ကဲကဲကဲ ဒီတစ်ခေါက်တော့ အသောက်တလိုင်း ကွီးတို့အတွက် လက်တလော အမိုက်စား ပရိုမိုးရှင်း တွေပေးနေတဲ့ ရန်ကုန်မြို့တွင်းက Bar နဲ့ Restaurant ဆိုင်လေးတွေကို စုစည်းတင်ဆက် ပေးချင်ပါတယ်။ မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့စကားလေးအတိုင်း ဘယ်ဆိုင်တွေမှာ ဘယ်လိုမျိုး ထူးထူးခြားခြား ပရိုမိုးရှင်း အစီအစဉ်လေးတွေပေးနေလဲဆိုတာ လက်မလွှတ်တမ်း သိရဖို့ ကွီးတို့ ဆောင်းပါးလေးကို အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) Colony Bar & Bistro

Photo : Colony Bar & Bistro

အနှစ်နှစ် အလလ စုဆောင်းထားရတဲ့ ဗိုက်ပူလေးတွေအတွက် သတင်းကောင်းပါဗျို့။ ဒီဆိုင်လေးက ဗိုက်ပူလေးတွေလာထိုင်ရင် 10 % Off ပေးနေပါတယ်။ ပရိုမိုရှင်း အတွက် လိုက်နာရမယ့် စည်းကမ်းချက်လေးတွေတော့ ရှိပါတယ်။ ပထမဦးတစ်ခုက အမှန်အကန် ဗိုက်ပူလေး ဖြစ်ဖို့ပါပဲ။ ပြီးရင် Colony Bar & Bistro Facebook Page ကို Like & Follow လုပ် ၊ Post ကို Like & Share လုပ်ပေးရမှာပါ။ Promotion ကာလ က ၁၆.၇.၂၀၂၂ ကနေ ၂၄.၇.၂၀၂၂ အထိ ဖြစ်ပါတယ်။ ကျောက်မြောင်းဆိုင်ခွဲနဲ့ သာကေတဆိုင်ခွဲ နှစ်ဆိုင်စလုံးမှာ ပရိုမိုရှင်း ခံစားခွင့် ရှိပါတယ်။

Photo : Colony Bar & Bistro

ဒီဆိုင်မှာ အကင်တွေ ၊ အရသာရှိတဲ့ အမြည်းမိုက်မိုက်လေးတွေနဲ့ ဘီယာ ၊ ကော့လ်တေး ၊ အပြင်း သောက်စရာ Drink တွေ အစုံရတယ်။ ဒီဆိုင်ရဲ့ Signature ကော့လ်တေးတွေက ဈေးတော်တော်လေးသင့်ပြီး အရသာရှိတယ်။ International ကော့လ်တေးတွေလည်း အစုံရတယ်။ ဆိုင်လိပ်စာလေးတွေကတော့ ကျောက်မြောင်းဆိုင်ခွဲ – အမှတ် (၉)၊ သတိပဌာန်လမ်း၊ ကျောက်မြောင်းရပ်ကွက်၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့နဲ့ သာကေတဆိုင်ခွဲ – မင်းနန္ဒာလမ်းမ၊ ရန်အောင်နဲ့ ဝက်စု မှတ်တိုင်ကြား၊ ဒေါပုံမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

(၂) White Cottage Restaurant

Photo : White Cottage Restaurant

ဒီဆိုင်လေးက အနောက်တိုင်းဆန်ဆန် ခြံဝန်းလေးထဲမှာ သက်တောင့်သက်သာနဲ့ Luxury ဆန်ဆန် စိတ်ငြိမ်အေးဆေးစွာ Chill လို့ရမယ့် ဆိုင်လေး။ ဆိုင် အပြင်အဆင် အခင်းအကျင်းနဲ့ သုံးထားတဲ့ ပရိဘောဂပစ္စည်းတွေက တော်တော်လေး Premium ဆန်တယ်။ အဆင့်တန်းမြင့်တဲ့ စားသောက်ဆိုင် ကောင်းကောင်းတွေမှာထိုင်ရတာ ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီဆိုင်လေးကို သေချာပေါက် သဘောကျမိပါလိမ့်မယ်။

Photo : White Cottage Restaurant

ဒီဆိုင်လေးရဲ့ အစားအသောက် Menu တွေက အဓိက Italian Food တွေနဲ့ အနောက်တိုင်း အစားအစာတွေဘက်ကို ဦးစားပေး ထားတယ်။ Steak ၊ BBQ ၊ Burger ၊ Pizza ၊ Pasta ၊ Salad ၊ Soup နဲ့ ပေါ့ပေါ့ပါးပါး စားလို့ရမယ့် Snack တွေ တော်တော်စုံစုံ ရတယ်။ အနောက်တိုင်းစာတွေပဲလားဆိုတော့ မဟုတ်ဘူး Asian Food တွေ ၊ ထိုင်းစတိုင် ဟင်းပွဲတွေနဲ့ အကြော်အလှောင် ဟင်းလျာတွေ စုံစုံလင်လင်ကို ရတယ်။ သောက်စရာ Drinks တွေလည်း ရွေးချယ်စရာ စုံတယ်။ ဒီဆိုင်မှာ ကော့လ်တေး ဆန်းဆန်းလေးတွေနဲ့ ဝိုင်ကောင်းကောင်းတွေလည်း ရတယ်။

Photo : White Cottage Restaurant

လက်ရှိ ဒီဆိုင်လေးရဲ့ ပရိုမိုးရှင်း အစီအစဉ်လေးကတော့ July Born မွေးနေ့ရှင်လေးတွေအတွက် အမိုက်စား Classic Cocktails လေးတွေ Free ဧည့်ခံပေးနေတာ ဖြစ်ပါတယ်။ မွေးနေ့ရှင်အပါအဝင် သူငယ်ချင်း ၅ ယောက် လာမယ်ဆိုရင် အရသာဆန်းသစ် Fresh ဖြစ်တဲ့  Caipiroska Cocktail ၅ ခွက်ရမှာ ဖြစ်ပါတယ်။ အစားအသောက် ကောင်းကောင်းလေးတွေနဲ့ နားအေးပါးအေး အေးဆေး Relax လုပ်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက တော်တော်လေး အဆင်ပြေပါတယ်။ ဆိုင်လိပ်စာက အမှတ် ၆ ၊ ကမ္ဘောဇလမ်း ၊ ဗဟန်းမြို့နယ် ၊ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Regional Bar

Photo : Regional Bar

ဒီဆိုင်လေးကိုတော့ ထူးထူးခြားခြား ပရိုမိုးရှင်း အစီအစဉ်လေးတွေနဲ့တွဲပြီး လူသိများတယ်။ အခုလက်ရှိမှာလည်း  ဘီယာနဲ့ ဘီယာပဲ ဆိုတဲ့ ရှယ်အသောက်ကြမ်းမယ့် အသောက်တလိုင်း ကွီးတို့အတွက် Beer တစ် Tower ကို မြန်မာငွေ ၂၀၀ ကျပ်နဲ့ အထူးပရိုမိုရှင်း ပေးနေပါတယ်။ Heineken ပဲ ဖြစ်ဖြစ်၊ Tiger ပဲ ဖြစ်ဖြစ် ပုံမှန်ဈေးနဲ့ တစ် Tower ဝယ်ပြီးတိုင်းမှာ နောက်ထပ်တစ် Tower ကို မြန်မာကျပ်ငွေ ၂၀၀ တည်းနဲ့ ဝယ်လို့ရမှာ ဖြစ်ပါတယ်။ ဘီယာ အဝသောက်မယ့် ကွီးတို့အတွက်ကတော့ လုံးဝရှယ်ပါပဲ။ ပရိုမိုးရှင်း ကာလက အပတ်စဉ် တနင်္လာ ကနေ ကြာသပတေးနေ့ ၊ နေ့လည် ၂ နာရီ ကနေ ညနေ ၆ နာရီ အတွင်း ၊ ဇူလိုင်လကုန်အထိ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၄၅၆ A / B ၊ Golden Link Residence ၊ လင့်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : White Cottage Restaurant