မီးပုံပွဲ ဆိုတာ သူငယ်ချင်းတွေနဲ့အတူ ခရီးသွားရင်း ညဘက်မှာ ပင်လယ်ကမ်းခြေမှာ ဖြစ်ဖြစ်၊ တောတွင်းမှာ ဖြစ်ဖြစ်၊ သို့မဟုတ် ကွီးတို့ရဲ့ကျယ်ဝန်းတဲ့ ခြံကျယ်ကြီးထဲမှာ ဖြစ်ဖြစ်၊ လုပ်လို့ရပါတယ်။ မီးပုံပွဲက နွေးထွေးတဲ့ခံစားချက်တွေကို ပေးစွမ်းနိုင်တဲ့အပြင် ကွီးတို့အားလုံးကို ပျော်ရွှင်စေပါလိမ့်မယ်။ ကွီးတို့ အနေနဲ့ ဒီလို ပျော်ရွှင်စရာဖြစ်ဖို့ဆိုရင် မီးပုံပွဲ လုပ်ဖို့ဆိုရင် မီးဘေးလည်းအတွက် အထူးသတိပြုရပါမယ်။ ထို့အပြင် ပျော်ရွှင်ဖွယ် မီးပုံပွဲ လုပ်မယ်ဆိုရင် ပြင်ဆင်ရမဲ့အချက်များ လည်းရှိပါသေးတယ်။
(၁) ခြောက်သွေ့သော ထင်းကိုသုံးပါ
Photo : Outforia
ပျော်ရွှင်ဖွယ် မီးပုံပွဲ လုပ်မယ်ဆိုရင် အဓိက သတိထားရမဲ့ အချက်က ကွီးတို့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေတုန်း မီးမငြိမ်းသွားဖို့ပါပဲ။ ကွီးတို့ လိုအပ်တဲ့ အချိန်ထိ မီးတောက်တောက်နေဖို့ဆိုရင် ခြောက်သွေ့သော ထင်းကိုသုံးဖို့ကလည်း အရေးကြီးပါတယ်။ သာမန်မျက်စေ့နဲ့ကြည့်ရင် ခြောက်နေတယ်လို ထင်ရပေမဲ့ ကွီးတို့ စုဆောင်းထားတဲ့ ထင်းမှာ အစိုဓာတ်ရှိနေနိုင်တယ်ဆိုတာကို သိထားရပါမယ်။ ထင်းတွင် အစိုဓာတ်များလွန်းပါက မီးထွန်းရန် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ အစိုဓာတ် ၂၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်နည်းသော ထင်းခြောက်ကိုသာ အသုံးပါ။
(၂) အနည်းငယ်ကြီးသော ထင်းများကို သုံးပါ
Photo : Arenas Brasilito
ကြီးမားသော ထင်းအပိုင်းအစတွေက ကွီးတို့ရဲ့ မီးပုံကို တစ်ညလုံး လောင်ကျွမ်းစေနိုင်ပါတယ်။ ထင်းအသေးထက်စာရင် မီးတောက်ဖို့ကြာနိုင်ပေမဲ့ နောက်ပိုင်းမှာ လောင်ကျွမ်းအား ကောင်းပြီး မီးတောက်ကြီးနဲ့အတူ တာရှည်ခံပါလိမ့်မယ်။ အတွေ့အကြုံအရဆိုရင် တောတွင်းစန်းချ မီးပုံပွဲမှာ ထင်းချောင်းကြီးကြီးတွေ သုံးနိုင်ပါတယ်။
(၃) မီးငြိမ်းအောင် ပြင်ဆင်ထားပါ
Photo : The Greeky Champer
ကွီးတို့ရဲ့ မီးပုံဟာ လေဟာပြင်ဖြစ်ရင် လေပြင်းတွေကြောင့် မီးငြိမ်းသွားနိုင်ပါတယ်။ လေကာ တွေကို မီးပုံဘေးမှာ ထားခြင်းဖြင့် မီးမငြိမ်းအောင် လုပ်နိုင်ပါတယ်။ မီးတောက်ဖို့အတွက် အောက်ဆီဂျင် လိုအပ်ပါတယ်။ သည်။ ထင်းကို ထပ်ပြီး ကြပ်နေအောင် ထည့်ထားရင် မကြာခင်မှာပဲ မီးသေသွားနိုင်ပါတယ်။ ထင်းတွေကို ကန့်လန်ဖြတ် လေဝင်လေထွက်ကောင်းအောင် စီထည့်ပါ။
(၄) ရာသီဥတုကိုအခြေအနေ ကိုလည်းလေ့လာပါ
Photo : Today’s Nest
ကွီးတို့ မီးပုံပွဲလုပ်မဲ့ နေရာဒေသရဲ့ရာသီဥတု အခြေအနေကိုလည်း ကြိုတင်လေ့လာသင့်ပါတယ်။ မိုးရွာနိုင်ခြေရှိသလား သို့မဟုတ် လေးပြင်းတိုက်နိုင်လား စသည်ဖြင့် ကြိုတင်လေ့လာထားပြီးမှ လုပ်တာပိုမို အဆင်ပြေစေပါတယ်။
(၅) စားသောက်စရာများ ပြင်ဆင်ထားပါ
Photo : The Dyrt
ပျော်ရွှင်ဖွယ် မီးပုံပုံ အတွက်ဆိုရင် စားသောက်စရာတွေကတော့ တကယ်ကို မပါမဖြစ်ပါဘဲနော်။ ကွီးတို့အနေနဲ့ အကင်တွေ၊ အဖျော်ယမကာတွေကို မီးပုံဘေးမှာ သူငယ်ချင်းတွေနဲ့ တူတူ ပျော်ပျော်ပါးပါး သုံးဆောင်ဖို့ တကယ်ကို ကွက်တိပါ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ပျော်ရွှင်ဖွယ် မီးပုံပွဲ လုပ်မယ်ဆိုရင် ကွီးတို့ ပြင်ဆင်ရမဲ့အချက်တွေ ပဲဖြစ်ပါတယ်။ ကွီးတို့ရေ ဘော်ဒါတွေ စုပြီး လူနည်းနည်းနဲ့ ဖြစ်စေ၊ လူအများကြီးနဲ့ ဖြစ်စေ ပျော်ပျော်ပါးပါးပြုလုပ်ပြီး စိတ်လှုပ်ရှားဖွယ် အချိန်လေးတွေ ပိုင်ဆိုင်လိုက်ပါ။
Source : Fire Pit Lifestyle
Featured Photo : Bay Area