အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဘားထိုင်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရွှေမန်းမြေ ပေါ်က Luxury ဆန်ဆန် ဘား နှင့် စားသောက်ဆိုင်များအကြောင်းကို ဝေမျှပေးလိုက်ရပါတယ်။ အခုဖော်ပြပေးမယ့် ဆိုင်တွေကတော့ ရွှေမန်းမြေ ပေါ်က လူကြိုက်များပြီး နာမည်ကြီးတဲ့ Luxury ဆန်ဆန် ဘား နှင့် စားသောက်ဆိုင်တွေပဲ ဖြစ်ပါတယ်။
Starry Bar & Restaurant

Photo: Facebook
ဒီဆိုင်လေးရဲ့ တည်နေရာကတော့ လမ်း ၆၀ ၊ ပိတောက်လမ်းနှင့် စံပယ်လမ်းကြား၊ မန္တလေးမြို့မှာ တည်ရှိတာပဲဖြစ်ပါတယ်။ Starry Bar & Restaurant မှာ အပတ်စဥ် ပရိုမိုးရှင်းနှင့် လစဥ် ပရိုမိုးရှင်း ဆိုပြီး အမြဲတမ်း ပရိုမိုးရှင်း ချပေးလျက်ရှိတာကြောင့် ဘားထိုင်ရတာလည်း အတန်တကာ့ အတန်ဆုံးပါပဲ။ ပွဲတော်နေ့ရက်များမှာ ဆိုရင်လည်း Lucky Draw အစီအစဥ်များပါ ပြုလုပ်ပေးလျက်ရှိတာကြောင့် ကွီးတို့အတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ ကော့တေးမျိုးစုံ၊ ဝီစကီ၊ ဘီယာ၊ ဝိုင် စသည်ဖြင့် အမျိုးအစား စုံလင်တဲ့ အယ်လ်ကိုဟော ဖျော်ရည်များကို မှာယူသောက်သုံးနိုင်တဲ့အပြင် လျှာလည်သွားစေမယ့် အမြည်းများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။ ဘိုကင် တင်ချင်သူများအနေနဲ့ 09 794107777 နှင့် 09 794108888 တို့ကို ဆက်သွယ်နိုင်ပါတယ်။
Brolly Sky Bar & Restaurant

Photo: Facebook
နောက်ထပ် ညွှန်းပေးချင်တဲ့ ရွှေမန်းမြေ ပေါ်က Luxury ဆန်ဆန် ဘားကတော့ Brolly Sky Bar & Restaurant ပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ ၂၂ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ ရတနာဦးဟိုတယ်ရဲ့ အပေါ်ဆုံး Rooftop ပေါ်တွင် တည်ရှိတာဖြစ်ပါတယ်။ သဘာဝလေနုအေးတွေရဲ့ ဖြည်းညှင်းစွာ တိုက်ခတ်တဲ့ အချိန်လေးမှာ ကော့တေး၊ ဘီယာ၊ ဝီစကီတို့ သောက်ရင်း စိတ်အပန်းဖြေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ Unplugged တေးဂီတဖြင့် ဖျော်ဖြေတင်ဆက်မှုများလည်း ရှိတဲ့အတွက်လည်း သာယာငြိမ့်ညောင်းတဲ့ သီချင်းသံလေးကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။ မွေးနေ့ ပါတီပွဲများ၊ အမှတ်တရပွဲများ ကျင်းပချင်သူတွေအတွက်လည်း စီစဥ်ကျင်းပပေးပါသေးတယ်။ ကွီးတို့အနေနဲ့ ဘိုကင် တင်ချင်တယ်ဆိုရင်တော့ 09444487545 ၊ 09425012189 နှင့် 09892454038 တို့ကို ဆက်သွယ်နိုင်ပါတယ်။
Harley Bar & Restaurant

Photo: Facebook
Harley Bar & Restaurant မှာ ရနိုင်တဲ့ စပယ်ရှယ် မီနူးများကတော့ ကြက်ဘုရင်မ၊ စင်ကာပူ ပုစွန် ခရုဆီ၊ ငါးငှက်သိုက်၊ ယူနန် ပုစွန်ကြော်၊ ကြက်ကြွပ် စပါးလင်မွှေး၊ ငါးသင်္ဘော၊ ဆိတ်ပေါင်း အစပ်ချက်၊ ရင်ဂိုဖီလင်နှင့် ရခိုင်ပြည်ကြီးငါးသုပ် စသည်တို့ပဲ ဖြစ်ပါတယ်။ အရသာရှိတဲ့ အမြည်းများအပြင် အကောင်းစား ဝီစကီ၊ ဘီယာနှင့် ကော့တေးမျိုးစုံကိုလည်း မှာယူသောက်သုံး နိုင်ပါသေးတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ ၆၈ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ မန္တလေးမြို့မှာ တည်ရှိပါတယ်။
Featured Image: Facebook
