မန္တလေး တောင်ရဲ့ သဘာဝရှုခင်းကို တစိမ့်စိမ့် ငေးမောရင်း ဘားထိုင်ချင်တဲ့ ကွီးတို့အတွက် ထိုအနီးအနားတစ်ဝိုက်က ထိုင်လို့ကောင်းတဲ့ Bar နှင့် စားသောက်ဆိုင်များအကြောင်းကို ဝေမျှပေးချင်ပါတယ်။ အခုဖော်ပြပေးမယ့် ဘားနှင့် စားသောက်ဆိုင်များသည် ဝန်ဆောင်မှုကလည်း ပြောစရာမလိုအောင် ကောင်းတဲ့အပြင် ဈေးလည်း သက်သာတဲ့အတွက်ကြောင့် လူကြိုက်များပါတယ်။
Nova Rooftop Bar

Photo: Facebook
Nova Rooftop Bar ကတော့ ဘားချစ်သူများအကြား ရေပန်းစားတဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။ သူကတော့ ၃၂ လမ်း၊ ၈၅ နှင့် ၈၆ ကြား၊ The Hotel Nova ရဲ့ ၁၁ လွှာမြောက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး မြို့မှာ တည်ရှိတဲ့ Rooftop Bar လေးပဲဖြစ်ပါတယ်။ မန္တလေး မြို့ရဲ့အလှအပကို အပေါ်စီးကနေ ကြည့်ရှုခံစားနိုင်သလို မန္တလေးတောင်ရဲ့ သဘာဝအလှအပကိုလည်း ငေးမော ကြည့်ရှုနိုင်တဲ့ Bar တစ်ခုပဲဖြစ်ပါတယ်။

Photo: Facebook
ဒီဆိုင်လေးမှာ အကင်အမျိုးမျိုး၊ အသုပ်အမျိုးမျိုး၊ စွပ်ပြုတ်ဟင်းရည် အစရှိတဲ့ အမြည်းမျိုးစုံကို မှာယူစားသောက်နိုင်တဲ့အပြင် ကော့တေးအမျိုးမျိုး၊ ဘီယာ၊ ဝီစကီ အစရှိတဲ့ အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံကိုလည်း မြည်းစမ်းသောက်သုံး နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သက်တမ်း ၂၁ နှစ်ကြာ သိုလှောင်ထားတဲ့ အကောင်းစား စကော့ချ်ဝီစကီအမျိုးအစားကိုလည်း Nova Rooftop Bar မှာ မှာယူသောက်သုံးနိုင်ပါသေးတယ်။
Ginki Mandalay, Bar & Restaurant

Photo: Facebook
ဒီဆိုင်လေးကတော့ ၇၁ လမ်းနှင့် ၂၈ လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။ ဆိုင်မှာ ရောင်းချတဲ့ အစားအစာများကလည်း အရသာရှိတဲ့အတွက်ကြောင့် အမြဲတစေဆိုသလို အော်ဒါအပြည့်ဖြစ်နေတာကြောင့် အရသာမကောင်းမှာကိုတော့ စိတ်ပူစရာမလိုပါဘူး။
ဝန်ဆောင်မှုလည်းကောင်း၊ အမြည်းများကလည်း အရသာရှိတဲ့အပြင် ဘားကောင်တာမှာ အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံကို မှာယူ သောက်သုံးနိုင်တဲ့အတွက်ကြောင့် ၇ နှစ်ကျော်ကြာသည့်တိုင်အောင် ဘားထိုင်သူများအကြား နာမည်ကြီးနေရခြင်းပဲဖြစ်ပါတယ်။
Sport Bar At Mandalay

Photo: Facebook
ဘောလုံးပွဲကြည့်ရင်း ဘားထိုင်ချင်တဲ့ ကွီးတို့အတွက်တော့ ရွှေ မန္တလေးက Sport Bar သည် နွေးထွေးစွာ စောင့်ကြိုနေပါလိမ့်မယ်။ ဆိုင်ရဲ့အပြင်အဆင် အခင်းအကျင်းကလည်း အမိုက်စားဖြစ်အောင် ပြင်ဆင်ထားတာဖြစ်ပြီး အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံ၊ လျှာကျွမ်းပြန်သွားစေမယ့် အမြည်းမျိုစုံကိုလည်း မှာယူစားသောက်နိုင်ပါတယ်။ ဆိုင်က အတော်အတန်ကျယ်တဲ့အတွက်ကြောင့် ထိုင်ရတာလည်း လွတ်လွတ်လပ်လပ်နဲ့ ထိုင်လို့ကောင်းပါတယ်။ ဒါ့အပြင် ကျယ်ဝန်းတဲ့ ကားပါကင်လည်း တည်ရှိတဲ့အတွက်ကြောင့် ဘယ်နေရာ ကားရပ်လို့ ရပ်ရမှန်းမသိတဲ့ ဒုက္ခက ကင်းဝေးပါလိမ့်မယ်။
အခုဖော်ပြသွားတဲ့နေရာတွေကတော့ ရွှေမန်းမြေက အလန်းစား ဘားနှင့် စားသောက်ဆိုင်များပဲဖြစ်ပါတယ်။ ဘယ်နေရာက ပိုထိုင်လို့ကောင်းလဲဆိုတာ သိချင်ရင်တော့ ကိုယ်တိုင်ကိုယ်ကျ သွားထိုင်ကြည့်မှပဲ စစ်မှန်တဲ့အတွေ့အကြုံကို ရရှိမှာဖြစ်ပါတယ်။
Featured Image: Novarooftopbar
