မိုးအေးအေးလေးမှာ ဘာဘီကျူး လေးကို ဘီယာ နဲ့ သုံးဆောင်ရင်း အေးအေးငြိမ့်ငြိမ့်လေးနဲ့ Bar မှာ ထိုင်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရန်ကုန်မြို့တွင်းရှိ ထိုင်လို့အကောင်းဆုံး ဆိုင်လေးတွေအကြောင်း ဝေမျှပေးချင်ပါတယ်။

အရသာရှိတဲ့ ဘာဘီကျူး အကင်လေးနဲ့ အကောင်းစား ဘီယာတွေကို တစ်နေရာတည်းမှာ ရရှိနိုင်တဲ့ ရန်ကုန်မြို့တွင်းရှိ Bar များကတော့ …

BR-Q Beer & Barbeque

bbq

Photo: Facebook

ဒီဆိုင်လေးမှာတော့ Tiger ဘီယာ၊ ABC ဘီယာ အစရှိတဲ့ ဘီယာများအပြင် အကောင်းစား ဝီစကီများ၊ ကော့တေးများကိုလည်း မှာယူသောက်သုံးနိုင်ပါတယ်။

ရွေးချယ်စရာအကင်တွေကလည်း အမျိုးအစားစုံလင်တဲ့အတွက်ကြောင့် မိမိစိတ်ကြိုက် ရွေးချယ်ကာ မြည်းစမ်းစားသုံးနိုင်ပါတယ်။

bbq

Photo: Facebook

ဒါတင်မကသေးပါဘူး။ သင်္ဘောသီးထောင်း၊ မုန့်ဖတ်ထောင်း၊ အပ်မှိုထောင်း၊ ပြောင်းဖူးထောင်း၊ ဘယ်ခရု ရခိုင်ထောင်း၊ ဂုံးရခိုင်ထောင်း၊ ဝက်ခေါင်းထောင်း အစရှိတဲ့ ယိုးဒယားအထောင်းပေါင်း အမျိုးအစား ၂၁ မျိုးခန့် မှာယူစားသုံးနိုင်ပါသေးတယ်။

bbq

Photo: Facebook

မိုးအေးအေးလေးမှာ ဘာဘီကျူး လေး စားလိုက် ဘီယာလေး သောက်လိုက်နဲ့ တကယ့်ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ Bar ထိုင်ရတဲ့ အတွေ့ အကြုံကောင်းကို ခံစားရမှာပါ။ ဂီတဝါသနာအိုးများအနေနဲ့လည်း စိတ်ပါရင် သီချင်းတက်ဟဲနိုင်ပါသေးတယ်။ တည်နေရာကတော့ ဗဟိုလမ်း၊ အင်းစိန်ကညန အနီး ဖူးဆယ်ကွင်းနှင့် ကပ်ရပ်မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၃ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

Cheers Beer & BBQ

bbq

Photo: Facebook

ဒီဆိုင်လေးကတော့ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့မှာ တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၂ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

ဘာဘီကျူး ဘီယာ Bar

Photo: Facebook

အကင်မျိုးစုံ၊ ဟင်းလျာမျိုးစုံအပြင် အရသာမိမိုက်နေတဲ့ ဘီယာတွေကိုလည်း စိတ်ကြိုက် မှာယူသောက်သုံးနိုင်ပါတယ်။

ဘာဘီကျူး ဘီယာ Bar

Photo: Facebook

သီချင်းနားထောင်ရတာ ကြိုက်နှစ်သက်သူများအတွက်လည်း Live Music အစီအစဉ် ရှိပြီး တနင်္လာနေ့မှာတော့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်မယ့် Open Mic အစီအစဉ်လည်း ရှိပါသေးတယ်။ ဘော်ဒါတို့အားလုံး အကြိုက်တွေ့ကြမယ့် ဘာဘီကျူး နှင့် ဘီယာ Bar တစ်ခုပဲဖြစ်ပါတယ်။

The Flow

ဘာဘီကျူး ဘီယာ Bar

Photo: Facebook

The Flow Bar BBQ & Restaurant ရဲ့ တည်နေရာကတော့ အမှတ် ၃၃ (က)၊ သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၂ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ ဆိုင်ရဲ့ ဝန်ဆောင်မှုတွေကလည်း ရှယ်ပါပဲ။ ဆိုင်ထိုင်လို့လည်း ရသလို၊ မှာထားတာတွေကို ကိုယ်တိုင်သွားယူခြင်း (သို့) Delivery ဖြင့် လိုက်ပို့ပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှုမျိုးစုံကို ရရှိနိုင်ပါတယ်။

ဘီယာတစ်မျိုးတည်း ရတာလား?

ဘာဘီကျူး ဘီယာ Bar

Photo: Facebook

နိုးပါ။ ဘီယာအပြင် ဂျင်၊ ရမ်၊ တကီလာ၊ ဝီစကီ၊ ဗော့ကာ၊ ကော့တေး စသည်ဖြင့် အမျိုးအစားမျိုးစုံရရှိနိုင်ပြီး အမျိုးအစားတစ်ခုချင်းစီအတွက်လည်း အရသာမူကွဲမျိုးစုံ ထပ်မံရရှိနိုင်ပါသေးတယ်။ BBQ အကင်မျိုးစုံအပြင် ကြက်အရေခွံကြော်၊ ကန်စွန်းပလိန်း၊ ပီဇာ၊ ဘာဂါ၊ အသုပ်စုံ၊ ဟင်းရည်စုံ စသည်ဖြင့် အမျိုးအစားစုံလင်မှာ မှာယူစားသောက်နိုင်ပါတယ်။

ဘာဘီကျူး ဘီယာ Bar

Photo: Facebook

ဒါတင်မကသေးပါဘူး။ Wedding Dinner ၊ မွေးနေ့ပါတီ၊ ရုံးပါတီပွဲများ စတဲ့ Private ဆန်ဆန် ပါတီပွဲတွေကိုလည်း စိတ်လွတ်လက်လွတ်ဖြင့် ပျော်ပျော်ပါးပါး ပြုလုပ်နိုင်ဖို့ကိုလည်း စီစဉ်ထားပေးပါသေးတယ်။

Featured Image: Cheers Bar & BBQ