ညနေစောင်းအချိန်၊ ရုံးဆင်းချိန်တွေမှာ တစ်နေကုန်ပင်ပန်းထားသမျှတွေကို ဖြေဖျောက်စေဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ဘားထိုင်ခြင်းပဲဖြစ်ပါတယ်။ ရုံးကနေ အိမ်ကို ပြန်တဲ့လမ်းက ပါရမီ လမ်းမပေါ်မှာ တည်ရှိတယ်ဆိုရင်တော့ ထိုနားတစ်ဝိုက်က အလန်းစား ဘား တွေမှာ အချိန်ကုန်ဆုံးနိုင်ပါတယ်။
ကွီးတို့အနေနဲ့ ရန်ကုန်မြို့ ပါရမီ လမ်းမပေါ်က ထိုင်လို့ကောင်းတဲ့ အမိုက်စား ဘား တွေအကြောင်း စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို လက်မလွတ်တမ်း ဖတ်ကြည့်သင့်ပါတယ်။ တန်ဆောင်တိုင် အလန်းစား ပရိုမိုးရှင်းလေးတွေလည်း ရှိတဲ့အတွက်ကြောင့် ကွီးတို့အားလုံးအတွက် တန် တန့် တန် အစီအစဥ်လေးတွေပါပဲ။
Y-2K Nostalgic BBQ
ဒီဆိုင်ကတော့ အမှတ် (၁၅) ၊ ပါရမီ လမ်းမ၊ အေဒီပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ်ပေါ်မှာ တည်ရှိတဲ့ ဘား နှင့် ဘာဘီကျူးဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ် TGIF အတွက်လည်း အလန်းစား ဘီယာ ပရိုမိုးရှင်းလေး ရှိပါသေးတယ်။ ထိုအစီအစဥ်ကတော့ ဘီယာ ၃ ခွက် ဝယ်ရင် တစ်ခွက် ဖရီးရမှာပဲဖြစ်ပါတယ်။ Tuborg နဲ့ Y-2K တို့ ပူးပေါင်းပြီး Tuborg Open ဆိုတဲ့ ပွဲလေးလည်း စီစဥ်ထားပါသေးတယ်။ အနုပညာရှင်များကတော့ ကွီးတို့အသည်းစွဲ မျိုးကျော့မြိုင်၊ DJ Zaw Gyi နှင့် DJ R2 တို့ပဲ ဖြစ်ပါတယ်။
ဘီယာပရိုမိုးရှင်းအစီအစဥ်လေးမှာ အပီကစ်ရင်း အရသာရှိတဲ့ အမြည်းများကိုပါ တွဲဖက်စားသုံးကာ ကွီးတို့အကြိုက်ဆုံး အနုပညာရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ ပါရမီလမ်းမပေါ်က Y-2K Nostalgic BBQ ဆီသို့ အရောက်သွားသင့်ပါတယ်။
The Idol B.B.Q Restaurant
နောက်ထပ် အလန်းစားဆိုင်တစ်ဆိုင်ကတော့ အမှတ် (၂) ၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၂ နာရီကနေ ည ၁၁ နာရီခွဲအထိပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ ဟောလိုးဝင်းညမှာ နိုင်ငံကျော်အဆိုတော် ဇော်ပိုင်ရဲ့ ဖျော်ဖြေတင်ဆက်မှု အစီအစဥ်ရှိခဲ့ပါတယ်။ အခုလာမယ့် တန်ဆောင်တိုင်ညအတွက်လည်း အမိုက်စား အစီအစဥ်များ စီစဥ်ထားမှာ အသေအချာပါပဲ။ အကောင်းစား ဝီစကီများ၊ ဘီယာများအပြင် အရသာ ထူးကဲကောင်းမွန်တဲ့ အမြည်းများကိုလည်း မှာယူစားသောက်နိုင်ပါတယ်။
တစ်ညနှင့် တစ်ညလည်း မရိုးရတဲ့ ဖျော်ဖြေတင်ဆက်မှုများက စောင့်ကြိုနေတဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။ Rock & Roll ဂီတမျိုး နှစ်သက်သလား၊ ဒါမှမဟုတ် Unplugged တေးဂီတတွေနဲ့ အေးဆေးငြိမ့်ချင်တာလား။ ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ဘိုကင် တင်ချင်တဲ့ ကွီးတို့အနေနဲ့ကတော့ ၀၉ ၇၆၁၈ ၅၀၀ ၀၃ ၊ ၀၉ ၇၆၁၈ ၅၀၀ ၁၂ ၊ ၀၉ ၇၆၁၈ ၅၀၀ ၂၁ နှင့် ၀၉ ၇၈၇ ၃၃၃ ၁၉၉ အစရှိတဲ့ ဖုန်းနံပါတ်များကို ဆက်ကာ ဘိုကင်တင်နိုင်ပါတယ်။
Piano Bar Yangon
Night Life ကို တဝကြီး ခံစားချင်တဲ့ ကွီးတို့အတွက် Piano Bar Yangon က စောင့်ကြိုနေပါတယ်။ သူကတော့ ဟိုတယ် ပါရမီရဲ့ ၁၀ လွှာမှာ တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။ တန်ဆောင်တိုင်ည ၅ ရက်နေ့မှာလည်း အထူးအစီအစဥ်ကောင်းတစ်ခုရှိပါတယ်။ ထိုအစီအစဥ်ကတော့ နိုင်ငံကျော် အဆိုတော် စည်သူလွင်နှင့် အိမ့်ချစ်တို့ရဲ့ ဖျော်ဖြေ တင်ဆက်မှုများကို ညနေ ၆ နာရီကနေ ည ၉ နာရီအထိ နားဆင်ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ Luxury ဆန်ဆန် ဘားထိုင်ရင်း သီချင်းများကို အေးအေးငြိမ့်ငြိမ့် ခံစားနိုင်ဖို့အတွက် ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ လက်မှတ်များကတော့ Entry အတွက် ၃၅၀၀၀ ကျပ်၊ Gold ၆၀၀၀၀ ကျပ်၊ VIP ၈၀၀၀၀ ကျပ်နှင့် VVIP အတွက် တစ်သိန်းကျပ် စသည်ဖြင့် အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဒါ့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ Free Flow Beer and Red Wine ကို ၂ နာရီစာ ခံစားခွင့်ရမှာပဲ ဖြစ်ပါတယ်။
Featured Image: TheIdolBar