ကိတ်မုန့်များသည် မွေးနေ့ပွဲကျင်းပချင်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပြီး အရသာထူးကဲကောင်းမွန်ပြီး ကိတ်မုန့်သားက နူးအိကာ စားလို့ကောင်းတဲ့ ကိတ်မုန့်တစ်ခုဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ ရန်ကုန် မြို့တွင်းရှိ အရသာထူးကဲကောင်းမွန်တဲ့ ကိတ်မုန့် ဆိုင်များ၊ ပေါင်မုန့်ဆိုင်များကို ရှာဖွေနေပါသလား။
အခုဖော်ပြပေးမယ့် ဆိုင်တွေကတော့ ရန်ကုန် မြို့တွင်းရှိ အကောင်းဆုံး ကိတ်မုန့် ပေါင်မုန့်ဆိုင်များပဲဖြစ်ပါတယ်။ တစ်ခါစားပြီးသွားတာနဲ့ နောက်တစ်ကြိမ်လောက် ထပ်စားချင်အောင် ဆွဲဆောင်နေပြီး Bakery အစားအစာရောင်းချလျက်ရှိသော ဆိုင်တွေပဲဖြစ်ပါတယ်။
Yangon Bakehouse

Photo: Mmtimes
ဒီဆိုင်လေးကတော့ ကမ္ဘာအေး ဘုရားလမ်း၊ ပုလဲကွန်နီအဆောက်အအုံရဲ့ မြေညီထပ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၇ နာရီကနေ ည ၇ နာရီအထိဖြစ်ပါတယ်။ ပေါင်မုန့်များ၊ ကိတ်မုန့်များအပြင် ကော်ဖီမျိုးစုံ၊ သစ်သီးအချိုပွဲမျိုးစုံကိုလည်း မှာယူစားသုံးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄ ဒေါ်လာကနေ ၁၁ ဒေါ်လာအထိ အစားစား ရှိပါတယ်။
Shwe Pu Zun Cafeteria & Bakery House

Photo: MYANMORE
ရွှေပုစွန်ကတော့ နှစ်ပေါင်းများစွာရှိပြီဖြစ်တဲ့ သက်တမ်းရင့် ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ခွဲများ အများအပြားရှိပြီး ဒီဆိုင်လေးကတော့ အနေရထာလမ်း၊ လမ်းမတော်မြို့နယ်မှာ တည်ရှီတာဖြစ်ပါတယ်။ ကိတ်မုန့်များ၊ ပေါင်မုန့်များ၊ ရေခဲမုန့်၊ ဖာလူဒါ အစရှိတဲ့ အချိုပွဲများကို အရသာရှိရှိနဲ့ သင့်တင့်မျှတတဲ့ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ပါတယ်။
Home Sweet Home

Photo: MYANMORE
ဒီဆိုင်လေးကတော့ နေ့လည် ၁၂ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားတဲ့ ဆိုင်ဖြစ်ပြီး Strand လမ်းမပေါ်မှာ တည်ရှိပါတယ်။ ထိုဆိုင်လေးမှာတော့ အချိုပွဲမျိုးစုံကို ခမ်းနားလှပတဲ့ Planting မျိုးစုံနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁ ဒေါ်လာကနေ ၅ ဒေါ်လာအထိ အစားစားရှိပါတယ်။
Daren Bread

Photo: Tripadvisor
ဒီဆိုင်လေးကတော့ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၈ နာရီကနေ ည ၉ နာရီအထိဖြစ်ပါတယ်။ သူ့ဆီမှာ ရောင်းချလျက်ရှိတဲ့ ကိတ်မုန့်များ၊ ပေါင်မုန့်များသည် နူးနူးညံ့ညံ့လေးနဲ့ စားလို့အင်မတန်အရသာရှိပါတယ်။
Aura Mille Crepe Cake Care

Photo: Tripadvisor
ဒီဆိုင်လေးကတော့ ကျောက်ကုန်းလမ်း၊ ရန်ကင်းမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီခွဲအထိဖွင့်ပါတယ်။ သူကတော့ Rating ကောင်းကောင်းရထားတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ စားသုံးသူတော်တော်များများလည်း နှစ်ခြိုက်သဘောကျကြပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃ ဒေါ်လာကနေ ၆ ဒေါ်လာအထိရှိပါတယ်။
La Vie En Rose

Photo: Aaypages
ဒီဆိုင်လေးကတော့ မြေနီကုန်း၊ ဗားကရာလမ်းအနီး၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး လူကြိုက်များတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ အေးအေးဆေးဆေးလေးနဲ့ ထိုင်ချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို ရွေးသင့်ပါတယ်။
Bread Talk

Photo: Tripadvisor
ရန်ကုန်မြို့အနှံ့ ဆိုင်ခွဲပေါင်းစုံရှိပြီး သူ့မှာရောင်းတဲ့ ဆင်းဒဝှစ်ချ်များကလည်း လတ်လတ်ဆတ်ဆတ်နဲ့ စားလို့ကောင်းပါတယ်။ အခြားသော ပေါင်မုန့်များကလည်း အရသာနူးအိနေပြီး စားလို့ရှယ်ကောင်းပါတယ်။ ကော်ဖီမျိုးစုံ၊ အအေးမျိုးစုံလည်း ဝယ်ယူရရှိနိုင်ပါသေးတယ်။
Kudos Bakery

Photo: Tripadvisor
ဒီဆိုင်လေးကတော့ ပုစွန်တောင်မြို့နယ်မှာ တည်ရှိပြီး ဆိုင်မှာရောင်းချလျက်ရှိတဲ့ Bakery အစားအစာများကလည်း အရသာထူးကဲကောင်းမွန်လှပါတယ်။ ဈေးနှုန်းတွေကတော့ ၂၀၀၀ ဝန်းကျင်မှစပြီး ၈၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။
Source: Tripadvisor
Featured Image: Phuket
