photo: Tripadvisor

ဆိုင်ရဲ့ တည်နေရာကတော့ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိဖြစ်ပါတယ်။ အစားအစာများကတော့ ၄ ဒေါ်လာကနေ ဒေါ်လာ ၁၃၉ အထိ အစားစားရှိပါတယ်။

Sushi Tei Myanmar

ဂျပန် ရန်ကုန်

Photo: Restaurantguide

ဒီဆိုင်လေးမှာတော့ ဂျပန်ဆူရှိများအပြင် အခြားသော ဂျပန်ဟင်းလျာအစားအစာများကိုပါ မှာယူစားသုံးနိုင်ပါတယ်။ အစားအစာများသည် သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိလွန်းလှတာကြောင့် တစ်ခါစားပြီးတာနဲ့ ခဏ ခဏ ထပ်စားချင်နေဦးမှာဖြစ်ပါတယ်။

ဆိုင်ရဲ့ တည်နေရာကတော့ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ အစားအစာများကိုတော့ ဒေါ်လာ ၄ ဒေါ်လာကနေ ၁၅ ဒေါ်လာအထိ အစားစားရှိပါတယ်။

Wabi Sabi

ဂျပန် ရန်ကုန်

Photo: Foodpanda

ဒီဆိုင်လေးကတော့ အပေါ်ထပ်နဲ့ အောက်ထပ်ဆိုပြီး ပြင်ဆင်ထားတာဖြစ်ပြီး အပေါ်ထပ်မှာတော့ ဂျပန်စတိုင်လ်အပြင်အဆင်မျိုးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဂျပန်အစားအစာများအပြင် ဂျပန်ရိုးရာအရက်များကိုလည်း မြည်းစမ်းသောက်သုံးနိုင်ပါသေးတယ်။

၃၂ လမ်း၊ ပန်းဘဲတန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ အစားအစာများကိုလည်း ချိုသာတဲ့ဈေးနှုန်းများဖြင့် မှာယူစားသောက်နိုင်ပါတယ်။

Kohaku Japanese Restaurant

ဂျပန် ရန်ကုန်

Photo: Tripadvisor

ဒီဆိုင်လေးမှာလည်း ဂျပန်စာမျိုးစုံ၊ အထူးသဖြင့် ဆူရှီများကို များယူစားသုံးနိုင်တဲ့အပြင် အခြားသော အစားအစာများလည်း မှာယူစားသုံးနိုင်ပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီခွဲအထိဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ နတ်မောက်လမ်း၊ တာမွေမြို့နယ်တွင် တည်ရှိတာဖြစ်ပါတယ်။ ဟင်းလျာများရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄ ဒေါ်လာကနေ ၁၁၁ ဒေါ်လာအထိ အမျိုးမျိုးရှိပါတယ်။ ဂျပန်စာ ကြိုက်နှစ်သက်သူများအတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။

အခုဖော်ပြသွားတဲ့ ဂျပန် စားသောက်ဆိုင်များသည် ရန်ကုန် မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ တည်ရှိပြီး အစားအစာများသည်လည်း လျှာလည်သွားရလောက်အောင် ထူးကဲကောင်းမွန်လှပါတယ်။

Source: Tripadvisor

Featured Image: Tastingtable