လှည်းတန်း မှာ ဘယ်ဆိုင်တွေ ထိုင်လို့ကောင်းလဲ မေးထားကြတဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ဘော်ဒါတွေ နဲ့ Chill ချင်လို့ပဲ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ နှစ်ယောက်တည်း ဒိတ်ချင်လို့ပဲ ဖြစ်ဖြစ် လှည်းတန်း အနီးတဝိုက်က ထိုင်လို့ကောင်းတဲ့ ကွက်ပျောက် Bar လေးတွေကို ညွှန်းပေးချင်ပါတယ်။
(၁) Intercon Bar and Bistro
Photo : Intercon Bar and Bistro
ဒီဆိုင်လေးကတော့ လှည်းတန်းလမ်းမကြီး ၊ တာလီရွှေဆိုင်နောက်ကြောဘက် ၊ မဟာဆိုရှယ်လမ်းပေါ်မှာ ရှိတဲ့ Intercon Bar and Bistro ဆိုတဲ့ ဆိုင်လေးပါ။ ဆိုင်ဖွင့်တာ ရက်ပိုင်းပဲရှိသေးတဲ့ လုံးဝအသစ်စက်စက် အမိုက်စား Bar လေး ဖြစ်ပါတယ်။ တစ်ဆိုင်လုံးက မီးရောင်ခပ်မှိန်မှိန်လေးနဲ့ အမှိုင်းလေး။ ဆိုင်အပြင်အဆင်က လုံးဝရိုးရိုးရှင်းရှင်းလေးနဲ့ အထာကျတယ်။ ကိုယ့်လူနဲ့ကို သီးသီးသန့်သန့် Chill ချင်တဲ့ သူတွေအတွက်လည်း Vip Room လေးတွေ စီစဉ်ပေးထားတယ်။ အစားအသောက်တွေ စုံတယ် ၊ ကော့လ်တေးနဲ့ သောက်စရာ Drinks တွေ ရွေးချယ်စရာ အစုံရှိတယ်။ အစားအသောက် ဈေးနှုန်းလေးတွေကလည်း တော်တော်လေးသင့်တဲ့ အထဲမှာပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၃၀) ၊ လှည်းတန်း တာလီရွှေဆိုင်အနောက် ၊ မဟာဆိုရှယ်လမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
(၂) Fresh Restaurant And Bar
Photo : Fresh Restaurant And Bar
ဒီဆိုင်လေးကတော့ လူငယ်တွေလုံးဝ အကြိုက်တွေ့စေမယ့် လှည်းတန်း ၊ ထန်းတပင်လမ်းပေါ်က အမိုက်စား Bar လေးပါ။ ဆိုင်လေးက ခပ်သေးသေးဆိုပေမယ့် အစားအသောက်ကောင်းတွေရော ၊ အမိုက်စားဖျော်ဖြေရေး အစီအစဉ်တွေပါ တစ်နေရာတည်းမှာ အစုံရနိုင်တဲ့ ပျော်စရာ နိဗ္ဗာန်ဘုံ အသေးစားလေး ဖြစ်ပါတယ်။ ဆိုင်အပြင်အဆင် Decoration က တော်တော်လေး လူငယ်ဆန်ပြီး လွတ်လပ်ပေါ့ပါးမှု အပြည့်ရှိတယ်။ အစားအသောက်တွေ အရသာတော်တော်လေးကောင်းပြီး စုံလင်တယ်။ ဒီဆိုင်မှာ အကင်နဲ့ အထောင်း ဟင်းပွဲတွေ တော်တော်လေးလူကြိုက်များတယ်။ Drinks တွေထဲမှာဆိုရင် ကော့လ်တေး ၊ ဘီယာ ၊ အပြင်း ရွေးချယ်စရာ အစုံရှိတယ်။ အပတ်စဉ် Unplugged ဖျော်ဖြေမှုအစီအစဉ်လေးတွေလည်းရှိတော့ ဘာလိုသေးလဲ။ ဆိုင်လိပ်စာက အမှတ် (၁၇) ၊ ထန်းတပင်လမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
(၃) Eco “Café & Bistro” – Hledan , San Yeik Nyein 5th Street
Photo : Eco “Café & Bistro” – Hledan , San Yeik Nyein 5th Street
ဒီဆိုင်လေးကတော့ လှည်တန်းအနီးအနားက လူငယ်တွေရဲ့ ဆုံမှတ်လို့ ပြောရလောက်တဲ့ ခပ်မိုက်မိုက် Bar လေး ဖြစ်ပါတယ်။ Bar ထိုင်ရင် ဆူဆူညံညံတွေ မဟုတ်ပဲ အဲကွန်းအေးအေးလေးနဲ့ လုံးဝ အေးအေးဆေးဆေး Chill ချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက်ကတော့ ဒီဆိုင်လေးက အကြိုက်တွေ့စေမှာ သေချာပါတယ်။ ဓာတ်ဖမ်းချင်တဲ့ သူတွေအတွက် လူငယ်ဆန်ဆန် အလန်းစား Decoration အပြင်အဆင်တွေရှိသလို အရသာရှိတဲ့ အစားအသောက်တွေ စုံလင်တဲ့အပြင်ကိုမှ နာမည်ကြီး Aritst တွေရဲ့ Unplugged ဖျော်ဖြေမှုအစီအစဉ်တွေကလည်း လုံးဝအမိုက်စားဆိုတော့ အစားအသောက်ကောင်းတွေ မြည်းစမ်းရင်း ဂီတသံစဉ်တွေနဲ့ လိုက်ပါစီးမြောခံစားနိုင်မယ့် ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်လိပ်စာက အမှတ် ၄၂ ၊ စံရိပ်ငြိမ် ၅ လမ်း ၊လှည်းတန်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
Featured Photo : Eco “Café & Bistro” – Hledan , San Yeik Nyein 5th Street