ပါတီဆိုတာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံကြတဲ့ပွဲပါ။ ပါတီပွဲ မှာ အစားအသောက်နဲ့ ဖျော်ဖြေရေးပါဝင်တဲ့အတွက် စိတ်လှုပ်ရှားစရာ၊ ပျော်စရာအကောင်းဆုံးအချိန်တွေလို့ ခံစားရပါတယ်။ ပါတီပွဲမှာ မိတ်ဆွေဟောင်းတွေနဲ့ တွေ့နိုင်သလို မိတ်ဆွေသစ်လည်း တိုးနိုင်ပါတယ်။ ကွီးတို့ အနေနဲ့ ပါတီပွဲကို ကင်မရာ ကောင်းကောင်းတစ်လုံး ယူသွားနိုင်ရင် ခဏတာ အမှတ်တရလေးတွေကို ကောင်းကောင်း မှတ်တမ်းတင်နိုင်မှာပါ။ ပါတီ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ နည်းလမ်း ကောင်းများကို သိအောင် မျှဝေပေးလိုက်ပါတယ်။

(၁) လူကြိုက်များသော အကအချို့ကို လေ့လာပါ

ပါတီ ပျော်ပျော်ရွှင်ရွှင် နည်းလမ်း

Photo : Catering Kvatrić

အက တစ်ခုခု ကို ကတတ်ခြင်းကလည်း ပါတီ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ နည်းလမ်း ကောင်းတွေ ထဲကတစ်ခုပါပဲ။ အချိန်မရွေး လူတွေ ရူးသွပ်တဲ့ ပါတီအကတွေရှိပါတယ်။ ကွီးတို့ပါတီပွဲ မတက်ခင် ဒီအကတွေရဲ့ လှုပ်ရှားမှုကို ကောင်းကောင်းလေ့လာထားပါ။ အချိန်ယူသင်ထားပါ။ ကွီးရဲ့လှုပ်ရှားမှုကို ပါတီပွဲ တက်သူတိုင်း အထင်ကြီး အာရုံစူးစိုက်မှုကို သေချာပေါက်ရမှာ ဖြစ်ပါတယ်။ အကတွေအပြင် လူကြိုက်များတဲ့ သီချင်းတွေနဲ့ ကိုက်တဲ့ လှုပ်ရှားမှု အချို့ကို လေ့လာထားသင့်ပါတယ်။  အကတွေနဲ့ လိုက်အောင် ဝတ်စားဆင်ယင်သွားရင် ကွီးဟာ ပါတီမှာ အများရဲ့ အာရုံစိုက်ခံရဆုံး လူ ဖြစ်ပြီပေါ့။

(၂) ဘားတာဝန်ခံ လုပ်ပါ

ပါတီ ပျော်ပျော်ရွှင်ရွှင် နည်းလမ်း

Photo : Fine Dining Lovers

ပါတီမှာ ကွီးတို့အတွက် ပျော်စရာကောင်းတဲ့ နောက်တစ်ခုက ဘားတာဝန်ခံအလုပ်ပါ။ ဒီအလုပ်လုပ်မယ်ဆိုရင် ကော့တေးဖျော်စပ်နည်း ကောင်းကောင်းလေ့လာထားဖို့ လိုပါတယ်။ ဒီအလုပ်က ကွီးကို အရက်အလွန်အကျွံ မသောက်အောင်လုပ်ပေးတဲ့အတွက် ပျော်ရွှင်မှုကို ရစေပါတယ်။ ဒါ့အပြင် အခြားသူတွေအတွက် ကော့လ်တေးတွေ ဖျော်စပ်ရင်း ကွီးကောင်းကောင်း ပျော်နေမှာပါ။

(၃) ဟာသတွေ ဖန်တီးပါ

ပါတီ ပျော်ပျော်ရွှင်ရွှင် နည်းလမ်း

Photo : House Party

လူတွေကို ရယ်မောအောင်လုပ်ခြင်းဖြင့် ပါတီပွဲမှာ အချိန်တွေကို ကုန်အောင် ဖန်တီးနိုင်ပါတယ်။  အရက်မူးလွန်နေသူတွေတောင် ကွီးရဲ့ ခပ်ပြင်းပြင်း ဟာသကို ရယ်မောနေကြမှာပါ။ ပါတီပွဲဟာ ကွီးတို့အတွက် ဟာသလုပ်ရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု မြှင့်တင်ဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။

(၄) ဂိမ်းများ ကစားပါ

Party

Photo : Rolling Stones

ပါတီပွဲများမှာဂိမ်းကစားဖို့ အဆင်ပြေပါတယ်။ ကွီးတို့ရဲ့ သူငယ်ချင်းတွေနဲ့ ကစားဖို့ သင့်တော်တဲ့ ဂိမ်းအချို့ကတော့ Poker နဲ့  Blackjack တို့ ကစားနိုင်ပါတယ်။ ကဒ်ဂိမ်းတွေဖြစ်တဲ့အတွက် အလွယ်တကူ ကစားနိုင်ပါတယ်။  အခြားဂိမ်းတွေကို ကစားချင်ရင် သက်ဆိုင်ရာ ဝက်ဆိုဒ်မှာ ဝင်ကြည့်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ပါတယ်။ ဂိမ်းတွေက အိမ်မှာလုပ်တဲ့ ပါတီပွဲတွေအတွက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။

(၅) တမူထူးခြားတဲ့ ပုံစံမျိုးလုပ်ပြီး ပွဲတတ်ပါ

Party

Photo : Hindustan Property

ပါတီပွဲမှာ လူတွေကို အမြင်ဆန်းစေတဲ့  တမူထူးခြားတဲ့ ပုံစံမျိုးလုပ်ပြီး တက်နိုင်ပါတယ်။ ကွီးတို့ရဲ့ တမူထူးခြားတဲ့ ပုံစံမျိုးက အများအတွက် စိတ်ဝင်စား ပျော်ရွှင်မှု ရစေမှာပါ။ ပါတီပွဲမှာ ထူးထူးခြားခြား တက်ခဲ့တဲ့ အတွေ့အကြုံကို နောက်နေ့မှာ သူငယ်ချင်းတွေကို ဇာတ်လမ်းကောင်း တစ်ပုဒ်အနေနဲ့ ပြောပြ ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုပြောပြတဲ့ ပါတီ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ နည်းလမ်း ကောင်းများတွေကို သုံးပြီး ပျော်ရွှင်နိုင်ကြပါစေ။

Source : Glass of Blubbly

Featured Photo : Paisawapas