ကိုယ့်အိမ်မှာပဲ ဘော်ဒါတွေနဲ့ အတူတူ ဘာဘီကျူး ပါတီ တစ်ခု ဆင်နွှဲခြင်းသည် ဆိုင်သွားကာ ပါတီသွားလုပ်ခြင်းထက် ကောင်းကျိုး ပိုများပါတယ်။

ကိုယ့်ခြံနဲ့ ဝန်းနဲ့ဆိုတော့ စိတ်လွတ်လက်လွတ်နဲ့ ပျော်ပျော်ပါးပါး ကျင်းပနိုင်ပြီး ကိုယ့်ရဲ့ ဘာဘီကျူး ပါတီကို ကိုယ် ကြိုက်နှစ်သက်တဲ့ ပုံစံအတိုင်း ဆင်နွှဲနိုင်ပါတယ်။

ကွီးတို့လည်း ဘော်ဒါတွေနဲ့အတူတူ ဘာဘီကျူး ပါတီ ကို ကိုယ့်အိမ်မှာပဲ ဆင်နွှဲချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးပြုနိုင်ပါတယ်။

အစားအစာများကို ကြိုတင်ပြင်ဆင်ထားပါ

အစားအစာများကို ကြိုတင်ပြင်ဆင်ထားပါ

အစားအစာများကို ရယ်ဒီကင်ထားဖို့ရန်အတွက် လှီးခြမ်းထားစရာရှိတာများကို လှီးထားပါ။ ဆာတေးအကင်လို အချောင်းပုံစံလုပ်ချင်တယ်ဆိုရင်လည်း ဆာတေးအကင်ချောင်းများအဖြစ် ကြိုပြင်ထားပါ။ ဘာဘီကျူး ပါတီ စပြီဆိုတာနဲ့ ရယ်ဒီကင်လိုက်ရုံပါပဲ။

အကင်ပစ္စည်းများ အလုံအလောက်ရှိပါစေ

အကင်ပစ္စည်းများ အလုံအလောက်ရှိပါစေ

ကင်ဖို့အတွက် အကင်မီးဖို၊ မီးသွေးနှင့် အခြားသော ကိရိယာတန်ဆာပလာများ အဆင်သင့်ဖြစ်အောင် ပြင်ထားရပါမယ်။ မီးသွေး လုံလုံလောက်လောက်မရှိဘူးဆိုရင် ကင်နေရင်းတန်းလန်း အရှိန်တက်နေကာမှ ပါတီပွဲကြီးက တစ်ဝက်တစ်ပျက်ဖြစ်သွားပါလိမ့်မယ်။

ဘော်ဒါတွေကိုလည်း အရံဟင်းလျာများ ယူလာခိုင်းပါ

ဘော်ဒါတွေကိုလည်း အရံဟင်းလျာများ ယူလာခိုင်းပါ

ဘာဘီကျူး ပါတီ စလုပ်မယ်ဆိုကတည်းက ဘော်ဒါတွေနဲ့ အတူတူ စဉ်းစားရပါမယ်။ ဘယ်သူက ဘာယူလာရမလဲ။ ဘယ်လောက်လောက် ယူလာရမလဲ စသည်ဖြင့် တစ်ယောက်နဲ့တစ်ယောက် ယူလာတဲ့ ပစ္စည်းတွေ မထပ်အောင် ကြိုတင်စီစဉ်ထားပါ။ ထို့နောက် ယူလာရမယ့် ပမာဏကိုလည်း ပါတီလာမယ့် ဘော်ဒါအရေအတွက်ပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

မီးလုံးများဖြင့် လှလှပပအလှဆင်ပါ

ဘာဘီကျူး ပါတီ

အကင်အစားအစာတွေသည် အရသာရှိရမှာဖြစ်သလို ကွီးတို့ရဲ့ပါတီအပြင်အဆင်သည်လည်း လှလှပပဖြစ်နေဖို့လိုအပ်ပါတယ်။ များများစားစားအလှမဆင်နိုင်ရင်တောင်မှ မီးလုံးလေးများ ချိတ်ဆွဲထားကာ အလှဆင်ထားလိုက်ပါ။

ကော့တေးနှင့် အယ်လ်ကိုဟောဖျော်ရည်မျိုးစုံကိုလည်း ပြင်ဆင်ထားပါ

ဘာဘီကျူး ပါတီ

ဒီအချက်ကတေ့ စောစောက ပြောခဲ့သလိုပါပဲ။ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး သူတို့ သောက်ချင်တဲ့ ကော့တေးများ၊ ဝီစကီ၊ ဘီယာ စတဲ့ အယ်လ်ကိုဟောဖျော်ရည်များကို ဝယ်ထားလိုက်ပါ။ ထို့နောက် အေးနေအောင် စီစဉ်ထားဖို့လည်း မမေ့ပါနဲ့။

ဂိမ်းဆော့ဖို့အတွက် အိုင်ဒီယာအသစ်အဆန်းများကိုလည်း ပြင်ဆင်ထားပါ

ဘာဘီကျူး ပါတီ

Photo: Johnson Fitness

ပါတီဂိမ်းတွေကလည်း အများအပြားရှိတာကြောင့် ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ UNO ဆော့မလား၊ ဒါမှမဟုတ် Truth Or Dare ဂိမ်းပဲ ဆော့မလား ကွီးတို့စိတ်ကြိုက် ဆော့ကစားနိုင်ပါတယ်။ ဒါကိုမှ စိတ်တိုင်းမကျသေးဘူးဆိုရင်လည်း ဘော်ဒါတွေအတူစုပြီး သည်းထိတ်ရင်ဖိုဇာတ်ကားတွေ ကြည့်ရင်လည်း အမိုက်စားဖီလင်ကို ခံစားရမှာ အမှန်ပါပဲ။

ကွီးတို့လည်း ဒီတစ်ခါ ဘော်ဒါတွေနဲ့အတူတူ ဘာဘီကျူးပါတီ ဆင်နွှဲမယ်ဆိုရင် အခုဖော်ပြပေးသွားတဲ့ နည်းလမ်းများကို အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။

Source: Travelmamas

Featured Image: Postable