ဘော်ဒါတွေနဲ့အတူတူ အေးအေးဆေးဆေး Chill ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ စမ်းချောင်း မြို့နယ်အတွင်းရှိ ထိုင်လို့ကောင်းတဲ့ ဘား နှင့် စားသောက်ဆိုင် များကို ဝေမျှပေးချင်ပါတယ်။ စမ်းချောင်း မှာနေတဲ့ ကွီးတို့ပဲဖြစ်ဖြစ် စမ်းချောင်း ကို ရောက်တုန်းရောက်ခိုက် ထိုမြို့နယ်ရှိ ဘား နှင့် စားသောက်ဆိုင် မှာ အေးအေးဆေးဆေး နေချင်သူများအတွက် အခုဖော်ပြပေးမယ့် ဘားများကို ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

The Loard – SanChaung

bar in sanchaung

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် (၁၁)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ဘား နှင့် စားသောက်ဆိုင် တစ်ခုပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

bar in sanchaung

Photo: Facebook

ထိုဆိုင်လေးမှာ အရသာစွဲမက်ဖွယ်ကောင်းတဲ့ ကော့တေးမျိုးစုံ၊ ဘီယာမျိုးစုံကို မြည်းစမ်းစားသုံးနိုင်တဲ့အပြင် ဘာဘီကျူးအကင်မျိုးစုံကိုလည်း မိမိစိတ်ကြိုက် မှာယူစားသုံးနိုင်ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ တေးဂီတနှစ်သက်သူများအတွက် Music Band မျိုးစုံဖြင့် ဖျော်ဖြေတင်ဆက်ပေးထားတာကြောင့် အကြိုက်တွေ့ကြမှာပါ။ တစ်နေရာတည်းမှာပဲ အမြည်းမျိုးစုံ၊ အယ်လ်ကိုဟောဖျော်ရည်မျိုးစုံကို အရသာရှိရှိ သောက်သုံးရင်း အမိုက်စားသီချင်းများကိုလည်း နားဆင်ခံစားနိုင်ပါတယ်။

Astro Bar &Grill

စမ်းချောင်း ဘား စားသောက်ဆိုင်

Photo: Facebook

ဒီနေရာလေးကတော့ ဟိုတယ် စမ်းချောင်းရဲ့ ၁၂ လွှာမှာ တည်ရှိတဲ့ Rooftop Bar လေးပဲဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့လုံးရဲ့ အလှအပကို ၃၅၀ ဒီဂရီဖြင့် ရင်သပ်ရှုမောစွာ မြင်တွေ့ရမှာဖြစ်တဲ့အပြင် ရန်ကုန်မြစ်နှင့် ရန်ကုန်မြို့ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးကိုလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

စမ်းချောင်း ဘား စားသောက်ဆိုင်

Photo: Facebook

ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၅ နာရီကနေ ည ၁၂ နာရီအထိဖြစ်ပါတယ်။ အရောင်အသွေးစုံလင်လှတဲ့ ကော့တေးမျိုးစုံအပြင် အခြား အယ်လ်ကိုဟောဖျော်ရည်မျိုးစုံကိုလည်း ကွီးတို့စိတ်ကြိုက် မြည်းစမ်းသောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် ကော့တေးများနှင့် လိုက်ဖက်တဲ့ အမြည်းမျိုးစုံကိုလည်း မှာယူစားသုံးနိုင်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး ဘဝင်တွေ့ကြမှာပါ။

Mr.Tony – love house

စမ်းချောင်း ဘား စားသောက်ဆိုင်

Photo: Facebook

ဒီနေရာလေးကတော့ ဗားကရာလမ်း၊ စမ်းချောင်းမြိုနယ်ရှိ ဟိုတယ် Vista ရဲ့ ၈ လွှာမြောက်မှာ တည်ရှိတာဖြစ်ပါတယ်။ အမှောင်ကြိုက်တတ်တဲ့သူတွေအတွက် အဆင်ပြေတဲ့ စမ်းချောင်း မြို့နယ်အတွင်းရှိ ဘား နှင့် စားသောက်ဆိုင် တစ်ခုပဲဖြစ်ပါတယ်။

စမ်းချောင်း ဘား စားသောက်ဆိုင်

Photo: Facebook

အရသာရှိတဲ့အစားအစာများကို မြည်းစမ်းစားသုံးရင်း စွဲမက်ဖွယ်ကောင်းတဲ့ ကော့တေးများ၊ ဘီယာများကိုလည်း မှာယူသောက်သုံးနိုင်ပါသေးတယ်။ ဘားရဲ့ အပြင်အဆင်နဲ့ အဓိကဟင်းလျာများသည် နေ့ထူးနေ့မြတ်များပေါ် မူတည်ပြီး ပြောင်းလဲပြင်ဆင်တတ်တာကတော့ ဆိုင်ရဲ့ Signature တစ်ခုပါပဲ။ ဆန်းသစ်မှုကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် အကောင်းဆုံး ဘားတစ်ခုပဲဖြစ်ပါတယ်။

Featured Image: Astro Bar