ကွီးတို့ရေ ချစ်သူလေးနဲ့ အေးအေးဆေးဆေး စကားပြောရင်း Date ဖို့ ဘား တွေရှာနေပါသလား။ အရသာရှိတဲ့ အစားအသောက်တွေစားရင်း တစ်နေ့တာ အကြောင်းတွေကို ပြန်လည်ဝေမျှရင်း ထိုင်လို့ကောင်းတဲ့ ဘားလေးတွေ ရှိပါတယ်။ ကွီးတို့ချစ်သူလေးနဲ့သာမက ဘော်ဒါတွေနဲ့ ပါအေးဆေးတွေ့ဆုံဖို့ ထိုင်လို့ကောင်းတဲ့ ဘား လေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Iceland Rooftop Bar and Restaurant

Photo : Iceland Rooftop Bar and Restaurant Facebook Page
ပထမဆုံးဖော်ပြချင်တဲ့ ထိုင်လို့ကောင်းတဲ့ ဘား လေးတစ်ခုကတော့ Iceland Rooftop Bar and Restaurant ပဲဖြစ်ပါတယ်။ အဖျော်ယမကာများနဲ့ တွဲဖက်စားသုံးဖို့ အရသာရှိလှတဲ့ အစားအသောက်မျိုးစုံအပြင် ကော့တေး တွေကိုပါ မြည်းစမ်းလို့ရတော့ ကွီးရဲ့ချစ်သူလေးအကြိုက်တွေ့မှာ အသေအချာပါပဲ။ လိပ်စာလေးကတော့ အမှတ် ၁၂၃/၁၂၄ ၊ ပြည်လမ်း ၊ ၁၀မိုင် ရန်ကုန်မြို့ဘဲ ဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိဖွင့်တဲ့ အတွက် နေ့လည်စာ သုံးဆောင်ချင်တဲ့ ကွီးတို့ အတွက်လည်း အဆင်ပြေပါတယ်။
(၂) Tempo Beer Garden

Photo : Tempo Beer Garden Facebook Page
ကွီးတို့ ရုံးဆင်းချိန်မှာ ချစ်သူလေးနဲ့ အေးဆေးထိုင်ရင်း ကြည်နူးစရာအချိန်လေးတွေကို ဖန်တီးနိုင်ဖို့ နောက်ထပ်ဖော်ပြချင်တဲ့ ထိုင်လို့ကောင်းတဲ့ ဘား လေးကတော့ လေးကတော့ Tempo Beer Garden ပဲ ဖြစ်ပါတယ်။ ဒီဘားလေးက Rooftop Bars လေးလည်း ဖြစ်တာကြောင့် လေနုအေးလေးခံစားရင်း ဘီယာလေးသောက်ရင်း အချိန်ဖြုန်းလို့ ရပါတယ်။ သူ့ရဲ့ လိပ်စာကတော့ Building No.(218)၊ ၆လွှာ၊ Time City Complex ၊ ဟန်သာဝတီလမ်း ကမာရွတ်မြို့နယ်ပဲ ဖြစ်ပါတယ်။ နေ့စဉ် နေ့လည် ၁၂ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပါတယ်။
(၃) NOVA Bar and Chill

Photo : NOVA Bar and Chill Facebook Page
ထပ်မံဖော်ပြချင်တဲ့ ဘားလေးကတော့ အမှတ် (၆)၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့မှာ ရှိတဲ့ တကယ်ကို မိုက်တဲ့ Nova Bar and Chill လေးပဲဖြစ်ပါတယ်။ အစားအသောက် Promotion တွေ၊ Live DJ Activity စတာတွေ ရှိတဲ့ အတွက် ကွီးတို့ ချစ်သူလေးနဲ့ ဖြစ်စေ၊ ဘော်ဒါတွေနဲ့ ဖြစ်စေ Chill လို့ကောင်းတဲ့ ဘားလေးတစ်ခုပါပဲ။ နေ့လည် ၂ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။
(၄) 2Bees

Photo : 2Bees Facebook Page
ဘီယာလေးသောက်ရင်း အရသာရှိတဲ့ မန္တလေးအရသာ အကင်လေးတွေပါ စားချင်တယ်ဆိုရင်တော့ 2Bees Bars And Restaurant ရှိပါတယ်။ ချစ်သူလေးနဲ့ အကင် Date ဖို့ အကောင်းဆုံး နေရာလေးပါပဲ။ ဒါ့အပြင် ဘော်ဒါတွေနဲ့လည်း အကင်တွေစားရင်း ဘီယာ လေးသောက်ရင်း Chill လို့ရပါသေးတယ်။ လိပ်စာကတော့ 7A ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့မှာ ရှိပါတယ်။ မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖွင့်ပါတယ်။
Featured Photo : Facebook
											
				
									
	
	
	
	
	
	