မွန်းကြပ်စရာများ၊ စိတ်ဖိစီးစရာများကြားထဲမှ ခဏတဖြုတ်လောက် ရုန်းထွက်ချင်နေပါသလား။ ဒီလိုမျိုး မွန်းကြပ်စရာတွေကို ဖြေဖျောက်ချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့ ရွှေတောင်ကြား လမ်းထဲရှိ ထိုင်လို့ ကောင်းတဲ့ Bar တွေကို ဝေမျှပေးသွားချင်ပါတယ်။

ရန်ကုန်မြို့တွင်းရှိ အချက်အချာကျတဲ့ ရွှေတောင်ကြား လမ်းထဲရှိ အမိုက်စား Bar တွေကတော့ …

Chiri – Sushi . Grill . Bar

ရွှေတောင်ကြား Bar

Photo: Yathar

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် ၇၇ ၊ သံလွင်လမ်း၊ ရွှေတောင်ကြား၊ ကမာရွတ်မြို့နယ်တွင် တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။

ကွီးတို့အကြိုက် ဘီယာများ၊ အမိုက်စား ဗော့ကာများ၊ ကော့တေးများအပြင် ဂျပန်ရိုးရာအရက် ဆာကေးလည်းရှိတဲ့အတွက်ကြောင့် ထိုင်ပြီးတာနဲ့တင် မပြန်ချင်အောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။

အမြည်းတွေအနေနဲ့လည်း Ramen ပူပူစပ်စပ်လေးပဲ စားမလား။ ဆူရှီ အသစ်အဆန်းများအပြင် အခြားသော စားကောင်းတဲ့ အစားအသောက်မျိုးစုံကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။

ကွီးတို့ သွားချင်တယ်ဆိုရင် အင်းယားလမ်းဘက်က ဝင်လာရင် ဆိုင်ရဲ့ လမ်းထိပ်မှာ Winner Inn ရှိပြီး တက္ကသိုလ်လမ်းဘက်က လာမယ်ဆိုရင်တော့ လမ်းထိပ်မှာ Balance Fitness ရှိပါတယ်။

The Beer Factory Yangon

ရွှေတောင်ကြား Bar

Photo: MYANMORE

ဒီဆိုင်လေးကတော့ နာမည်နဲ့လိုက်အောင် ဆိုင်အပြင်အဆင်ကို ဘီယာ စက်ရုံဒီဇိုင်းပုံစံ အလှဆင်ထားတာဖြစ်ပါတယ။် စက်ရုံဒီဇိုင်းဆိုင်ပြီး ပျင်းခြောက်ခြောက်နဲ့ ငြီးငွေ့ဖွယ် ဒီဇိုင်းကြီး ထွက်နေမှာပေါ့လို့ သံသယဖြစ်ကြမှာပေါ့။ ဒါပေမဲ့ တကယ်တမ်း သွားကြည့်မှ ဘယ်လောက် အသက်ဝင်ပြီး အစားအစာများ၊ အယ်လ်ကိုဟောဖျော်ရည်များက အရသာစွဲမက်ဖွယ်ကောင်းသလဲဆိုတာ သိမှာပါ။

Nightlife ကို ဘော်ဒါတွေနဲ့ အတူတူကဲရင်း အဆုံးစွန်ထိ ပျော်ပါးချင်တဲ့ ကွီးတို့အတွက် အသင့်တော်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ နီယွန်မီးရောင်များနှင့် မြူးမြူးကြွကြွ တေးသံများက ကွီးတို့ကို ကခုန်ချင်စိတ်ပေါက်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် ၁၀ (က)၊ ရွှေတောင်ကြားလမ်း၊ ရန်ကုန်မြို့မှာ တည်ရှိတာဖြစ်ပါတယ်။

The Reading Room

ရွှေတောင်ကြား Bar

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် ၃၆၊ အင်းယားမြိုင်၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ ဝီစကီနဲ့ ကော့တေးချစ်သူကွီးတို့အတွက် နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ Single Malts နဲ့ ဝီစကီကော့တေးမျိုးစုံကို အမျိုးစားပေါင်း ရာနဲ့ချီကာ ရွေးချယ်သောက်သုံးနိုင်လို့ပဲဖြစ်ပါတယ်။ အကောင်းစား၊ အမိုက်စားဆိုတဲ့ ဝီစကီမျိုးကိုသာ သောက်သုံးချင်တဲ့ ကွီးတို့အတွက် အသင့်တော်ဆုံးနေရာတစ်ခုပဲ ဖြစ်ပါတယ်။

ဝီစကီများအပြင် သူနဲ့ လိုက်ဖက်တဲ့ အမြည်းများကိုလည်း အမုန်းစွဲနိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၅ နာရီကနေ ည ၁၀ နာရီခွဲအထိဖြစ်ပါတယ်။ ဆိုင်ခန်း အပြင်အဆင်ကလည်း နာမည်နဲ့လိုက်အောင် ပြင်ဆင်ပေးထားတဲ့အတွက်ကြောင့် ရွှေတောင်ကြား လမ်းထဲရှိ စားသောက်ဆိုင်တစ်ခုခုမှာ အေးအေးဆေးဆေး အနားယူကာ Bar ထိုင်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို ရွေးချယ်သင့်ပါတယ်။

Crush Bar

crush bar

Photo: Facebook

ဘားလည်း ထိုင်ချင်တယ် ကလပ် တက်သလိုမျိုး သီချင်းသံတွေနဲ့အတူ မြူးကြွကခုန်ချင်တယ်ဆိုရင်တော့ Crush Bar ကိုသာ သတိရလိုက်ပါ။

ဒီဆိုင်လေးရဲ့ အယ်လ်ကိုဟောဖျော်ရည်နဲ့ အမြည်းမှာယူတဲ့စနစ်က အနည်းငယ်တော့ ထူးခြားပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ Regular မီနူး၊ VIP မီနူးနဲ့ VVIP မီနူးဆိုပြီး အမျိုးအစား (၃) မျိုး ခွဲခြားထားလို့ပဲ ဖြစ်ပါတယ်။ မီနူးတစ်ခုချင်းစီမှာလည်း အရသာစုံလင်တဲ့ အမြည်းပေါင်းစုံ၊ အယ်လ်ကိုဟော ဆိုဒ်စုံ ကိုက်ဆုံ ရှိတာကြောင့် ကွီးတို့အားလုံး သဘောတွေ့ကြမှာပဲဖြစ်ပါတယ်။

ဆိုင်သို့လာရောက်သူများ မပျင်းရိရလေအောင် မတူညီတဲ့ Event မျိုးစုံကိုလည်း ဆန်းသစ်တီထွင်တဲ့ စတိုင်လ်မျိုးနဲ့ ကျင်းပပေးလေ့ရှိပါတယ်။ DJ နှင့် အခြားသော အနုပညာရှင်များကို ဖိတ်ကြားကာ စီစဉ်ထားတဲ့ ပွဲလေးဖြစ်တာကြောင့် လက်မလွတ်တမ်းသွားရောက်ကြည်သင့်တဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။

Featured Image: Rhombus Connexion