မြို့ထဲမှာ ဘော်ဒါတွေနဲ့ ဆုံပြီး အချိန်ကောင်းလေးတွေ ကုန်ဆုံးဖို့ ထိုင်လို့ ကောင်းတဲ့ ဘားလေးတွေကို ရှာဖွေနေပါသလား။ ဒီနေ့မှာတော့ ကွီးတို့အတွက် ဘော်ဒါတွေနဲ့အတူ အထာကျကျ ဇိမ်ရှိရှိ ထိုင်ပြီး တစ်ခွက်မော့ဖို့အတွက် ရန်ကုန် Downtown က အလန်းစား ဘား လေးတွေကို ဝေမျှပေးချင်ပါတယ်။

Yamaka Bar- ယမကာဆိုင်

bar

Photo : Yamaka Bar – ယမကာဆိုင်

ညနေခင်း ရုံးဆင်းချိန်မှာ တစ်နေ့တာ အမောတွေ ပြေပျောက်ဖို့ အထာကျကျ ဇိမ်ရှိရှိ ထိုင်လို့ကောင်းတဲ့ Downtown က ဘား လေး တစ်ခုကတော့ Yamaka Bar- ယမကာဆိုင် ဆိုတဲ့ ဘားလေးပါပဲ။ ဒီဘားလေးရဲ့ Vibe ကတော့ တကယ်ကို အမိုက်စားဖြစ်ပြီး Indoor ရော Outdoor ပါထိုင်လို့ ရပါတယ်။ ဒါ့အပြင် နေရာ အနေအထားကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ ဘော်ဒါတွေနဲ့ တစ်ခွက်တစ်ဖလား မော့ဖို့ပဲ ထိုင်ထိုင်၊ ချစ်သူလေးနဲ့ Date ဖို့ပဲလာလာ အဆင်ပြေတဲ့ ဘားလေးပါ။

bar

ဒီဘားလေးမှာ အဖျော်ယမကာများအပြင် အရသာရှိတဲ့ ကော့လ်တေးတွေ နဲ့အတူ အရသာထူးကဲတဲ့ အမျိုးအစားစုံလင်လှတဲ့ အစားအသောက်ကောင်းတွေကိုလည်း မြည်းစမ်း သုံးဆောင်လို့ရပါတယ်။ ဒါ့အပြင် သံစဉ်လေးတွေနဲ့ စီးမြောချင်တဲ့ ကွီးတို့အတွက်လည်း Unplugged အစီအစဉ်လေး ရှိပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ C1B၊ Time Square Condo ကုန်သည်လမ်းနဲ့ ဗိုလ်တထောင် ဈေးလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

V Hangout – 36 Street Branch

ဇိမ်ရှိရှိ ဘား

Photo : V Hangout – 36 Street Branch

ကွီးတို့ရေ ရန်ကုန် မြို့ထဲကပဲ နောက်ထပ်ထိုင်လို့ကောင်းတဲ့ ဘားလေးကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ V Hangout – 36 Street Branch ဆိုတဲ့ ဘားလေးပါပဲ။ ဒီဘားလေးက Open Type ဖြစ်တဲ့ အတွက် လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး TGIF ချင်တဲ့ ကွီးတို့အတွက်တော့ ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။ ဒီဘားလေးမှာလည်း တေးဂီတ အစီအစဉ်လေးတွေ ပါဝင်တာကြောင့် ဘီယာလေးသောက်ရင်း သီချင်းလေးနဲ့ ငြိမ့်ချင်တဲ့ ကွီးတို့အတွက်တော့ အံကိုက်ပဲပေါ့။

ဇိမ်ရှိရှိ ဘား

အဖျော်ယမကာတွေလား၊ အစားအသောက်ကောင်းတွေလား မပူပါနဲ့၊ ဒီဘားမှာ Menu စုံစုံလင်လင် ရှိတဲ့အပြင် လန်းဆန်းစေမဲ့ Seasonal Fruit Juice တွေကိုလည်း မြည်းစမ်းလို့ရပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၄၀၄)၊ မဟာဗန္ဓုလလမ်းနဲ့ ၃၆ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Lanmadaw Bar 1924

ဇိမ်ရှိရှိ ဘား

Photo : Lanmadaw Bar 1924

ဒီဘားလေးကလည်း အထာကျကျ ဇိမ်ရှိရှိ ဘား ထိုင်ချင်တဲ့ ကွီးတို့အတွက် တကယ်ကို အမိုက်စား ဘားလေးပါပဲ။ ဒီဘားလေးမှာ တမူထူးခြားတဲ့ Vibe ကို ပေးစွမ်းနိုင်ပြီး ဘော်ဒါတွေနဲ့ပဲ ထိုင်ထိုင်၊ ချစ်သူလေးပဲ ထိုင်ထိုင် စိတ်တိုင်းကျ စေမဲ့ ဘားလေးပါပဲ။

bar

ဒီဘားလေးမှာ အဖျော်ယမကာတွေအပြင် တွဲဖက်စားသုံးဖို့၊ အမြည်းနဲ့ အရသာရှိတဲ့ အကင်မျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။ တေးသီချင်း သံစဉ်တွေနဲ့ စီးမြောချင်တဲ့ ညီအစ်ကိုတို့ အတွက်လည်း သောကြာ၊ စနေနဲ့တနင်္ဂနွေနေ့တွေမှာ ဆိုရင် Music Show အစီအစဉ်တွေလည်း ရှိပါတယ်။ ရေမီးအစုံနဲ့ Chill လို့ကောင်းတဲ့ ဘားလေးဆိုလည်း မမှားပါဘူး။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၈၃၄)၊ ၉ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : Lanmadaw Bar 1924