တစ်ပတ်တာ ရက်သတ္တပတ်ဟာ လျင်လျင်မြန်မြန် ပဲ ကုန်ဆုံးသွားပြန်ပါပြီ။ တစ်ပတ်တာ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ပင်ပန်းတွေကို ဖြေဖျောက်ဖို့ ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။ ပင်ပန်းနွမ်းနယ်မှုတွေကို ဘော်ဒါတွေနဲ့ဆုံပြီး အချိန်ကုန်ချင်တဲ့ မန္တလေးမြို့က ကွီးတို့အတွက်တော့ လေနုအေးလေးတွေကို ခံစားနိုင်တဲ့ မန္တလာမြေမှ Rooftops Bars အချို့ကိုဖော်ပြပေးချင်ပါတယ်။
(၁) Apex Sky Bar

Photo : Hotel Apex Mandalay
မန္တလာမြေမှ Rooftop Bars ထဲက ပထမဆုံးတစ်ခု ကတော့ Apex Sky Bar ပဲဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ အမြင့်ဆုံးခေါင်မိုးပေါ်ရှိ ဘားကို Apex Hotel ရဲ့ ၁၂ လွှာတွင် ဆောက်လုပ်ထားပြီး နေဝင်ချိန် ဆယ်လ်ဖီရိုက်ဖို့ နေရာကောင်း ဖြစ်ပါတယ်။ အဖျော်ယမကာများ၊ ကော့လ်တေးများနဲ့ အရသာရှိသော အာရှနှင့် အနောက်တိုင်း အစားအစာတွေကိုလည်း ဝန်ဆောင်မှု ပေးပါတယ်။ လိပ်စာ ကတော့ ၃၅ လမ်း ၅၈ x ၅၉ လမ်းကြား တွင်တည်ရှိပြီး ညနေ ၅ နာရီခွဲကနေ ည ၉ နာရီခွဲ ထိဖွင့်လှစ်ပါတယ်။
(၂) Brolly Sky Bar Restaurant

Photo : Brolly Sky Bar Restaurant Facebook Page
Brolly Sky Bar ဟာ မန္တလေးရှိ အခြား ဘားတွေထက် သေးပေမဲ့ မန္တလေးတောင်တန်း၊ ကျုံးနှင့် ရှမ်းတောင်တန်းများ၏ ရှုခင်းများကို ကောင်းကောင်းမြင်နိုင်ပါတယ်။ မျိုးစုံသော အရက်များ၊နဲ့ ချိုမြသော ကော့လ်တေးများ၊ အစားအစာလည်း စုံလင်ပါတယ်။ လိပ်စာ ကတော့ ၂၂ လမ်း ၆၅ လမ်း x ၆၆ လမ်းကြား ရှိပြီး မနက် ၁၁ နာရီမှ ည ၁၁ နာရီထိ ဖွင့်ပါတယ်။
(၃) Ayarwaddy River View Hotel Sky Bar

Photo : Trip Adiser
Ayarwaddy River View Hotel က ဧရာဝတီမြစ်ကမ်းစပ်ရှိ ကမ်းနားလမ်းတွင် တည်ရှိပြီး ၆ လွှာတွင် Sky Bar ကို ဖွင့်ထားပါတယ်။ မြစ်ကမ်းစပ်မှ နေဝင်ချိန်ကို စောင့်ကြည့်ရင်း နှစ်သက်ရာ ဘီယာနဲ့ ကော့လ်တေးမျိုးစုံ ကို သုံးဆောင်နိုင်ပါတယ်။
(၄) Nova Rooftop Bar

Photo : Nova Rooftop Bar Facebook
ကွီးတို့ အတွက် နောက်ထပ်ဖော်ပြချင်တဲ့ မန္တလာမြေမှ Rooftop Bars တွေထဲကတစ်ခုကတော့ Nova Rooftop Bars ပဲဖြစ်ပါတယ်။ အရသာရှိတဲ့ အစားအစာတွေကို စားရင်း မန္တလေးမြိုရဲ့ လှပတဲ့နေဝင်ချိန်ဆည်းဆာကို ကြည့်ရှု ခံစားလို့ရပါတယ်။ လိပ်စာကတော့ ၃၂ လမ်း၊ ၈၅ x ၈၆ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၄:၃၀ ကနေ ည ၁၁ နာရီထိပဲ ဖြစ်ပါတယ်။
ကွီးတို့ရေ လေနုအေးလေးတွေကို ခံစားရင်း အေးချမ်းမှုကိုခံစားနိုင်မဲ့ မန္တလာမြေမှ အခြား Rooftop Bars တွေလည်း ရှိပါသေးတယ်။ ကွီးတို့ နှစ်သက်တဲ့ Rooftop Bars မှာ အပန်းဖြေနိုင်ပါတယ်။
Feaured Photo : Nova Rooftop Bar Facebook Page
