ကွီးတို့ရေ ပါတီ ဆိုတာ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေ ၊ အပေါင်းအသင်းဟောင်းတွေ ၊ အပေါင်းအသင်းအသစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ကြ ၊ ဆုံကြတဲ့ပွဲပါ။ ဒီလို ပါတီပွဲတွေမှာ အစားအသောက်တွေ ၊ အဖျော်ယမကာတွေ ၊ တေးဂီတတွေနဲ့ တကယ်ကို စိတ်ညစ်စရာတွေ မေ့ထားပြီး ခဏတာ စိတ်လှုပ်ရှား ပျော်ရွှင်စေမှာပါ။ ပါတီပွဲတွေမှာ မိတ်ဆွေ အသစ်တွေနဲ့လည်း တွေ့ဆုံမိတ်ဖွဲ့နိုင်ပါတယ်။ ထို့အပြင်ပါတီကို လာတဲ့ သူတွေ တစ်ဦးနဲ့ တစ်ဦး ပိုမို ခင်မင်လာပြီး ပါတီကို ပိုမို အသက်ဝင်လာဖို့ ဂိမ်းလေးတွေ ကစားလို့ရပါတယ်။ ဒါကြောင့် ပါတီကို ပိုမိုအသက်ဝင် မြူးကြွစေဖို့ ကစားနိုင်တဲ့ ပါတီဂိမ်း လေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Freeze Dance

Photo : Crop Events Page
ပထမဆုံး ကွီးတို့ ပါတီကို ပိုမိုအသက်ဝင်အောင် ကစားနိုင်တဲ့ ပါတီဂိမ်း လေးကတော့ Freeze Dance ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို ကစားမယ်ဆိုရင် လူအားလုံးက သီချင်းသံ ရုတ်တရက် မရပ်မခြင်း စီးချက်အလိုက် ကနေရမှာပါ။ သီချင်းသံရပ်သွားတာနဲ့ ခန္ဓာကိုယ်ကပါ ရပ်သွားရမှာ ဖြစ်ပါတယ်။ ကွီးတို့ သတိမထားမိဘဲ နည်းနည်းလေးလှုပ်မိတာနဲ့ ထွက်ရပြီ။ နောက်ဆုံး Dancing Floor မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့လူက အနိုင်ရမှာ ဖြစ်ပါတယ်။
(၂) Laughing Games

Photo : The Screenshot
ဒီဂိမ်းလေးက ဘာအကူကိရိယာတွေ၊ ပစ္စည်းတွေမလိုဘဲ ကွီးတို့ကို ရယ်မော ပျော်ရွှင်စေမှာပါ။ ဒီဂိမ်းလေးကို ကစားဖို့ ကွီးတို့အရင်ဆုံး အလှည့်ကျတစ်ယောက်ကို ရွေးပါ။ ထိုသူက ရယ်စရာတွေ၊ ဟာတွေ လုပ်ပြပါလိမ့်မယ်။ ဒါမဲ့ ကွီးတို့က မရယ်ပဲ မျက်နှာကိုတည်နေအောင် ထိန်းထားရမှာ ဖြစ်ပါတယ်။ ရယ်မိတဲ့သူက ရှုံးပါပြီ။ ဒီဂိမ်းလေးက လူများလေ ပိုကောင်းလေမလို့ ပါတီနဲ့တော့ ကွက်တိပါပဲ။
(၃) Beer Pong

Photo : Backyard Games
ကွီးတို့ ပါတီကို ပိုမိုအသက်ဝင် မြူးကြွစေဖို့ ကစားနိုင်တဲ့ နောက်ထပ်ဂိမ်းလေးကတော့ Beer Pong ပဲ ဖြစ်ပါတယ်။ Beer Pong ကိုများသောအားဖြင့် အသင်း ၂ သင်းကစားကြပါတယ်။ ထိုအသင်း နှစ်သင်းက ဘီယာခွက် ၆ ခွက် ဒါမှမဟုတ် ၁၀ ခွက် စီထားတဲ့ ထဲကို Ping Pong ဘောလုံးနဲ့ ခွက်ထဲဝင်အောင် ပစ်ထည့်ရမှာပါ။ ပစ်တဲ့ အသင်းက ဝင်သွားရင် တစ်ဖက်အသင်းက ထိုခွက်ထဲက ဘီယာကို သောက်ရမှာပါ။ ခွက်အကုန်ပြည့်အောင် ပစ်နိုင်တဲ့အဖွဲ့က နိုင်မှာဖြစ်ပါတယ်။
(၄) Likes And Dislike

Photo : Narcity
ပါတီကို ပိုမိုအသက်ဝင်အောင် နောက်ထပ် ကစားလို့ရတဲ့ ဂိမ်းလေးကတော့ Like and Dislike ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက တကယ်ကို ရိုးရှင်းပြီး ကွီးတို့ တစ်ယောက်အကြောင်းကို ပိုသိအောင် ကူညီပေးပါလိမ့်မယ်။ ဒီဂိမ်းလေးကို ကစားဖို့ဆိုရင် ပထမဆုံး လူတစ်ယောက်ချင်းစီက သူတို့ကြိုက်တဲ့ အချက်၊ မကြိုက်တဲ့အချက်ကို ချရေးထားရမှာပါ။ ပြီးရင် တစ်ယောက်က ဘယ်သူရေးတာလဲဆိုတာ ခန့်မှန်းရမှာပါ။ ကွီးတို့ ခန့်မှန်းတာမှန်ရင်တော့ ကွီးတို့နိုင်ပါပြီ။
အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ပါတီကို ပိုမိုအသက်ဝင် မြူးကြွစေပြီး ပျော်ပျော်ရွှင်ရွှင် ကစားနိုင်တဲ့ ပါတီဂိမ်း လေးတွေပဲ ဖြစ်ပါတယ်။
Featured Photo : Soundbrewery
