အစားအစာချစ်သူ Foodies လေးများအတွက် ဒီတစ်ခါမှာတော့ ရန်ကုန် မြို့တွင်းရှိ လျှာကျွမ်းပြန်သွားစေမယ့် ဟော့ပေါ့ ဆိုင် များအကြောင်း ဝေမျှပေးချင်ပါတယ်။
Beauty in the Pot

Photo: Danielfooddiary
ဒီဆိုင်လေးကတော့ ဆရာစံလမ်းမပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၅ နာရီမှ ည ၁၀ နာရီအထိဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ဟော့ပေါ့စာများ၊ အသားကင်များ စတဲ့အရသာရှိတဲ့ အစားအစာများကို မြည်းစမ်းစားသုံးနိုင်ပါတယ်။
Hot Pot City

Photo: Tripadvisor
ဒီဟော့ပေါ့ဆိုင်လေးကတော့ ကျိုက်ဝိုင်းဘုရားအနီးမှာ တည်ရှိတာဖြစ်ပြီး ဟော့ပေါ့အစားအစာများအပြင် အခြားသော အာရှအစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။
Shabushi

Photo: Tripadvisor
ဂျပန်အစားအစာလေးနဲ့ ဟော့ပေါ့စာ စားချင်တယ်ဆိုရင်တော့ Ocean ၊ ရွှေဂုံတိုင်၊ ရန်ကုန် မြို့တွင်းရှိ ဟော့ပေါ့ ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ ဟော့ပေါ့အပြင်၊ ဆူရှီနှင့် အခြားသော ဂျပန်စာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။
KKPots

Photo: Foursquare
ဒီဟော့ပေါ့ဆိုင်လေးကတော့ တရုတ်အစားအစာ၊ အာရှအစားအစာများအပြင် ထိုအစားအစာများကို ရောနှောထားတဲ့ စတိုင်လ်မျိုးဖြင့်လည်း ဟင်းလျာများကို ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းများကတော့ ဒေါ်လာ ၁၄ ဒေါ်လာကနေ ၁၈ ဒေါ်လာ ဝန်းကျင်ကုန်ကျမှာဖြစ်ပါတယ်။ အနော်ရထာလမ်းမ၊ ရန်ကုန် မြို့တွင်းရှိ ဟော့ပေါ့ ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။
Sk Hot Pot

Photo: Foursquare
အသားလုံးများ၊ အသားကင်များ၊ ဟင်းသီးဟင်းရွက် စုံစုံလင်လင်နဲ့ ဟော့ပေါ့ဟင်းရည်အမျိုးအစားစုံစုံလင်လင်ကို ရွေးချယ်ချင်တယ်ဆိုရင်တော့ Shwe Kaung Hot Pot လေးကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ ရန်ကုန် မြို့တွင်းမှာတင် ဆိုင်ခွဲပေါင်း အများအပြားရှိတဲ့ ဟော့ပေါ့ ဆိုင် တစ်ဆိုင်ဖြစ်တာကြောင့် ကိုယ်နဲ့ နီးတဲ့ ဆိုင်တစ်ဆိုင်ဆိုင်မှာ သွားရောက်စားသုံးလိုက်ရုံပါပဲ။ ဆိုင်ကတော့ နံနက် ၁၀ နာရီကနေ စဖွင့်တာဖြစ်ပါတယ်။
Fuji Coffee House and Restaurant

Photo: Myanmore
ဆိုင်အပြင်အဆင်က ခမ်းခမ်းနားနားရှိတဲ့ ရန်ကုန်မြို့တွင်းရှိ ဟော့ပေါ့ဆိုင် တစ်ဆိုင်မှာ ထိုင်ချင်တာလား။ ဒါဆိုရင်တော့ Fuji Coffee House and Restaurant ကိုသာ သတိရလိုက်ပါ။ ဒီဆိုင်ကတော့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။
ဈေးနှုန်းသင့်တင့်ပြီး သူငယ်ချင်းများနှင့်မိတ်ဆုံစားပွဲကျင်းပတဲ့အခါဖြစ်စေ၊ စီးပွားရေးမိတ်ဖက်များ အချင်းချင်း နေ့လည်စာ စားချင်တဲ့အခါဖြစ်စေ စားသုံးနိုင်တဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။
Source: Tripadvisor
Featured Image: Vickypham
