ကိုယ့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ နှစ်ပတ်လည်နေ့ရက်များကို အတူတူ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တဲ့ စုံတွဲများအတွက် အိုင်ဒီယာကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။ နှစ်ပတ်လည်နေ့ရက်လေးကို အကုန်အကျသက်သက်သာသာနဲ့ ရိုမန့်တစ် ဆန်ဆန် ဖြစ်သန်းချင်တယ်ဆိုရင်တော့ အိမ်တွင်းပါတီပွဲ ကျင်းပတဲ့ နည်းလမ်းက အကောင်းဆုံးပါပဲ။

နှစ်ယောက်တည်းပဲ Private ဆန်ဆန်နှင့် ရိုမန့်တစ် ဖြစ်သွားအောင် အိမ်တွင်းပါတီပွဲ ပြုလုပ်ပါ

ရိုမန့်တစ် အိမ်တွင်းပါတီပွဲ

အိမ်ရဲ့ အပြင်အဆင် Decoration ပိုင်းကို နှစ်ယောက်သား တိုင်တိုင်ပင်ပင်ဖြင့် စိတ်ကြိုက်အလှဆင်ပစ်လိုက်ပါ။ တစ်အိမ်လုံးကို အလှမဆင်နိုင်ဘူးဆိုရင်တောင်မှ အိပ်ခန်းကို အရင်က သာမန်နေ့ရက်တွေနဲ့ မတူအောင်၊ ထူးခြားတဲ့ Anniversary နေ့ရက်လေးနဲ့ တူသွားအောင် ပြင်ဆင်လိုက်ပါ။

အစားအသောက်ပိုင်းနဲ့ ပတ်သက်လာတဲ့အခါ

ရိုမန့်တစ် အိမ်တွင်းပါတီပွဲ

ဝိုင်ကတော့ မပါမဖြစ်ပါဘဲ။ ကိုယ် ချစ်ရတဲ့သူနဲ့ ရိုမန့်တစ် ဆန်တဲ့ အိမ်တွင်းပါတီပွဲ လေး ကျင်းပတဲ့အခါ ဘီယာများ၊ ဗော့ကာများထက် ဝိုင်က အသင့်တော်ဆုံးပါပဲ။ အစားအစာများကို ကိုယ်တိုင် မချက်ပြုတ်နိုင်ဘူးဆိုရင် အပြင်ကနေ မှာယူပြီး ကိုယ့်အိမ်က အလှဆုံး ကြွေပန်းကန်များဖြင့် ပြန်လည်အလှဆင်လိုက်ပါ။

ပန်းစည်းလည်း မမေ့ပါနဲ့

ရိုမန့်တစ် အိမ်တွင်းပါတီပွဲ

ပန်း မကြိုက်တဲ့ မိန်းကလေးတွေဆိုတာ မရှိသလောက်ကို ရှားပါတယ်။ ကွီးတို့ နှစ်ဦးသားအတွက် အဓိပ္ပာယ်အရှိဆုံး နေ့ရက်လေးကို ပိုမိုအမှတ်တရဖြစ်သွားစေချင်တယ်ဆိုရင်တော့ ပန်းစည်းလေးကို မမေ့မလျော့ လက်ဆောင်ပေးသင့်ပါတယ်။ လက်ဆောင်ပေးမယ်ဆိုရင်လည်း သူ(မ) အကြိုက်ဆုံး ပန်းက ဘာပန်းအမျိုးအစားလဲဆိုတာ သိထားဖို့လိုအပ်ပါလိမ့်မယ်။

စပရိုက်ပါတီလေး ဖန်တီးပေးမယ်

စပရိုက်ပါတီလေး ဖန်တီးပေးမယ်

Photo: iStock

ကိုယ့်ရဲ့ချစ်သူလေးအတွက် တကယ့်ကို အမှတ်တရဖြစ်သွားစေချင်တယ်ဆိုရင်တော့ စပရိုက်ပါတီ ဖန်တီးပေးလို့လည်း ရပါသေးတယ်။ သင့်အနေနဲ့ စစချင်းမှာတော့ Anniversary နေ့ကို မေ့နေသယောင်ယောင် ဟန်ဆောင်လိုက်ပါ။ ထိုကဲ့သို့ ဟန်ဆောင်တဲ့အခါမှာလည်း သင့် ကောင်မလေးရဲ့ မျက်နှာအရိပ်အခြေကိုလည်း ကြည့်သင့်ပါတယ်။ သူ့မျက်နှာက တော်တော်လေးကို ညှိုးနေပြီ (သို့) စိတ်ဆိုးစ ပြုတော့မယ်ဆိုရင်တော့ စပရိုက်မြန်မြန်တိုက်လိုက်တာအကောင်းဆုံးပါပဲ။

စပရိုက်ပါတီကို တစ်ယောက်တည်း ပြင်ဆင်ရမှာ အခက်အခဲရှိတယ်ဆိုရင်လည်း သင့်ဘော်ဒါတွေကို တစ်ခွက်တစ်ဖလား တိုက်မယ်ဆိုရင် ကြိုတင်စရံချထားကာ အကူအညီတောင်းသင့်ပါတယ်။

မိတ်ဆွေအပေါင်းအသင်းများနှင့် အတူတူ ကျင်းပကြမယ်

စပရိုက်ပါတီလေး ဖန်တီးပေးမယ်

အရင်းနှီးဆုံး မိတ်ဆွေ အနည်းအကျဉ်းလောက်ကို ဖိတ်ကြားကာ အိမ်တွင်းပါတီပွဲ ကျင်းပခြင်းသည်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အိုင်ဒီယာတစ်ခုပဲဖြစ်ပါတယ်။ သင့်ဘော်ဒါတွေက သင်တို့နှစ်ယောက်အတွက် ဂုဏ်ပြုပေးကြမှာဖြစ်တဲ့အတွက်ကြောင့် သင့်တို့ရဲ့ အချစ်ခရီးလမ်းအတွက်လည်း မင်္ဂလာဆုမွန်ကောင်းတွေ အများအပြားရရှိမှာပဲဖြစ်ပါတယ်။ သူငယ်ချင်းစုံစုံညီညီနဲ့ဆိုတော့ Private တော့ မဆန်ပေမယ့် ပျော်စရာကောင်းမှာကတော့ အမှန်ပါပဲ။

Source: Bookeventz

Featured Image: Theknot