ဘော်ဒါတွေနဲ့ အတူတူ ပါတီပွဲ များ ကျင်းပချင်ပေမယ့် ဘယ်လိုမျိုး ယမကာ ဖျော်ရည် တွေနဲ့ တည်ခင်းဧည့်ခံရမှန်း မသိဖြစ်နေပါသလား။

ဒီဆောင်းပါးလေးကနေတဆင့် ပါတီပျော်လေးတွေအတွက် ပါတီပွဲ နဲ့ လိုက်ဖက်တဲ့ ယမကာ ဖျော်ရည် များကို ဝေမျှပေးချင်ပါတယ်။ ဖျော်နည်းတွေကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် မိမိအိမ်မှာ အလွယ်တကူ ဖျော်သောက်လို့ရပါတယ်။

Mojito Pitcher ပြုလုပ်နည်း

ပါတီပွဲ ယမကာ ဖျော်ရည်

Photo: Thecookierookie

Mojito ချစ်သူများအတွက် ရမ် အသုံးပြုပြီး Mojito ဖျော်စပ်နည်းကို ဝေမျှပေးချင်ပါတယ်။

လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ … သကြားဖြူ စားပွဲတင်ဇွန်း ၈ ဇွန်း၊ Mint အရွက် ၃၆ ရွက်ခန့်၊ သံပုရာသီးစိပ် ၃ စိပ်၊ ရမ် စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် Club Soda ၁ လီတာခန့်တို့ လိုအပ်ပါလိမ့်မယ်။

သကြားနှင့် ပင်စိမ်းရွက်တို့ကို အတူတူ ရောထည့်ကာ ပင်စိမ်းရွက်များ ကြေသွားသည်အထိ ချေပေးလိုက်ပါ။ ထို့နောက် သံပုရာသီးများ ညှပ်ထည့်ပေးလိုက်ပါ။ ထို့နောက် ရမ်ထည့်ပါ။ Club Soda ထည့်ပြီး သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

အားလုံးပျော်ဝင်သွားတဲ့အခါမှာတော့ စွဲမက်ဖွယ်ရာကောင်းတဲ့ Mojito လေးရရှိသွားပြီပဲ ဖြစ်ပါတယ်။ ပါတီပွဲ နဲ့ လိုက်ဖက်တဲ့ ယမကာ ဖျော်ရည် အမျိုးအစားတစ်ခုပါ။

Frozen Margarita ပြုလုပ်နည်း

ပါတီပွဲ ယမကာ ဖျော်ရည်

Photo: Thespruceeats

Margarita ပြုလုပ်ဖို့ရန်အတွက် တကီလာ ၅၀ မီလီလီတာ၊ Triple Sec ၂၅ မီလီလီတာ၊ သံပုရာရည် ၂၅ မီလီလီတာ၊ သကြားရည် ၁၅ မီလီလီတာနှင့် ရေခဲတုံး၊ အလှဆင်ဖို့ရန်အတွက် သံပုရာသီးစိပ် အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

Blender ထဲတွင် တကီလာ၊ Triple Sec ၊ သံပုရာရည်၊ သကြားရည်နှင့် ရေခဲတုံးတို့ထည့်ကာ အဖုံးပိတ်ပြီး ရေခဲတုံးများ အတုံးအခဲများ ပျောက်သွားသည်အထိ ဖျော်ပေးလိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲ ပြောင်းထည့်ကာ သံပုရာသီးစိပ်ဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အားလုံး ကြိုက်နှစ်သက်တဲ့ Margarita တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Pineapple Coconut Cooler

ပါတီပွဲ ယမကာ ဖျော်ရည်

Photo: Dominosugar

ဒီဖျော်ရည်လေးကတော့ နာနတ်သီးနဲ့ အုန်းရည်တို့ကို ရမ် အသုံးပြုကာ ဖျော်စပ်ရမှာ ဖြစ်ပါတယ်။

လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ နာနတ်သီး ပန်းကန်လုံး ၄ လုံးစာ၊ အုန်းနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၈ ဇွန်း၊ အုန်းရည် စားပွဲတင်ဇွန်း ၃၂ ဇွန်း၊ စပါကလင်ရေ စားပွဲတင်ဇွန်း ၃၂ ဇွန်း၊ ရမ် စားပွဲတင်ဇွန်း ၁၂ ဇွန်း၊ အလှဆင်ဖို့ရန်အတွက် နာနတ်သီးစိပ် အနည်းငယ် တို့လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ သစ်သီးဖျော်စက်ထဲသို့ နာနတ်သီး၊ အုန်းနို့နှင့် သကြားတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ ဖျော်ရည်အနှစ်များကို လေလုံသော ဘူးထဲသို့ ထည့်ကာ အဖုံးလုံအောင် ပိတ်ပြီးနောက် ၈ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ဖန်ခွက်ထဲသို့ စောစောက အအေးခံထားသော နာနတ်သီးဖျော်ရည်အခဲ ဇွန်းကြီး ၂ ဇွန်းစာခန့် ခပ်ထုတ်ကာ ဖန်ခွက်ထဲသို့ ထည့်လိုက်ပါ။ ထို့နောက် အုန်းရည် အနည်းငယ် လောင်းထည့်ပါ။ စပါကလင်ရေ လောင်းထည့်ကာ အနည်းငယ်မွှေပေးလိုက်ပါ။ ပြီးရင်တော့ နာနတ်သီးဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ဆွေမျိုးမေ့သွားလောက်တဲ့အထိ အရသာရှိပြီး ပါတီပွဲ နဲ့ လိုက်ဖက်တဲ့ ယမကာ ဖျော်ရည် တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Raspberry Mojito ပြုလုပ်နည်း

ပါတီပွဲ ယမကာ ဖျော်ရည်

နောက်ထပ် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးကတော့ Raspberry Mojito ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။

လိုအပ်မယ့် ပစ္စည်းများကတော့ Mint ၆ ရွက်ခန့်၊ လတ်ဆတ်သော Raspberry ၄ လုံးနှင့် အလှဆင်ဖို့ရန်အတွက် အနည်းငယ်၊ သံပုရာသီး ၁ လုံး (၂ ခြမ်း စိတ်ထားပါ)၊ ရမ်အဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း၊ Raspberry ဖျော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ Ginger Ale စားပွဲတင်ဇွန်း ၄ ဇွန်း တို့ လိုအပ်ပါလိမ့်မယ်။

၁။ ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ထားလိုက်ပါ။

ပါတီပွဲ ယမကာ ဖျော်ရည်

၂။ ဖန်ခွက်ရှည်ထဲတွင် ပင်စိမ်းရွက်နှင့် ရက်စ်ဘယ်ရီသီးများထည့်ကာ အသီးများကို ချေပေးလိုက်ပါ။

Raspberry Mojito ပြုလုပ်နည်း

၃။ ထို့နောက် ရေခဲတုံးထည့်ပါ။ သံပုရာသီးများ ညှစ်ထည့်လိုက်ပါ။

Raspberry Mojito ပြုလုပ်နည်း

၄။ ရမ်ထည့်ပါ။ ရက်ပ်ဘယ်ရီသီးဖျော်ရည်ထည့်ပါ။

Raspberry Mojito ပြုလုပ်နည်း

၅။ ထို့နောက် Ginger Ale ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၆။ ပင်စိမ်းရွက် အနည်းငယ်၊ ရက်ပ်ဘယ်ရီသီး အနည်းငယ်ထည့်ကာ အလှဆင်ပေးလိုက်ပါ။

Raspberry Mojito ပြုလုပ်နည်း

ဒါဆိုရင်တော့ အမြင်လည်းလှပြီး အရသာလည်း ထူးခြားဆန်းပြားတဲ့ ရက်ပ်ဘယ်ရီ မိုဟီတိုတစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဖျော်နည်းလေးတွေကတော့ လွယ်ကူရိုးရှင်းပြီး ပါတီပွဲ များနှင့် လိုက်ဖက်တဲ့ ယမကာ ဖျော်ရည် များပဲဖြစ်ပါတယ်။ ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Thespruceeats

Featured Image: Squaremeal