မန္တလေးဆိုတာကတော့ မြန်မာနိုင်ငံထဲတွင် ရန်ကုန်ပြီးရင် ဒုတိယအကြီးဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။ မန္တလေး သို့ သွားလည်ဖြစ်တဲ့အခါ ကွီး တို့ရဲ့ Nightlife ကို ပိုမိုပျော်ရွှင်စရာကောင်းအောင် ဖြတ်သန်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။

ညနေခင်းအချိန်လေးမှာ မန္တလေး မြို့ရှိ ဦးပိန်တံတားပေါ်ကနေ နေဝင်ရီတရောအချိန်လေးကို အနုပညာဆန်ဆန် ဓာတ်ပုံရိုက်ကူးနိုင်သလို ညခင်းအချိန်မှာလည်း ကွီး တို့ရဲ့ Nightlife ကို အသက်ဝင်အောင် ဖန်တီးနိုင်မယ့် Activities မျိုးစုံလည်း ရှိပါသေးတယ်။

ထို Activities မျိုးစုံထဲကမှ လူကြိုက်အများဆုံး နေရာများကတော့ …

ညခင်းအချိန်အခါမှာ မုန့်လျှောက်စားမယ်

nightmarket in mandalay

ကြိုက်ရာ ဆိုင်တစ်ဆိုင် ရွေးချယ်ပြီး အရသာရှိတဲ့ စားစရာမျိုးစုံကို အားရပါးရ မြည်းစမ်းစားသုံးနိုင်ပါတယ်။ မြန်မာ့ရိုးရာမုန့်တွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အသုပ်စုံ စတဲ့ အစားအစာများအပြင် ကိုရီးယားအစားအစာ၊ ထိုင်းအစားအစာများ၊ ဂျပန်အစားအစာများကိုလည်း မျိုးစုံ မြည်းစမ်းစားသုံးနိုင်ပါတယ်။ ဒါ့အပြင် အအေးမျိုးစုံ၊ ဖျော်ရည်မျိုးစုံကိုလည်း လမ်းဘေးဈေးသည်များထံမှ ဝယ်သောက်နိုင်သလို အဆင့်မြင်မြင့် စားသောက်ဆိုင်များ၊ ဘားများထံမှလည်း မှာယူသောက်သုံးနိုင်ပါသေးတယ်။

ကော့တေးနှင့် ဘီယာမျိုးစုံ မှာသောက်နိုင်တဲ့ အကင်ဆိုင်တွေမှာ အကင် ထိုင်စားကြမယ်

bbq and cocktail

Photo: Vinepair

အကင်ချည်းသာလော။ မဟုတ်ပါဘူး။ ကော့တေး၊ ဘီယာလေးပါ ပါပါတယ် ဆိုသလိုပေါ့။ အကင်ချည်းပဲ စားရရင် ရေငတ်မှာပေါ့။ ရေချည်းပဲ သောက်ရင်လည်း အရသာက ပေါ့ရွတ်ရွတ်နဲ့ တစ်ခုခု လိုနေသလို ခံစားရပါလိမ့်မယ်။ ပြီးပြည့်စုံတဲ့ အရသာမျိုး ခံစားချင်တယ်ဆိုရင်တော့ ကော့တေးတို့ ဘီယာတို့နဲ့ပါ အတူတူတွဲမှ အရသာပိုရှိမှာပါ။ ဒါ့ကြောင့် ရိုးရိုးအကင်ဆိုင်မှာ ထိုင်စားမယ့်အစား ကော့တေးလိုမျိုး အယ်လ်ကိုဟောပါတဲ့ ဖျော်ရည်မျိုးစုံ ရရှိနိုင်တဲ့ BBQ ဆိုင်တွေမှာ ရွေးထိုင်လိုက်ပါ။ ဘီယာလေး သောက်လိုက် အကင်လေး စားလိုက်ဖြင့် မန္တလေး မြို့သို့ သွားလည်ဖြစ်တဲ့အခါ ကွီး တို့ရဲ့ Nightlife ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းလိုက်ပါ။

အမိုးဖွင့် Rooftop Bar တွေမှာ ထိုင်ပြီး တစ်မြို့လုံးရဲ့ အလှကို အပေါ်စီးကနေ ကြည့်ရှုကြမယ်

မန္တလေး ကွီး Nightlife

Photo: Likealocalguide

မန္တလေး မြို့ရှိ Rooftop Bar တွေရဲ့ အားသာချက်ကတော့ ကွီး တို့သည် Nightlife ရဲ့ သဘာဝအလှကို အနုပညာဆန်ဆန် ကြည့်ရှုနိုင်ခြင်းပဲဖြစ်ပါတယ်။ အမိုးဖွင့်ဘားတွေဖြစ်တဲ့အတွက်ကြောင့် အပြင်ကနေ တိုက်ခတ်လာတဲ့ သဘာဝလေနုအေးလေးကို ကော့တေး၊ ဘီယာ၊ ဝီစကီတို့သောက်သုံးရင်း အေးဆေး Chill နိုင်ပါတယ်။

Rooftop Bar တွေမှာ တခါတရံကျရင် Life Music ဂီတညများ၊ ပရိုမိုးရှင်း အစီအစဉ်များဖြင့် အမျိုးအစားစုံလင်တဲ့အတွက်ကြောင့် ကိုယ်သွားမယ့် Rooftop Bar က ဘယ်လိုအစီအစဉ်လေးတွေ ရှိနေသလဲဆိုတာကို အရင်စုံစမ်းပြီး အကောင်းဆုံး ဘားတစ်ခုကို ရွေးချယ်ကာ ကွီးတို့ရဲ့ အချိန်တွေကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစရာကောင်းအောင် ဖြတ်သန်းလိုက်ပါ။

ကလပ်သွားကြမယ်

မန္တလေး ကွီး Nightlife

Photo: Theguardian

ဘီယာ၊ ကော့တေး၊ ဝီစကီ စတဲ့ အယ်လ်ကိုဟော မျိုးစုံသောက်ရင်း သီချင်းသံစဉ်များနှင့်အတူ မြူးတူးကခုန်ချင်တယ်ဆိုရင်တော့ ဘော်ဒါတွေနဲ့အတူတူ ကလပ်သွားကာ ကခုန်ပျော်ပါးနိုင်ပါတယ်။ ခံစားနေရတဲ့ စိတ်ညစ်စရာများအားလုံးကို ခရီးလည်းသွားရင်း ကလပ်လည်း သွားတက်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်နဲ့ အထူးကောင်းမွန်တဲ့ အစီအစဉ်လေးတစ်ခုပဲဖြစ်ပါတော့တယ်။

Source: Myanmartravel

Featured Image: Mandalaybay