အရသာထူးကဲကောင်းမွန်တဲ့ အိန္ဒိယအစားအစာ များကို ကြိုက်နှစ်သက်သော ကွီးတို့အတွက် ရန်ကုန် မြို့တွင်းရှိ နာမည်ကြီး စားသောက်ဆိုင်များအကြောင်း ဝေမျှပေးချင်ပါတယ်။

ဒီစားသောက်ဆိုင်လေးများသည် ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့နေရာမှာ တည်ရှိတာဖြစ်တဲ့အတွက်ကြောင့် သွားလာရေးအတွက် စိတ်ပူနေစရာမလိုပါဘူး။ မိမိအားလပ်တဲ့အချိန်၊ စားချင်နေတဲ့အချိန်မှာ ထသွားလိုက်ရုံပါပဲ။

အိန္ဒိယအစားအစာ မျိုးစုံကို တည်ခင်းဧည့်ခံလေ့ရှိတဲ့ ရန်ကုန် မြို့တွင်းရှိ နာမည်ကြီး စားသောက်ဆိုင်များကတော့ …

Indian Tadka

အိန္ဒိယအစားအစာ ရန်ကုန်

Photo: Mmtimes

ဒီစားသောက်ဆိုင်လေးကတော့ ကန်သာယာ အပြည်ပြည်ဆိုင်ရာဆေးရုံအနီး၊ ပြည်လမ်း၊ လှိုင်မြို့နယ်ထဲတွင် တည်ရှိတာဖြစ်ပါတယ်။ သားသတ်လွတ်အစားအစာများ၊ ဟာလာနှင့် အိန္ဒိယအစားအစာမျိုးစုံကို မြည်းစမ်းစားသုံးနိုင်တဲ့အပြင် အခြားေးသာ အာရှအစားအစာများလည်း စားသုံးနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ဒေါ်လာ ၃ ဒေါ်လာကနေ ၁၇ ဒေါ်လာအထိ အစားစားရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

EDGE Indian Restaurant

အိန္ဒိယအစားအစာ ရန်ကုန်

Photo: EDGE Indian Restaurant Facebook

ဒီဆိုင်လေးကတော့ မဟာဗန္ဓုလပန်းခြံနှင့် ဆူးလေဘုရားအနီး၊ မြို့လယ်ခေါင်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၉ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ ကြက်သားကြော်၊ အာလူးကြော်စတဲ့ အစားအစာများအပြင် အရသာထူးကဲကောင်းမွန်လှတဲ့ အိန္ဒိယအစားအစာများလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။ လူကြိုက်များတဲ့ စားသောက်ဆိုင်တွေထဲက တစ်ဆိုင်ဖြစ်ပါတယ်။

Indian Hut Restaurant

အိန္ဒိယအစားအစာ ရန်ကုန်

Photo: Tripadvisor

နောက်ထပ် နာမည်ကြီးဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ သူကတော့ ၂၇ လမ်းနှင့် အနော်ရထာလမ်းထောင့်မှာ တည်ရှိတာဖြစ်ပါတယ်။ အစားအစာများသည် အရသာထူးကဲကောင်းမွန်ပြီး အိန္ဒိယအစားအစာများအပြင် အခြားသောအာရှအစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်တွေကတော့ နံနက် ၁၀ နာရီခွဲမှ ည ၁၀ နာရီခွဲအထိ ဖြစ်ပါတယ်။

The Marina Indian Restaurant

အိန္ဒိယအစားအစာ ရန်ကုန်

Photo: Tripadvisor

ဆိုင်အပြင်အဆင်လေးက ခမ်းခမ်းနားနားရှိပြီး အရသာရှိတဲ့အစားအစာများကို Luxury ဆန်ဆန် မြည်းစမ်းစားသုံးချင်ပါသလား။ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်ရှိ The Marina Indian Restaurant ကိုသာ သတိရလိုက်ပါ။

indian food in Yangon

Photo: MYANMORE

အစားအစာအပြင်အဆင်များသည်လည်း လှပကျော့ရှင်းနေပြီး မစားရက်လောက်အောင်ကို ဖြစ်စေမှာပါ။ အစားအစာများရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃ ဒေါ်လာကနေ ၂၈ ဒေါ်လာအထိ အစားစားရှိပါတယ်။ ဆိုင်ဖွင့်ချိန်တွေကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီ ၁၅ မိနစ်အထိဖြစ်ပါတယ်။

The Corriander Leaf

indian food in Yangon

Photo: Corrianderleaf

ဒီဆိုင်လေးကတော့ အလုံမြို့နယ်ပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ အစားအစာများသည် သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့အပြင် ဆိုင်အပြင်အဆင်လေးတွေကလည်း ချစ်စဖွယ်ကောင်းအောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။ တစ်ခါလောက် သွားစမ်းကြည့်ရုံနဲ့ နောက်တစ်ကြိမ်လောက် သွားစားချင်စိတ် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

အခုဖော်ပြသွားခဲ့တာကတော့ အိန္ဒိယအစားအစာ များ တည်ခင်းဧည့်ခံပေးလျက်ရှိတဲ့ ရန်ကုန် မြို့တွင်းရှိ စားသောက်ဆိုင်တွေပဲဖြစ်ပါတယ်။ ကွီးတို့အားလုံး အကြိုက်တွေ့ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Source: Tripadvisor

Featured Image: Onmanorama