ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ဆုံပြီး ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးဖို့ ဘား တွေကို ရှာနေပါသလား။ ဒီတစ်ခါမှာတော့ မြောက်ဒဂုံ နဲ့ မြောက်ဒဂုံနဲ့ အနီးတစ်ဝိုက်က ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်များကို ဖော်ပြပေးချင်ပါတယ်။

Honey Bar & Restaurant

မြောက်ဒဂုံ ဘား

Photo : Honey Bar & Restaurant

မြောက်ဒဂုံ မြို့နယ်ထဲမှာ ထိုင်လို့ကောင်းတဲ့ အမိုက်စား ဘား လေးတွေ အများကြီးရှိတဲ့ အထဲကမှ ပထမဆုံးဖော်ပြပေးချင်တာကတော့ Honey Bar & Restaurant ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ ကျယ်ဝန်းတဲ့ အပြင်အဆင်နဲ့ ဆိုင်အပြင်အဆင်ကလည်း လူငယ်တွေ အကြိုက်တွေ့စေမှာပါ။ ဘော်ဒါတွေနဲ Chill လို့ကောင်းမဲ့အပြင် ချစ်သူလေးနဲ့ Date ဖို့ ရွေးချယ်စရာ ဘား လေးပါပဲ။

အစားအသောက်ပိုင်းမှာ ဆိုရင်လည်း ဒီ ဆိုင်ဘေးမှာ အရသာရှိတဲ့ ဟင်းပွဲ Menu တွေအပြင် BBQ အကင်တွေလည်း သုံးဆောင်လို့ရပါသေးတယ်။ တစ်ခွက်တစ်ဖလား မော့ဖို့ ကွီးတို့ စိတ်ကြိုက်ရွေးချယ်ဖို့ရာ အဖျော်ယမကာများလည်း ရှိပါတယ်။ ဒါ့အပြင် Unplugged တေးဂီတ အစီအစဉ်တွေလည်း ပါတော့ ဘာလိုသေးလဲ ညိုကီတို့ရေ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၂၈၀)၊ ဘုရင့်နောင်လမ်း၊ ၄၄ ရက်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Ayathar Restaurant and AR Bar

မြောက်ဒဂုံ ဘား

Photo : Ayathar Restaurant and AR Bar

ကွီးတို့ အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ဘားလေးကတော့ အေးအေးဆေးဆေး ထိုင်ချင်တဲ့ ကွီးတို့ သဘောကျမဲ့ Ayathar Restaurant and AR Bar တဲ့ ဆိုင်လေးပါပဲ။ ဒီဘားလေးရဲ့ အပြင်အဆင်ကလည်း ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ အောက်ထပ်မှာပဲ အေးဆေးထိုင်မလား၊ အပေါ်ထပ်မှာ သဘာဝ လေညှင်း‌လေးတွေ ခံစားရင်း ထိုင်မလား ဆိုတာ ကွီးတို့ သဘောပါပဲ။

ဒီဘားလေးမှာ အရသာထူးကဲလှတဲ့ ဟင်းပွဲတွေကိုလည်း သုံးဆောင်လို့ ရပါတယ်။ ဒါ့အပြင် AR Bar ရဲ့ Signature Cocktails များအပြင်၊ ဘီယာများ အစရှိတဲ့ အဖျော်ယမကာမျိုးစုံလည်း ရပါတယ်။ မြောက်ဒဂုံက ကွီးတို့ရော ၊ ထိုင်လို့ကောင်းတဲ့ ဘားလေးတွေ အမြဲလိုက်ရှာတတ်တဲ့ ကွီးတို့အတွက် ပိတ်ရက်မှာ Chill လို့ ကောင်းတဲ့ ဘား‌လေးပါပဲ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၇၇၃)၊ ၃၆ ရပ်ကွက်၊ ကျောက်စိမ်းလမ်း၊ ဗိုလ်ဆွန်ပက်လမ်းမှ ဝင်ရန်၊ စစ်တောင်း City Mart အနီး၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Wave Music Lounge Bar

bar

Photo : Wave Music Lounge Bar

မြောက်ဒဂုံ မြို့နယ်ထဲမှာ ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ဘား လေးကတော့ Wave Music Lounge Bar ပဲ ဖြစ်ပါတယ်။ ဒီဘားလေးရဲ့ အပြင်အဆင် အနေအထားကတော့ တကယ်ကို လူငယ်ဆန်ဆန် အလန်းစားပါပဲ။ မြူးမြူးကြွကြွ ကဲချင်လား ၊ အသောက်တစ်လိုင်းပဲ လုပ်မလား၊ ကွီးတို့ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ Club Vibe ရော၊ Bar Vibe ရော ပေးနိုင်တဲ့ တကယ်ကို အမိုက်စား ဘားလေးပါ။

မြူးကြွတဲ့ DJ တွေ၊ တကယ်မိုက်တဲ့ Unplugged တွေပါရှိတဲ့ အတွက် ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ဆုံပြီး တစ်ပတ်တာ အမောတွေကို ဖြေဖျောက်နိုင်တဲ့ ဘားလေးပါပဲ။ အဖျော်ယမကာများနဲ အမြည်းတွေကလည်း စုံလင်တော့ ရေမီးအစုံနဲ့ ကဲလို့ရပြီပေါ့။ ဒီ ဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၃၃) ၊ ငါးမာန်အောင် ဘုရားလမ်း၊ ၃၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : Wave Music Lounge Bar