စေ့စပ် ပါတီပွဲ ကျင်းပချင်တဲ့ စုံတွဲ များအတွက် ကိုယ့်ရဲ့ ပါတီပွဲ အောင်မြင်စွာနဲ့ ကျင်းပနိုင်ဖို့အတွက် သိထားသင့်တဲ့အချက်များ ရှိပါတယ်။ ထိုအချက်များကို အသုံးချပြီး အသေးစိတ်ပြင်ဆင်ထားမယ်ဆိုရင်တော့ အမှတ်ရစရာကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ စေ့စပ်ပါတီပွဲတစ်ခု အထမြောက်ကာ အောင်မြင်စွာ ပြီးဆုံးသွားမှာပဲဖြစ်ပါတယ်။
စေ့စပ်ပါတီပွဲ ကျင်းပမယ့်ရက်ကို ရွေးချယ်ပါ
Photo: Amazon
အရင်ဦးဆုံး စေ့စပ် ပါတီပွဲ ကျင်းပမယ့်ရက်ကို ကွီးတို့ စုံတွဲ အနေနဲ့ သေချာစဥ်းစားထားဖို့လိုအပ်ပါတယ်။ အချို့ကလည်း အခါကြီး ရက်ကြီးတွေကို သေချာရွေးယူကြပြီး ပြဿဒါးရက်တွေကို ရှောင်ကြည်လေ့ရှိကြပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲ ရွေးချယ်နေပါစေ၊ ထိုရက်လေးသည် သင်တို့နှစ်ယောက်စလုံးအတွက် မင်္ဂလာရှိကာ ပျော်ရွှင်နေရတဲ့ နေ့ရက်တစ်ရက်ဖြစ်ဖို့ လိုအပ်ပါတယ်။
ကျင်းပပြုလုပ်မယ့်နေရာ ရွေးချယ်ပါ
Photo: Venuereport
ဘယ်လိုနေရာမျိုးမှာ ကျင်းပချင်သလဲ။ ဟိုတယ်မှာလား (သို့) နှစ်ယောက်သားအတွက် အဓိပ္ပါယ်ရှိတဲ့ နေရာတစ်ခုလား စသည်ဖြင့် မိမိစိတ်ကြိုက်နေရာတစ်ခုကို ငှားရမ်းကာ ပြုလုပ်ပေးလိုက်ပါ။ တကယ်လို့ ကိုယ့်ဆီမှာ ခြံအကျယ်ကြီး ရှိတယ်ဆိုရင်တော့ ရာသီဥတု အခြေအနေပေါ် လိုက်ပြီး Outdoor ပါတီပွဲမျိုး ဖန်တီးနိုင်ပါတယ်။
MC ရွေးချယ်ပါ
Photo: Hitched
အခမ်းအနားတစ်ခု အောင်မြင်စွာ ဖြစ်မြောက်ဖို့အတွက် အခမ်းအနားမှူးရဲ့ အခန်းကဏ္ဍသည် အင်မတန်မှ အရေးကြီးပါတယ်။ မိမိရဲ့ သူငယ်ချင်းတွေထဲမှာ လူအများကြား စကားထွက်ပြောရဲပြီး စကားပြောကောင်းတဲ့ သူရှိရင် သူ့ကို MC လုပ်ခိုင်းလိုက်ပါ။ ထိုသူငယ်ချင်းက သင်တို့ သမီးရည်းစားနှစ်ယောက်ရဲ့အကြောင်းကို ကောင်းကောင်းသိတဲ့သူဆိုရင်တော့ ပိုကောင်းပါတယ်။
ဖိတ်ကြားမယ့် ဧည့်သည်များကို စာရင်းပြုစုထားပါ
Photo: Marthastewart
ပုံမှန်အားဖြင့်တော့ စေ့စပ် ပါတီပွဲ ကို ထို စုံတွဲ နှင့် အရင်းနှီးဆုံး သူငယ်ချင်းမိတ်ဆွေများကိုသာ ဖိတ်ကြားလေ့ရှိကြပါတယ်။ ဆွေမျိုးများကိုတောင် သိပ်မဖိတ်ကြပါဘူး။ မင်္ဂလာဆောင်မှသာလျှင် ခမ်းခမ်းနားနားနှင့် ဖိတ်ကြားကြတာပဲဖြစ်ပါတယ်။ သင်တို့စုံတွဲအနေနဲ့ ကိုယ့်ရဲ့ စေ့စပ်ပါတီပွဲမှာ ဘယ်သူငယ်ချင်းတွေကို ဖိတ်ကြားချင်သလဲဆိုတာ သေချာစာရင်း ပြုစုထားဖို့ လိုအပ်ပါတယ်။ တစ်ယောက်တစ်လေများ ဖိတ်ကြားဖို့ ကျန်ရစ်ခဲ့ပါက သူငယ်ချင်း မိတ်ဆွေ ဆက်ဆံရေး ပျက်စီးသွားနိုင်လို့ပဲဖြစ်ပါတယ်။
Decoration များကို မိမိလိုချင်တဲ့ Theme ရအောင် သေချာပြင်ဆင်ပါ
Photo: Casacol
ဘယ်လို Theme မျိုး ရွေးချယ်ချင်သလဲဆိုတာကို အရင်ဦးဆုံး အွန်လိုင်းမှာ မွှေနှောက် ရှာကြည့်လိုက်ပါ။ ထို့နောက် Event Planner (သို့) Party Planner များထံ အပ်နှံကာ ထို Decoration မျိုးအတိုင်း တစ်ပုံစံတည်း ထွက်လာမလားဆိုတာကို မေးမြန်းစုံစမ်းပြီးမှသာ စရံငွေ ပေးချတာမျိုး ပြုလုပ်သင့်ပါတယ်။
တည်ခင်းဧည့်ခံမယ့် အစားအသောက်နှင့် အယ်လ်ကိုဟောများကို စဥ်းစားထားပါ
ဟိုတယ်များ၊ ဘားများတွင် နေရာထိုင်ခင်းငှားရမ်းသူများအဖို့ ထိုဟိုတယ်က အစားအစာများကို သေချာရွေးချယ်ထားဖို့လိုအပ်ပါလိမ့်မယ်။ အယ်လ်ကိုဟော ဖျော်ရည်များကိုလည်း အမျိုးအစားစုံလင်စွာ ပြင်ဆင်ထားလိုက်ပါ။ မိမိခြံဝန်းထဲမှာပဲ ပါတီပွဲ ကျင်းပမယ်ဆိုရင်လည်း အစားအသောက်များနှင့် တည်ခင်းဧည့်ခံဖို့ကို ကြိုတင် အော်ဒါတင်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ဒီအချက်များနဲ့ မိမိရဲ့ စေ့စပ် ပါတီပွဲ ကို ပြုလုပ်ကျင်းပမယ်ဆိုရင်တော့ ကွီးတို့ စုံတွဲ ရဲ့ စေ့စပ်ပါတီပွဲသည်လည်း အောင်မြင်စွာနဲ့ ပြီးဆုံးသွားမှာပဲဖြစ်ပါတယ်။
Source: Marthastewart
Featured Image: Honeyhollowranch