ဘော်ဒါတွေနဲ့ အတူတူ ဘားထိုင်တဲ့အခါ အဓိက အရေးကြီးဆုံး အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်ကတော့ ထိုဘားသည် အာရုံနောက် သက်သာပြီး ထိုင်လို့ကောင်းရမယ်။ နောက်တစ်ချက်ကတော့ ဈေးနှုန်းကလည်း သင့်တင့်ချိုသာနေရမှာ ဖြစ်ပါတယ်။ ဒီလို အချက်နှစ်ချက်နှင့် ပြီးပြည့်စုံတဲ့ ဘားနှင့် စားသောက်ဆိုင်များကို ရှာဖွေနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆိုင်တွေကိုသာ သတိရလိုက်ပါ။ ဒီဘားနှင့် စားသောက်ဆိုင်များသည် ထိုင်လို့လည်းကောင်းပြီး ဈေးနှုန်း လည်းသက်သာတဲ့ မန္တလေး က အမိုက်စား ဘားတွေပဲ ဖြစ်ပါတယ်။

Jupiter Restaurant & Bar

ဈေးနှုန်း မန္တလေး

Photo: Facebook

ဒီဆိုင်ကတော့ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၆၄ နှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ မြူးမြူးကြွကြွနဲ့ Chill ချင်တဲ့ ကွီးတို့အတွက် Jupiter Band က ဖျော်ဖြေပေးနမှာ ဖြစ်ပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်က အမိုက်စား ပြင်ဆင်ထားတာဖြစ်ပြီး အကောင်းစား ဝီစကီနှင့် အယ်လ်ကိုဟော ဖျော်ရည်များကိုလည်း မှာယူသောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် ဝီစကီနှင့် လိုက်ဖက်တဲ့ အစားအစာများကိုလည်း သုံးဆောင်နိုင်ပါသေးတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ဆိုင်မှာ ထိုင်စားဖို့ မအားဘူးဆိုရင်လည်း Take Out And Delivery အစီအစဥ်လေးလည်း စီစဥ်ပေးထားပါသေးတယ်။ အိမ်မှာ အေးအေးဆေးဆေး Chill ချင်သူများအတွက် အစားအသောက်တင်မကပါဘူး၊ ဖျော်ရည်မျိုးစုံကိုလည်း Delivery ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ၅၆ လမ်းနှင့် လမ်း ၈၀အတွင်း၊ ၁၉ လမ်းနှင့် သိပ္ပံလမ်းအတွင်းက မှာယူသူများအနေနဲ့ ကျပ် တစ်သောင်းဖို့နှင့် အထပ် မှာယူပါက Free လိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်။

Davanti Café & Bar

ဈေးနှုန်း မန္တလေး

Photo: Facebook

ဒီဆိုင်လေးကတော့ ၆၆ လမ်း၊ ၁၉ လမ်း x လမ်း ၂၀ ကြား၊ ကျုံးအရှေ့ဖက်ဘေး၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီခွဲကနေ ည ၉ နာရီခွဲအထိ ဖြစ်ပါတယ်။ Café နှင့် Bar ပုံစံလေးဖြစ်တဲ့အတွက်ကြောင့် အယ်လ်ကိုဟော ဖျော်ရည်များ မသောက်ချင်တဲ့အချိန်ဆို သစ်သီးဖျော်ရည်များနှင့် ကော်ဖီများကို မှာယူသောက်သုံး နိုင်ပါတယ်။ ကော့တေး အမျိုးအစားပေါင်း ၂၀ ကျော် ရှိပြီး အကောင်းစား ဘီယာအမျိုးအစားပေါင်း ၆ မျိုးခန့် ရှိတဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်နှစ်သက်တဲ့ အယ်လ်ကိုဟော ဖျော်ရည်ကို ရွေးချယ် သောက်သုံးရုံပါပဲ။ အစားအစာများအနေနဲ့ကလည်း မြန်မာအစားအစာမျိုးစုံအပြင် ပြင်သစ်ဟင်းလျာနှင့် အခြား အနောက်တိုင်း အစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။

Brolly Sky Bar & Restaurant

bar in mandalay

Photo: Facebook

နောက်ထပ် ထိုင်လို့ကောင်းပြီး ဈေးနှုန်း လည်း သက်သာတဲ့ မန္တလေး မြို့ရှိ ဘားနှင့် စားသောက်ဆိုင်ကတော့ Brolly Sky Bar & Restaurant ပဲဖြစ်ပါတယ်။ ၂၂ လမ်း၊ ၆၅ x ၆၆ လမ်းကြား၊ မန္တလေးမြို့ (ဟိုတယ် ရတနာဦး အပေါ်ဆုံးထပ် Rooftop) တွင် တည်ရှိပါတယ်။ ငွေသားနှင့် မပေးချေချင်သူများအတွက်လည်း Kpay ကို ရာခိုင်နှုန်းမပါဘဲ ပေးချေနိုင်ပါတယ်။

ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း ရိုမန့်တစ်ဆန်တဲ့ အချိန်လေး ပိုင်ဆိုင်ချင်သူများအတွက်လည်း လှပတဲ့ Decoration မျိုးစုံနှင့် ပြင်ဆင်ပေးပြီး Table Charges ဖရီး၊ ဟင်းပွဲဈေး အသင့်အတင့်နှင့် အေးအေးဆေးဆေး ထိုင်နိုင်အောင် စီစဥ်ပေးထားပါသေးတယ်။ နှစ်ယောက်တည်းလား ၊ ဘော်ဒါတွေနဲ့ အုပ်စုလိုက်လား ကွီးတို့စိတ်ကြိုက် အေးအေးလူလူ ထိုင်နိုင်အောင် စီစဥ်ပေးမှာကတော့ Brolly Sky Bar & Restaurant ပဲဖြစ်ပါတယ်။

Featured Image: Brolly Sky Bar & Restaurant